လာမယ့်ရာသီ ပရီးမီးယားလိဂ်ပွဲတွေမှာ ကွင်းထဲ ပရိသတ်တွေ ဘယ်လောက် ဝင်ခွင့်ပေးမလဲဆိုတာကို တွက်ချက်မှုတွေ စတင်နေပြီး အန်ဖီးကွင်းကတော့ ပွဲနေ့တွေမှာ ပရိသတ် ၂၁၆၂၉ ဦး ဝင်ခွင့်ပေးမယ်လို့ သိရပါတယ်။

ဗြိတိန်ဟာ လာမယ့်ရာသီမှာ ကွင်းထဲ ပရိသတ်ဝင်ခွင့် ပေးဖို့တွေ ခွင့်ပြုသွားဖို့ စီစဉ်နေပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အစပိုင်းတွေမှာ ကွင်းထဲ ပရိသတ် ၄၀% ထက် ပိုဝင်ခွင့် ရှိမှာ မဟုတ်ပါဘူး။ ချန်ပီယံဆုကို ကာကွယ်ရမယ့် လီဗာပူးအတွက်တော့ အန်ဖီးကွင်းထဲ ပရိသတ်တွေ ပြန်ဝင်ခွင့်ရမှာက အင်အားကြီးတစ်ရပ် ဖြစ်လာပါမယ်။

Independent မှ သတင်းထောက် Miguel Delaney ရဲ့ ဖော်ပြမှုအရ ပရိသတ်တွေကို လုံလုံခြုံခြုံ အားပေးနိုင်ဖို့ကို လုပ်ဆောင်ဖို့ ကြိုးစားကြမယ်လို့ ဆိုတယ်။ လီဗာပူး အပါအဝင် ပရီးမီးယားလိဂ် ကလပ်တွေက ၅၀% ထိ ဝင်ခွင့်ပေးတာကို လိုချင်နေပါတယ်။ လောလောဆယ်ထိတော့ ပရိသတ် ၂၁၆၂၉ ဦး ဝင်ခွင့်ရမယ်လို့ ယာယီ တွက်ဆထားရတယ်။

လီဗာပူးက ကွင်းအတွင်း ပရိသတ်တွေ ဝင်ခွင့်ပေးဖို့ရာ သက်မှတ် စည်းကမ်းတွေကို လိုက်နာဖို့နဲ့ ပရိသတ်တွေ မက်စ် တပ်မတပ်ကို စစ်ဆေးဖို့ကို ဂျာမနီနည်းပညာကုမ္ပဏီကို အသုံးပြုဖို့ စကားပြောနေပြီး တစ်ပွဲကို ယူရို ၁ သိန်းထိ ကျသင့်မှာဖြစ်တယ်။ လီဗာပူးရဲ့ ကျယ်ဝန်းတဲ့ ကွင်းအနေအထားက ပရိသတ် ၂ သောင်းကျော်ကို လက်ခံဖို့ထိ အဆင်ပြေဖွယ် ရှိပါတယ်။

တစ်ကွင်းလုံးကို လူတွေ ဖြန့်ထိုင်ရမှာဖြစ်ပြီး အဝေးကွင်း ပရိသတ်တွေကိုတော့ ၁ ထောင် ဝန်းကျင် လက်ခံသွားဖွယ် ရှိပါတယ်။ ဒါပေမယ့် တရားဝင် သဘောတူညီမငတွေတော့ ရသေးတာ မဟုတ်ဘဲ ကြိုတင်ပြင်ဆင်မှုတွေနဲ့ အဆိုပါ ပြင်ဆင်မှုတွေကို တွက်ချက်မှုတွေ လုပ်နေဆဲဖြစ်ပါတယ်။

ZAWGYI

လာမယ့္ရာသီ ပရီးမီးယားလိဂ္ပြဲေတြမွာ ကြင္းထဲ ပရိသတ္ေတြ ဘယ္ေလာက္ ဝင္ခြင့္ေပးမလဲဆိုတာကို တြက္ခ်က္မႈေတြ စတင္ေနျပီး အန္ဖီးကြင္းကေတာ့ ပြဲေန႔ေတြမွာ ပရိသတ္ ၂၁၆၂၉ ဦး ဝင္ခြင့္ေပးမယ္လို႔ သိရပါတယ္။

ျဗိတိန္ဟာ လာမယ့္ရာသီမွာ ကြင္းထဲ ပရိသတ္ဝင္ခြင့္ ေပးဖို႔ေတြ ခြင့္ျပဳသြားဖို႔ စီစဥ္ေနျပီး ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ အစပိုင္းေတြမွာ ကြင္းထဲ ပရိသတ္ ၄၀% ထက္ ပိုဝင္ခြင့္ ရွိမွာ မဟုတ္ပါဘူး။ ခ်န္ပီယံဆုကို ကာကြယ္ရမယ့္ လီဗာပူးအတြက္ေတာ့ အန္ဖီးကြင္းထဲ ပရိသတ္ေတြ ျပန္ဝင္ခြင့္ရမွာက အင္အားၾကီးတစ္ရပ္ ျဖစ္လာပါမယ္။

Independent မွ သတင္းေထာက္ Miguel Delaney ရဲ႕ ေဖာ္ျပမႈအရ ပရိသတ္ေတြကို လံုလံုျခံဳျခံဳ အားေပးႏုိင္ဖို႔ကို လုပ္ေဆာင္ဖို႔ ၾကိဳးစားၾကမယ္လို႔ ဆိုတယ္။ လီဗာပူး အပါအဝင္ ပရီးမီးယားလိဂ္ ကလပ္ေတြက ၅၀% ထိ ဝင္ခြင့္ေပးတာကို လိုခ်င္ေနပါတယ္။ ေလာေလာဆယ္ထိေတာ့ ပရိသတ္ ၂၁၆၂၉ ဦး ဝင္ခြင့္ရမယ္လို႔ ယာယီ တြက္ဆထားရတယ္။

လီဗာပူးက ကြင္းအတြင္း ပရိသတ္ေတြ ဝင္ခြင့္ေပးဖို႔ရာ သက္မွတ္ စည္းကမ္းေတြကို လိုက္နာဖို႔နဲ႔ ပရိသတ္ေတြ မက္စ္ တပ္မတပ္ကို စစ္ေဆးဖို႔ကို ဂ်ာမနီနည္းပညာကုမၸဏီကို အသံုးျပဳဖို႔ စကားေျပာေနျပီး တစ္ပြဲကို ယူရို ၁ သိန္းထိ က်သင့္မွာျဖစ္တယ္။ လီဗာပူးရဲ႕ က်ယ္ဝန္းတဲ့ ကြင္းအေနအထားက ပရိသတ္ ၂ ေသာင္းေက်ာ္ကို လက္ခံဖို႔ထိ အဆင္ေျပဖြယ္ ရွိပါတယ္။

တစ္ကြင္းလံုးကို လူေတြ ျဖန္႔ထိုင္ရမွာျဖစ္ျပီး အေဝးကြင္း ပရိသတ္ေတြကိုေတာ့ ၁ ေထာင္ ဝန္းက်င္ လက္ခံသြားဖြယ္ ရွိပါတယ္။ ဒါေပမယ့္ တရားဝင္ သေဘာတူညီမငေတြေတာ့ ရေသးတာ မဟုတ္ဘဲ ၾကိဳတင္ျပင္ဆင္မႈေတြနဲ႔ အဆိုပါ ျပင္ဆင္မႈေတြကို တြက္ခ်က္မႈေတြ လုပ္ေနဆဲျဖစ္ပါတယ္။