မန်စီးတီးကို ဥရောပကနေ နှစ်ရာသီ ပွဲပယ်ဖို့ ကိစ္စအား အရေးယူဖို့ လုပ်ဆောင်ရာမှာ မအောင်မြင်ခဲ့တာက ဘောလုံးကမ္ဘာအတွက် မကောင်းတဲ့ ကိစ္စလို့ မန်နေဂျာယာဂင်ကလော့ပ်က ပေါ်တင် ထုတ်ပြောလိုက်ပါတယ်။

ဥရောပဘဏ္ဍာရေးစည်းမျဉ်းကို ဖောက်ဖျက်တဲ့ မန်စီးတီးကို ယူအီးအက်ဖ်အေက ဒဏ်ကြေး ယူရို သန်း ၃၀ နဲ့ ဥရောပ နှစ်ရာသီ ပွဲပယ် ချမှတ်ခဲ့တာပါ။ ဒါပေမယ့် အာကစားခုံရုံးကို မန်စီးတီး အယူခံဝင်မှုမှာ နှစ်ရာသီ ပွဲပယ်ကိစ္စကို ပယ်ဖျက်ပေးခဲ့သလို ဒဏ်ကြေးကိုလည်း ယူရို ၁၀ သန်းထိ လျော့ချပေးခဲ့တာ ဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်ကတော့ ငွေကြေးချမ်းသာတဲ့ နိုင်ငံနဲ့ ကလပ်တွေက အလိုရှိတဲ့အတိုင်း လုပ်ဆောင်ခွင့်ရတဲ့ သဘောဖြစ်သွားတာကြောင့် ဘောလုံးကမ္ဘာအတွက် မကောင်းတဲ့ကိစ္စပါလို့ တုန့်ပြန်လိုက်တာဖြစ်တယ်။

ကလော့ပ်က ‘ မနေ့က ဆုံးဖြတ်ချက်က ဘောလုံးလောကအတွက် နေ့ကောင်းတစ်ရက်လို့ ကျနော် မထင်ပါဘူး။ ဘဏ္ဍာရေးဆိုင်ရည စည်းမျဉ်းက သိပ်ကောင်းတဲ့ အိုင်ဒီယာပါ။ ကလပ်တွေနဲ့ ပြိုင်ပွဲတွေကို ကာကွယ်ပေးရာလည်း ကျပါတယ်။ ဒီတော့ ဘယ်သူကမှ အလွန်အကျွံ သုံးစွဲတာတွေ မလုပ်နိုင်သလို မှန်ကန်တဲ့ ရင်းမြစ်တွေကို အခြေခံပြီးပဲ သုံးစွဲတာတွေ လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

ကျနော်က ဂျာမနီက လာတာပါ။ ကျနော်ဟာ ခြားနားတဲ့ စနစ်ကို ကောင်းကောင်းမွန်မွန် သင်ကြားခြင်း ခံခဲ့ရတယ်။ ကျနေ်ာတို့မှာက အခုလို အသင်းပိုင်ရှင် အလုံးစုံပိုင်ဆိုင်တဲ့ တည်ဆောက်ပုံနဲ့ ခြားနားတဲ့ ကလပ်တွေဖြစ်ပါတယ်။ ဒီတော့ ဒီမှာလို ပြဿနာတွေက ကျနေ်ာတို့ ဂျာမနီမှာ မရှိပါဘူး။

ရာသီမစခင် ငွေကြေးဘယ်က ရသလဲဆိုတာ ရှင်းရှင်းလင်းလင်းရှိပါတယ်။ ကိုယ်မှာ လိုင်စင်ရှိဖို့ လိုတယ်။ လိုင်စင်မရှိရင် ပြိုင်ပွဲထဲ ပါဝင်လို့ မရပါဘူး။ ‘ လို့ ပြောဆိုခဲ့တာဖြစ်တယ်။

ဂျာမနီဟာ ကလပ်တွေကို ပရိသတ်တွေက ထိန်းချုပ်ခွင့်ရှိတဲ့ စနစ်နဲ့ သွားနေတဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်လို ကလပ်တွေကတောင် ဒီလို စည်းကမ်းတွေကို လိုက်နာရပြီး အခုဆိုရင်တော့ စည်းကမ်းကနေ ဖောက်ထွက်တဲ့ လိုက်ဇစ်လိုအသင်း ထွက်ပေါ်လာခဲ့ပြီဖြစ်သလို လိုက်ဇစ်ကလည်း ဂျာမနီမှာတော့ စည်းကမ်းဖောက်တဲ့ အသင်းအဖြစ် လူမုန်းခံရမှု အများဆုံး ဖြစ်ပါတယ်။

ZAWGYI

မန္စီးတီးကို ဥေရာပကေန ႏွစ္ရာသီ ပြဲပယ္ဖို႔ ကိစၥအား အေရးယူဖို႔ လုပ္ေဆာင္ရာမွာ မေအာင္ျမင္ခဲ့တာက ေဘာလံုးကမၻာအတြက္ မေကာင္းတဲ့ ကိစၥလို႔ မန္ေနဂ်ာယာဂင္ကေလာ့ပ္က ေပၚတင္ ထုတ္ေျပာလိုက္ပါတယ္။

ဥေရာပဘ႑ာေရးစည္းမ်ဥ္းကို ေဖာက္ဖ်က္တဲ့ မန္စီးတီးကို ယူအီးအက္ဖ္ေအက ဒဏ္ေၾကး ယူရို သန္း ၃၀ နဲ႔ ဥေရာပ ႏွစ္ရာသီ ပြဲပယ္ ခ်မွတ္ခဲ့တာပါ။ ဒါေပမယ့္ အာကစားခံုရံုးကို မန္စီးတီး အယူခံဝင္မႈမွာ ႏွစ္ရာသီ ပြဲပယ္ကိစၥကို ပယ္ဖ်က္ေပးခဲ့သလို ဒဏ္ေၾကးကိုလည္း ယူရို ၁၀ သန္းထိ ေလ်ာ့ခ်ေပးခဲ့တာ ျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ကေတာ့ ေငြေၾကးခ်မ္းသာတဲ့ ႏုိင္ငံနဲ႔ ကလပ္ေတြက အလိုရွိတဲ့အတိုင္း လုပ္ေဆာင္ခြင့္ရတဲ့ သေဘာျဖစ္သြားတာေၾကာင့္ ေဘာလံုးကမၻာအတြက္ မေကာင္းတဲ့ကိစၥပါလို႔ တုန္႔ျပန္လိုက္တာျဖစ္တယ္။

ကေလာ့ပ္က ‘ မေန႔က ဆံုးျဖတ္ခ်က္က ေဘာလံုးေလာကအတြက္ ေန႔ေကာင္းတစ္ရက္လို႔ က်ေနာ္ မထင္ပါဘူး။ ဘ႑ာေရးဆိုင္ရည စည္းမ်ဥ္းက သိပ္ေကာင္းတဲ့ အိုင္ဒီယာပါ။ ကလပ္ေတြနဲ႔ ျပိဳင္ပြဲေတြကို ကာကြယ္ေပးရာလည္း က်ပါတယ္။ ဒီေတာ့ ဘယ္သူကမွ အလြန္အကၽြံ သံုးစြဲတာေတြ မလုပ္ႏုိင္သလို မွန္ကန္တဲ့ ရင္းျမစ္ေတြကို အေျခခံျပီးပဲ သံုးစြဲတာေတြ လုပ္ႏုိင္ေတာ့မွာ ျဖစ္ပါတယ္။

က်ေနာ္က ဂ်ာမနီက လာတာပါ။ က်ေနာ္ဟာ ျခားနားတဲ့ စနစ္ကို ေကာင္းေကာင္းမြန္မြန္ သင္ၾကားျခင္း ခံခဲ့ရတယ္။ က်ေန္ာတို႔မွာက အခုလို အသင္းပိုင္ရွင္ အလံုးစံုပိုင္ဆိုင္တဲ့ တည္ေဆာက္ပံုနဲ႔ ျခားနားတဲ့ ကလပ္ေတြျဖစ္ပါတယ္။ ဒီေတာ့ ဒီမွာလို ျပႆနာေတြက က်ေန္ာတို႔ ဂ်ာမနီမွာ မရွိပါဘူး။

ရာသီမစခင္ ေငြေၾကးဘယ္က ရသလဲဆိုတာ ရွင္းရွင္းလင္းလင္းရွိပါတယ္။ ကိုယ္မွာ လုိင္စင္ရွိဖို႔ လိုတယ္။ လိုင္စင္မရွိရင္ ျပိဳင္ပြဲထဲ ပါဝင္လို႔ မရပါဘူး။ ‘ လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။

ဂ်ာမနီဟာ ကလပ္ေတြကို ပရိသတ္ေတြက ထိန္းခ်ဳပ္ခြင့္ရွိတဲ့ စနစ္နဲ႔ သြားေနတဲ့ ႏုိုင္ငံတစ္ခုျဖစ္တယ္။ ဘိုင္ယန္ျမဴးနစ္နဲ႔ ေဒါ့မြန္လို ကလပ္ေတြကေတာင္ ဒီလို စည္းကမ္းေတြကို လိုက္နာရျပီး အခုဆိုရင္ေတာ့ စည္းကမ္းကေန ေဖာက္ထြက္တဲ့ လိုက္ဇစ္လိုအသင္း ထြက္ေပၚလာခဲ့ျပီျဖစ္သလို လိုက္ဇစ္ကလည္း ဂ်ာမနီမွာေတာ့ စည္းကမ္းေဖာက္တဲ့ အသင္းအျဖစ္ လူမုန္းခံရမႈ အမ်ားဆံုး ျဖစ္ပါတယ္။