ကြားရက်ဖြစ်တဲ့ ကြာသပတေးနေ့ မနက်မှာတော့ အမ်းမရိတ်ကွင်းမှာ လီဗာပူးဟာ အာဆင်နယ်နဲ့ သွားရောက် ယှဉ်ပြိုင်ကစားရဖို့ ရှိပါတယ်။

လီဗာပူးဟာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် ရမှတ် မလိုအပ်ပေမယ့်လည်း အင်္ဂလန်ရဲ့ ထုံးစံအတိုင်း ချန်ပီယံအသင်းကို ဖိအားတွေ တွန်းပေးနေပြီး စံချိန်တွေကို ဆက်ယူစေလိုနေတယ်။ ဒါအပြင် ဆာလက်၊ အယ်လီဆန်တို့ရဲ့ တစ်ဦးချင်း ဆုတံဆိပ်တွေကြောင့် မန်နေဂျာကလော့ပ်ဟာ လူစာရင်းထုတ်မှုမှာ အနည်းငယ် အခက်တွေ့ပြီး အရန်ကစားသမားတွေကို ထင်သလောက်ကြီး နေရာပေးလို့မရ ဖြစ်နေပါတယ်။

ဒီပွဲနဲ့ ပက်သက်လို့ လော်ရိုးကတော့ ” ဘန်လေကို လီဗာပူးအသင်း ရမှတ် ခွဲပေးလိုက်ရတာက သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ သူတို့ ရမှတ် ၁၀၀ ကို ကျော်လွန်ပြီး မန်စီးတီးရဲ့ စံချိန်ကို ချိုးဖျက်ဖို့ဆိုတာ ဖြစ်နိုင်ခြေရှိဆဲ အနေအထားဖြစ်ပါတယ်။ ဒါပေမယ့် ဒါက လီဗာပူးအသင်းအတွက် တွန်းအားကြီးတော့ ဖြစ်သွားမယ် မထင်ပါဘူး။

ဘန်လေနဲ့ပွဲမှာဆိုရင် လူငယ်ကစားသမားတွေကို ပွဲထွက်လူစာရင်းထဲ ထည့်မှုနဲ့အတူ မန်နေဂျာကလော့ပ်က နေရာပေးမှုတွေ လုပ်ခဲ့တယ်။ ချန်ပီယံဖြစ်ပြီးနောက် လီဗာပူးရဲ့ အကောင်းဆုံး ပွဲတွေကိုလည်း သိပ်မမြင်ရပါဘူး။

လန်ဒန်ဒါဘီပွဲမှာတော့ အာဆင်နယ်က အရင်လိုပါပဲ။ သူတို့ အနိုင်ရလောက်တဲ့ အနေအထား ရှိပေမယ့်လည်း အနိုင်မရခဲ့ဘူး။ ခံစစ်ကလည်း ညံ့ဖျင်းလွန်းတယ်။ သူတို့ရဲ့ ခံစစ်က အတော်လေး ဆိုးပါတယ်။ ကစားသမားတွေ အပြောင်းအလဲ မလုပ်ရင်တော့ ဒီလိုပဲ ဆက်ဖြစ်နေမှာပါ။

ဒီပွဲကတော့ တိုက်စစ် ဖွင့်ကစားကြတဲ့ပွဲ ဖြစ်လာနိုင်ပေမ့် လီဗာပူးရဲ့ နောက်ထပ် သရေပွဲဖြစ်ဖို့ များပါတယ် ” လို့ သုံးသပ်ခဲ့တယ်။

အာဆင်နယ်နဲ့ လီဗာပူးပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ ၁-၁ ဆိုတဲ့ သရေရလဒ် ထွက်မယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ၾကားရက္ျဖစ္တဲ့ ၾကာသပေတးေန႔ မနက္မွာေတာ့ အမ္းမရိတ္ကြင္းမွာ လီဗာပူးဟာ အာဆင္္နယ္နဲ႔ သြားေရာက္ ယွဥ္ျပိဳင္ကစားရဖို႔ ရွိပါတယ္။

လီဗာပူးဟာ ခ်န္ပီယံျဖစ္ခဲ့ျပီးေနာက္ ရမွတ္ မလိုအပ္ေပမယ့္လည္း အဂၤလန္ရဲ႕ ထံုးစံအတိုင္း ခ်န္ပီယံအသင္းကို ဖိအားေတြ တြန္းေပးေနျပီး စံခ်ိန္ေတြကို ဆက္ယူေစလိုေနတယ္။ ဒါအျပင္ ဆာလက္၊ အယ္လီဆန္တို႔ရဲ႕ တစ္ဦးခ်င္း ဆုတံဆိပ္ေတြေၾကာင့္ မန္ေနဂ်ာကေလာ့ပ္ဟာ လူစာရင္းထုတ္မႈမွာ အနည္းငယ္ အခက္ေတြ႔ျပီး အရန္ကစားသမားေတြကို ထင္သေလာက္ၾကီး ေနရာေပးလို႔မရ ျဖစ္ေနပါတယ္။

ဒီပြဲနဲ႔ ပက္သက္လို႔ ေလာ္ရိုးကေတာ့ ” ဘန္ေလကို လီဗာပူးအသင္း ရမွတ္ ခြဲေပးလိုက္ရတာက သိပ္ေတာ့ အံ့ၾသစရာ မဟုတ္ပါဘူး။ သူတို႔ ရမွတ္ ၁၀၀ ကို ေက်ာ္လြန္ျပီး မန္စီးတီးရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔ဆိုတာ ျဖစ္ႏုိင္ေျခရွိဆဲ အေနအထားျဖစ္ပါတယ္။ ဒါေပမယ့္ ဒါက လီဗာပူးအသင္းအတြက္ တြန္းအားၾကီးေတာ့ ျဖစ္သြားမယ္ မထင္ပါဘူး။

ဘန္ေလနဲ႔ပြဲမွာဆိုရင္ လူငယ္ကစားသမားေတြကို ပြဲထြက္လူစာရင္းထဲ ထည့္မႈနဲ႔အတူ မန္ေနဂ်ာကေလာ့ပ္က ေနရာေပးမႈေတြ လုပ္ခဲ့တယ္။ ခ်န္ပီယံျဖစ္ျပီးေနာက္ လီဗာပူးရဲ႕ အေကာင္းဆံုး ပြဲေတြကိုလည္း သိပ္မျမင္ရပါဘူး။

လန္ဒန္ဒါဘီပြဲမွာေတာ့ အာဆင္နယ္က အရင္လိုပါပဲ။ သူတို႔ အႏုိင္ရေလာက္တဲ့ အေနအထား ရွိေပမယ့္လည္း အႏုိင္မရခဲ့ဘူး။ ခံစစ္ကလည္း ညံ့ဖ်င္းလြန္းတယ္။ သူတို႔ရဲ႕ ခံစစ္က အေတာ္ေလး ဆိုးပါတယ္။ ကစားသမားေတြ အေျပာင္းအလဲ မလုပ္ရင္ေတာ့ ဒီလိုပဲ ဆက္ျဖစ္ေနမွာပါ။

ဒီပြဲကေတာ့ တိုက္စစ္ ဖြင့္ကစားၾကတဲ့ပြဲ ျဖစ္လာႏုိင္ေပမ့္ လီဗာပူးရဲ႕ ေနာက္ထပ္ သေရပြဲျဖစ္ဖို႔ မ်ားပါတယ္ ” လို႔ သံုးသပ္ခဲ့တယ္။

အာဆင္နယ္နဲ႔ လီဗာပူးပြဲအတြက္ ေလာ္႐ိုးရဲ႕ ခန႔္မွန္းရလဒ္ကေတာ့ ၁-၁ ဆိုတဲ့ သေရရလဒ္ ထြက္မယ္လို႔ ျဖစ္ပါတယ္။