ဘန်လေကို သရေကျတဲ့ပွဲမှာ ဖာမင်နိုက သွင်းဂိုး မရယူနိုင်ခဲ့ပါဘူး။ သူ့ရဲ့ ဂိုးပေါက်ပျောက်မှု ကြာရှည်လာခြင်းက တိုက်စစ်သမား တစ်ဦးအတွက် ယုံကြည်မှုတွေ ကျဆင်းစေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖာမင်နိုရဲ့ နည်းစနစ်ပိုင်း ပံ့ပို့မှုကတော့ အစားထိုးဖို့ မလွယ်လှသေးပါဘူး။

လီဗာပူးက ဘန်လေကို သရေကျတဲ့ပွဲမှာ xG (သွင်းဂိုးရနိုင်ချေ) က ၂.၁၈ ရှိခဲ့ကာပါတယ်။ ဒါဟာ ဘန်လေကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ သြဂုတ်လ ပွဲမှာရှိတဲ့ xG ၁.၂၀ ထက် နှစ်ဆ ဝန်းကျင် ပိုများသလို ဒီရာသီ လီဗာပူးအသင်းရဲ့ ပျှမ်းမျှ xG ၂.၀၃ ထက်ကို ပိုများတာဖြစ်တယ်။

ဒါက ဘန်လေနဲ့ပွဲမှာ လီဗာပူးရဲ့ အဆုံးသတ်ပိုင်းက လိုအပ်ချက် အနည်းငယ်ရှိခဲ့လို့ သွင်းဂိုးမရခြင်းလို့ ဆိုနိုင်သလို ပြိုင်ဘက်ဂိုးသမား နစ်ပုပ် ကောင်းလွန်းခဲ့တာကြောင့်လည်း ဂိုးမရခဲ့တာ ဖြစ်နိုင်ပါတယ်။ ဖာမင်နိုဟာ ဂိုးပေါက်ပျောက်နေတာကြောင့် လီဗာပူးတိုက်စစ်က ဂိုးပေါက် ရှာမတွေ့ချိန်မှာ သွင်းဂိုးယူနိုင်စွမ်း နည်းတယ်ဆိုပြီး ဝေဖန်ခံမှုတွေရဲ့ ဦးတည်ရာဖြစ်လာခဲ့တယ်။

ဒါပေမယ့် လီဗာပူးရဲ့ နံပါတ် ၉ တိုက်စစ်မှူးဟာ အခွင့်အရေး ဖန်တီးမှု ၆ ကြိမ် ရှိခဲ့ပြီး အသင်းသားတွေထဲမှာ အမြင့်ဆုံးဖြစ်တယ်။ တိုက်စစ်ပိုင်း ချိတ်ဆက် လုပ်ဆောင်မှု၊ အသင်းဖော်တွေဖြစ်တဲ့ ဆာလက်၊ မာနေးကို ပံ့ပိုးပေးမှုဆိုတဲ့ ဘရာဇီးသားရဲ့ နည်းစနစ်ပိုင်း အံဝင်ဂွင်ကျမှုတွေကတော့ အရမ်းကို ကောင်းဆဲဖြစ်တယ်။ သူဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း နည်းစနစ်သမားအဖြစ် ဆက်ရှိနေပါတယ်။

ပြိုင်ဘက်ရဲ့ အနေအထားပေါ် မူတည်ပြီး ဖာမင်နိုက အစဉ်အလာ အထောင်တိုက်စစ်သမားနေရာနဲ့ false nine တိုက်စစ်နေရတွေကို ကစားပေးနေပပါတယ်။ လီဗာပူးအပေါ် သူ့ရဲ့ လွှမ်းမိုးမှုကြီးဟာ တိုက်စစ်ပိုင်း အချက်အလက်တွေမှာ သွားမပြပေမယ့် လွှမ်းမိုးမှု အားကောင်းနေဆဲပါ။ ယာဂင်ကလော့ပ်ရဲ့ တိုက်စစ် ဖွဲ့စည်းတည်ဆောက်ပုံက ဖာမင်နိုအပေါ် အားပြုနေရဆဲဖြစ်တယ်။

ဖာမင်နိုက သွင်းဂိုးနည်းပေမယ့် လီဗာပူးတိုက်စစ်က ပရီးမီးယားလိဂ်မှာ ဒုတိယ ဂိုးသွင်း အများဆုံး ဖြစ်နေဆဲပါ။ ဒီသွင်းဂိုးတွေက ကွင်းလယ်လူတွေထက် ပြိုင်ဘက် ခံစစ်သမားတွေရဲ့ အခြေအနေကို လေ့လာပြီး အသင်းဖော်တွေကို နည်းစနစ်ပိုင်း နေရာလွတ်တွေ ရစေဖို့ ဖန်တီးပေးတဲ့ ဖာမင်နိုအပေါ် အများကြီး မူတည်နေပါတယ်။

ဖာမင်နိုက ဂိုးသွင်းရဖို့ကို လောဘမကြီးခြင်းက မာနေး၊ ဆာလက်တို့ သွင်းဂိုး အများအပြား ရဖို့ရာ အထောက်အကူ ဖြစ်စေတယ်။ ဂိုးမရယူနိုင်တာကြောင့်နဲ့ ဖာမင်နိုလို နည်းစနစ် ကျွမ်းကျင်သူကို ဖယ်ထုတ်လိုက်ဖို့ဆိုတာ လီဗာပူးအတွက် မလွယ်ကူလှတဲ့ ကိစ္စအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ZAWGYI

ဘန္ေလကို သေရက်တဲ့ပြဲမွာ ဖာမင္ႏိုက သြင္းဂိုး မရယူႏုိင္ခဲ့ပါဘူး။ သူ႔ရဲ႕ ဂိုးေပါက္ေပ်ာက္မႈ ၾကာရွည္လာျခင္းက တိုက္စစ္သမား တစ္ဦးအတြက္ ယံုၾကည္မႈေတြ က်ဆင္းေစတာ ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ ဖာမင္ႏိုရဲ႕ နည္းစနစ္ပိုင္း ပံ့ပို႔မႈကေတာ့ အစားထိုးဖို႔ မလြယ္လွေသးပါဘူး။

လီဗာပူးက ဘန္ေလကို သေရက်တဲ့ပြဲမွာ xG (သြင္းဂိုးရႏုိင္ေခ်) က ၂.၁၈ ရွိခဲ့ကာပါတယ္။ ဒါဟာ ဘန္ေလကို ၃-၀ နဲ႔ အႏုိင္ရခဲ့တဲ့ ၾသဂုတ္လ ပြဲမွာရွိတဲ့ xG ၁.၂၀ ထက္ ႏွစ္ဆ ဝန္းက်င္ ပိုမ်ားသလို ဒီရာသီ လီဗာပူးအသင္းရဲ႕ ပွ်မ္းမွ် xG ၂.၀၃ ထက္ကို ပိုမ်ားတာျဖစ္တယ္။

ဒါက ဘန္ေလနဲ႔ပြဲမွာ လီဗာပူးရဲ႕ အဆံုးသတ္ပိုင္းက လိုအပ္ခ်က္ အနည္းငယ္ရွိခဲ့လို႔ သြင္းဂိုးမရျခင္းလို႔ ဆိုႏုိင္သလို ျပိဳင္ဘက္ဂိုးသမား နစ္ပုပ္ ေကာင္းလြန္းခဲ့တာေၾကာင့္လည္း ဂိုးမရခဲ့တာ ျဖစ္ႏုိင္ပါတယ္။ ဖာမင္ႏိုဟာ ဂိုးေပါက္ေပ်ာက္ေနတာေၾကာင့္ လီဗာပူးတိုက္စစ္က ဂိုးေပါက္ ရွာမေတြ႔ခ်ိန္မွာ သြင္းဂိုးယူႏုိင္စြမ္း နည္းတယ္ဆိုျပီး ေဝဖန္ခံမႈေတြရဲ႕ ဦးတည္ရာျဖစ္လာခဲ့တယ္။

ဒါေပမယ့္ လီဗာပူးရဲ႕ နံပါတ္ ၉ တိုက္စစ္မွဴးဟာ အခြင့္အေရး ဖန္တီးမႈ ၆ ၾကိမ္ ရွိခဲ့ျပီး အသင္းသားေတြထဲမွာ အျမင့္ဆံုးျဖစ္တယ္။ တိုက္စစ္ပိုင္း ခ်ိတ္ဆက္ လုပ္ေဆာင္မႈ၊ အသင္းေဖာ္ေတြျဖစ္တဲ့ ဆာလက္၊ မာေနးကို ပံ့ပိုးေပးမႈဆိုတဲ့ ဘရာဇီးသားရဲ႕ နည္းစနစ္ပိုင္း အံဝင္ဂြင္က်မႈေတြကေတာ့ အရမ္းကို ေကာင္းဆဲျဖစ္တယ္။ သူဟာ ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္း နည္းစနစ္သမားအျဖစ္ ဆက္ရွိေနပါတယ္။

ျပိဳင္ဘက္ရဲ႕ အေနအထားေပၚ မူတည္ျပီး ဖာမင္ႏိုက အစဥ္အလာ အေထာင္တိုက္စစ္သမားေနရာနဲ႔ false nine တိုက္စစ္ေနရေတြကို ကစားေပးေနပပါတယ္။ လီဗာပူးအေပၚ သူ႔ရဲ႕ လႊမ္းမိုးမႈၾကီးဟာ တိုက္စစ္ပိုင္း အခ်က္အလက္ေတြမွာ သြားမျပေပမယ့္ လႊမ္းမိုးမႈ အားေကာင္းေနဆဲပါ။ ယာဂင္ကေလာ့ပ္ရဲ႕ တိုက္စစ္ ဖြဲ႔စည္းတည္ေဆာက္ပံုက ဖာမင္ႏိုအေပၚ အားျပဳေနရဆဲျဖစ္တယ္။

ဖာမင္ႏိုက သြင္းဂိုးနည္းေပမယ့္ လီဗာပူးတိုက္စစ္က ပရီးမီးယားလိဂ္မွာ ဒုတိယ ဂိုးသြင္း အမ်ားဆံုး ျဖစ္ေနဆဲပါ။ ဒီသြင္းဂိုးေတြက ကြင္းလယ္လူေတြထက္ ျပိဳင္ဘက္ ခံစစ္သမားေတြရဲ႕ အေျခအေနကို ေလ့လာျပီး အသင္းေဖာ္ေတြကို နည္းစနစ္ပိုင္း ေနရာလြတ္ေတြ ရေစဖို႔ ဖန္တီးေပးတဲ့ ဖာမင္ႏိုအေပၚ အမ်ားၾကီး မူတည္ေနပါတယ္။

ဖာမင္ႏိုက ဂိုးသြင္းရဖို႔ကို ေလာဘမၾကီးျခင္းက မာေနး၊ ဆာလက္တို႔ သြင္းဂိုး အမ်ားအျပား ရဖို႔ရာ အေထာက္အကူ ျဖစ္ေစတယ္။ ဂိုးမရယူႏုိင္တာေၾကာင့္နဲ႔ ဖာမင္ႏိုလို နည္းစနစ္ ကၽြမ္းက်င္သူကို ဖယ္ထုတ္လိုက္ဖို႔ဆိုတာ လီဗာပူးအတြက္ မလြယ္ကူလွတဲ့ ကိစၥအျဖစ္ ရွိေနဆဲ ျဖစ္ပါတယ္။