၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း မန်စီးတီးရဲ့ ဥရောပဘဏ္ဍာရေးဆိုင်ရည စည်းမျဉ်း ချိုးဖောက်မှုအတွက် ယူအီးအက်ဖ်အေရဲ့ အရေးယူမှုအတွက် မန်စီးတီးရဲ့ အယူခံဝင်မှုကို အားကစားခုံရုံက အအောင်ပေးလိုက်ပြီဖြစ်ပါတယ်။

မန်စီးတီးဟာ ဥရောပပြိုင်ပွဲ ၂ ရာသီ ပါဝင်ကစားခွင့် ပိတ်ခံရမှု ဖြေလျော့ပေးခဲ့သလို ဒဏ်ကြေး ယူရို သန်း ၃၀ ဆောင်ရမယ့် ပြစ်ဒဏ်ကိုလည်း ယူရို ၁၀ သန်းထိ ချပေးခဲ့ပြီဖြစ်တယ်။ ဒါကြောင့် လာမယ့်ရာသီ ပရီးမီးယားလိဂ်ကနေ ချန်ပီယံလိဂ်ကို ဝင်ခွင့်ရမယ့် အသင်းတွေက ယခင်နှစ်တွေလိုပဲ ထိပ်ဆုံး ၄ သင်း ပြန်ဖြစ်ခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီး အယူခံဝင်မှု အနိုင်ရခြင်းကြောင့် ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းတွေ ဖောက်ဖျက်ရင် အရေးယူမယ် ဆိုတဲ့ ခပ်ကြီးကြီး ထုတ်ပြောထာမှုက ဟားစရာဖြစ်ခဲ့တယ်။ ယူအီးအက်ဖ်အေက မန်စီးတီးထံကရတဲ့ ဒဏ်ကြေးကို အခြားသော ဥရောပ ပြိုင်ပွဲတွေ ဝင်ခွင့်ရ အသင်းတွေကို ခွဲဝေပေးသွားဖို့ ရှိနေပါတယ်။

ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဝင်ခွင့်ရ အသင်းတွေကို မန်စီးတီးထံကရတဲ့ လျော်ကြေးအား ပမာဏ အသေးစားတွေနဲ့ ခွဲဝေပေးသွားမှာပါ။ ဒါဟာ ၂၀၁၄ တုန်းက ပီအက်ဂျီနဲ့ ဇင်းနစ်တွေကို ဒဏ်ကြေး ပေါင် သန်း ၂၀ တွေရိုက်ပြီး ဥရောပဝင်ခွင့်ရ အသင်းတွေကို ခွဲဝေပေးတဲ့ အနေအထားနဲ့ အတူတူပဲ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေက ဥရောပမှာ ဘဏ္ဍာရေးအားကိုးနဲ့ အသင်းငယ်တွေကို ဝါးမြိုသွားမယ့် လုပ်ရပ်ကို တားဆီးဖို့ ဘဏ္ဍာရေးစည်းမျဉ်း ထုတ်ပြန်ခဲ့တာဖြစ်ပေမယ့် တကယ်တမ်း ငွေနဲ့ ဝယ်ယူခံလိုက်ရတာကတော့ ယူအီးအက်ဖ်အေ ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတဲ့ လှောင်ပြောင်မှုတွေကတော့ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

ZAWGYI

၂၀၁၂ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အတြင္း မန္စီးတီးရဲ႕ ဥေရာပဘ႑ာေရးဆိုင္ရည စည္းမ်ဥ္း ခ်ိဳးေဖာက္မႈအတြက္ ယူအီးအက္ဖ္ေအရဲ႕ အေရးယူမႈအတြက္ မန္စီးတီးရဲ႕ အယူခံဝင္မႈကို အားကစားခံုရံုက အေအာင္ေပးလိုက္ျပီျဖစ္ပါတယ္။

မန္စီးတီးဟာ ဥေရာပျပိဳင္ပြဲ ၂ ရာသီ ပါဝင္ကစားခြင့္ ပိတ္ခံရမႈ ေျဖေလ်ာ့ေပးခဲ့သလို ဒဏ္ေၾကး ယူရို သန္း ၃၀ ေဆာင္ရမယ့္ ျပစ္ဒဏ္ကိုလည္း ယူရို ၁၀ သန္းထိ ခ်ေပးခဲ့ျပီျဖစ္တယ္။ ဒါေၾကာင့္ လာမယ့္ရာသီ ပရီးမီးယားလိဂ္ကေန ခ်န္ပီယံလိဂ္ကို ဝင္ခြင့္ရမယ့္ အသင္းေတြက ယခင္ႏွစ္ေတြလိုပဲ ထိပ္ဆံုး ၄ သင္း ျပန္ျဖစ္ခဲ့ျပီျဖစ္ပါတယ္။

မန္စီးတီး အယူခံဝင္မႈ အႏုိင္ရျခင္းေၾကာင့္ ယူအီးအက္ဖ္ေအရဲ႕ စည္းမ်ဥ္းေတြ ေဖာက္ဖ်က္ရင္ အေရးယူမယ္ ဆိုတဲ့ ခပ္ၾကီးၾကီး ထုတ္ေျပာထာမႈက ဟားစရာျဖစ္ခဲ့တယ္။ ယူအီးအက္ဖ္ေအက မန္စီးတီးထံကရတဲ့ ဒဏ္ေၾကးကို အျခားေသာ ဥေရာပ ျပိဳင္ပြဲေတြ ဝင္ခြင့္ရ အသင္းေတြကို ခြဲေဝေပးသြားဖို႔ ရွိေနပါတယ္။

ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ ဝင္ခြင့္ရ အသင္းေတြကို မန္စီးတီးထံကရတဲ့ ေလ်ာ္ေၾကးအား ပမာဏ အေသးစားေတြနဲ႔ ခြဲေဝေပးသြားမွာပါ။ ဒါဟာ ၂၀၁၄ တုန္းက ပီအက္ဂ်ီနဲ႔ ဇင္းနစ္ေတြကို ဒဏ္ေၾကး ေပါင္ သန္း ၂၀ ေတြရိုက္ျပီး ဥေရာပဝင္ခြင့္ရ အသင္းေတြကို ခြဲေဝေပးတဲ့ အေနအထားနဲ႔ အတူတူပဲ ျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအက ဥေရာပမွာ ဘ႑ာေရးအားကိုးနဲ႔ အသင္းငယ္ေတြကို ဝါးျမိဳသြားမယ့္ လုပ္ရပ္ကို တားဆီးဖို႔ ဘ႑ာေရးစည္းမ်ဥ္း ထုတ္ျပန္ခဲ့တာျဖစ္ေပမယ့္ တကယ္တမ္း ေငြနဲ႔ ဝယ္ယူခံလိုက္ရတာကေတာ့ ယူအီးအက္ဖ္ေအ ကိုယ္တိုင္ပဲျဖစ္တယ္ဆိုတဲ့ ေလွာင္ေျပာင္မႈေတြကေတာ့ ပ်ံ႔ႏွံ႔ေနတာ ျဖစ္ပါတယ္။