ပရီးမီးယားလိဂ်က လာမယ့်ရာသီအတွက် ကစားသမား အရောင်းအဝယ် ပြုလုပ်ဖို့ နွေဈေးကွက်ကို ဒီလထဲမှာ စတင် ဖွင့်လှစ်သွားဖို့ ရှိနေပါတယ်။

အတည်မပြု ရသေးပေမယ့် ဇူလိုင်လက ၂၇ ရက်နေ့ကနေ အောက်တိုဘာလ ၅ ရက်နေ့ထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဒီကာလတွေအတွင်းမှာ ကလပ်တွေက ကစားသမား ခေါ်ယူမှုတွေကို စိတ်ကြိုက် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဈေးကွက် စဖွင့်တဲ့ အချိန်ဟာ ဒီရာသီ အပြီးသတ်တဲ့ ရက်စွဲအပြီး နောက်တစ်ရက် ဖြစ်ပါတယ်။

ကလပ်တွေကို ကစားသမားသစ် ခေါ်ယူမှုနဲ့ လူငယ်တွေ အငှားချမှုတွေကို ရှုပ်ထွေးဖို့ မရှိစေဖို့အတွက်လည်း အောက်တိုဘာလ ၅ ရက်နေ့ပြီးရင် နောက်ထပ် ၂ ပတ် ဈေးကွက် ဆက်ဖွင့်ပေးမှာပါ။ လက်ကျန် ၂ ပတ်မှာတော့ ပရီးမီးယားလိဂ်ကလပ်တွေက လူသစ် ခေါ်ယူခွင့်ရှိမှာ မဟုတ်ဘဲ အင်္ဂလန်ပြည်တွင်း ကစားသမား အငှားချမှုတွေကို လုပ်ဆောင်ခွင့် ရှိမှာဖြစ်တယ်။

ဒါကြောင့် ဇူလိုင်လ ၂၇ ရက်ကနေ အောက်တိုဘာလ ၅ ရက်နေ့အတွင်း ကစားသမား ခေါ်ယူမှုတွေကို အာရုံစိုက်ကာ အခြားသော ဥရောပလိဂ်တွေနဲ့အပြိုင် ဥရောပပြိုင်ပွဲတွေအတွက် နာမည်စာရင်းတင်မှုတွေ လုပ်နိုင်မှာဖြစ်တယ်။ ပြီးရင်တော့ လူငယ်တွေကို ပရီးမီးယားလိဂ်ရဲ့ အောက်အဆင့်တွေဖြစ်တဲ့ ပြည်တွင်းလိဂ်ကလပ်တွေထံ နောက်ထပ် ၂ ပတ်အတွင်း စိတ်ကြိုက် အငှားချခွင့် ရမှာဖြစ်တယ်။

ထွက်ပေါ်လာတဲ့ ရက်စွဲဟာ အခြားသော ဥရောပလိဂ်တွေရဲ့ နွေးဈေးကွက်ပိတ်မယ့် ရက်နဲ့ တူညီတာကြောင့် ကစားသမား ခေါ်ယူရေးတွေမှာ အဆင်ပြေဖို့ ရှိနေတယ်။ နိုင်ငံခြားသား ကစားသမားတွေကို ခေါ်ယူမှုကိစ္စတွေ အပြီးသတ်ပြီးရင် ကလပ်တွေထံ တိုက်ရိုက် ပူးပေါင်းဖို့ ကိစ္စအတွက်တော့ ကိုဗစ်ကင်းစင်ကြောင်း လက်မှတ်လို အာမခံတစ်ခုခုကို လုပ်ပေးဖွယ်ရှိပြီး အဲ့ကိစ္စတွေကို ဆက်လက် ဆွေးနွေးဦးမှာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္က လာမယ့္ရာသီအတြက္ ကစားသမား အေရာင္းအဝယ္ ျပဳလုပ္ဖို႔ ေႏြေစ်းကြက္ကို ဒီလထဲမွာ စတင္ ဖြင့္လွစ္သြားဖို႔ ရွိေနပါတယ္။

အတည္မျပဳ ရေသးေပမယ့္ ဇူလိုင္လက ၂၇ ရက္ေန႔ကေန ေအာက္တိုဘာလ ၅ ရက္ေန႔ထိ ဖြင့္လွစ္သြားမွာျဖစ္ျပီး ဒီကာလေတြအတြင္းမွာ ကလပ္ေတြက ကစားသမား ေခၚယူမႈေတြကို စိတ္ၾကိဳက္ ျပဳလုပ္ႏုိင္မွာ ျဖစ္ပါတယ္။ ေစ်းကြက္ စဖြင့္တဲ့ အခ်ိန္ဟာ ဒီရာသီ အျပီးသတ္တဲ့ ရက္စြဲအျပီး ေနာက္တစ္ရက္ ျဖစ္ပါတယ္။

ကလပ္ေတြကို ကစားသမားသစ္ ေခၚယူမႈနဲ႔ လူငယ္ေတြ အငွားခ်မႈေတြကို ရႈပ္ေထြးဖို႔ မရွိေစဖို႔အတြက္လည္း ေအာက္တိုဘာလ ၅ ရက္ေန႔ျပီးရင္ ေနာက္ထပ္ ၂ ပတ္ ေစ်းကြက္ ဆက္ဖြင့္ေပးမွာပါ။ လက္က်န္ ၂ ပတ္မွာေတာ့ ပရီးမီးယားလိဂ္ကလပ္ေတြက လူသစ္ ေခၚယူခြင့္ရွိမွာ မဟုတ္ဘဲ အဂၤလန္ျပည္တြင္း ကစားသမား အငွားခ်မႈေတြကို လုပ္ေဆာင္ခြင့္ ရွိမွာျဖစ္တယ္။

ဒါေၾကာင့္ ဇူလိုင္လ ၂၇ ရက္ကေန ေအာက္တိုဘာလ ၅ ရက္ေန႔အတြင္း ကစားသမား ေခၚယူမႈေတြကို အာရံုစိုက္ကာ အျခားေသာ ဥေရာပလိဂ္ေတြနဲ႔အျပိဳင္ ဥေရာပျပိဳင္ပြဲေတြအတြက္ နာမည္စာရင္းတင္မႈေတြ လုပ္ႏုိင္မွာျဖစ္တယ္။ ျပီးရင္ေတာ့ လူငယ္ေတြကို ပရီးမီးယားလိဂ္ရဲ႕ ေအာက္အဆင့္ေတြျဖစ္တဲ့ ျပည္တြင္းလိဂ္ကလပ္ေတြထံ ေနာက္ထပ္ ၂ ပတ္အတြင္း စိတ္ၾကိဳက္ အငွားခ်ခြင့္ ရမွာျဖစ္တယ္။

ထြက္ေပၚလာတဲ့ ရက္စြဲဟာ အျခားေသာ ဥေရာပလိဂ္ေတြရဲ႕ ေႏြးေစ်းကြက္ပိတ္မယ့္ ရက္နဲ႔ တူညီတာေၾကာင့္ ကစားသမား ေခၚယူေရးေတြမွာ အဆင္ေျပဖို႔ ရွိေနတယ္။ ႏုိင္ငံျခားသား ကစားသမားေတြကို ေခၚယူမႈကိစၥေတြ အျပီးသတ္ျပီးရင္ ကလပ္ေတြထံ တိုက္ရိုက္ ပူးေပါင္းဖို႔ ကိစၥအတြက္ေတာ့ ကိုဗစ္ကင္းစင္ေၾကာင္း လက္မွတ္လို အာမခံတစ္ခုခုကို လုပ္ေပးဖြယ္ရွိျပီး အဲ့ကိစၥေတြကို ဆက္လက္ ေဆြးေႏြးဦးမွာ ျဖစ္ပါတယ္။