လာမယ့်အပတ် ဗုဒ္ဒဟူးနေ့မှာ ယှဉ်ပြိုင်ရမယ့် ချယ်ဆီးနဲ့ပွဲမှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကို ကိုင်မြောက်ရမှာဖြစ်ပါတယ်။

အဆိုပါပွဲက ချယ်ဆီးအတွက်လည်း အင်မတန် အရေးပါတဲ့ ပွဲတစ်ပွဲဖြစ်ပြီး သူတို့က လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့အတွက် လက်ကျန် နှစ်ပွဲကို အနိုင်ရထားဖို့ လိုနေတာပါ။ ချယ်ဆီးကစားသမားဟောင်း ကိုလ်းကတော့ ပွဲနေ့မတိုင်ခင် လီဗာပူးအသင်းသားတွေ အောင်ပွဲခံမှုတွေ လုပ်ထားပြီး ပွဲကို အာရုံမကျဖို့ကို မျှော်လင့်တယ်လို့ ရယ်ရယ်မောမော ပြောပါတယ်။

ကိုလ်းက ‘ လီဗာပူးနဲ့ ဝုဗ်တို့က သိပ်ကောင်းတဲ့ အသင်းတွေ ဖြစ်ပါတယ်။ အန်ဖီးကို သွားတဲ့ အချိန်မှာ သူတို့က ပရီးမီးယားလိဂ်ဆုဖလား ကိုင်မြှောက်တော့မှာပါ။ ပွဲမတိုင်ခင် အပြင်ထွက်လည်ကြပြီး ပွဲနဲ့ ပက်သက်လို့ အာရုံစိုက်မနေကြဖို့ မျှော်လင့်ပါတယ်။

အန်ဖီးမှာ ယှဉ်ပြိုင်ရတဲ့ ပွဲတိုင်းက ခက်ခဲပါတယ်။ ချယ်ဆီးက ခံစစ်ကို အထိုင်ကစားပြီး အညှာအတာကင်းကင်း ကစားဖို့ လိုပါတယ်။ ဒီပွကို ယှဉ်ပြိုင်ကစားရာမှာ ခံစစ်ကို အသားပေးကစားရမယ်ဆိုတာ စိတ်ထဲ ထည့်ထားဖို့ လိုပါတယ် ‘ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းအတွက်ကတော့ မန်စီးတီးရဲ့ ရမှတ် ၁၀၀ စံချိန်ကို ချိုးဖျက်လိုရင် လက်ကျန်ပွဲ အားလုံးကို အနိုင်ကစားဖို့ လိုအပ်မှာဖြစ်ပေမယ့် အသင်းသားတွေ စံချိန်တွေကို ဂရုမစိုက်ပါဘဲ ဒဏ်ရာကင်းကင်း ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။

ZAWGYI

လာမယ့္အပတ္ ဗုဒၵဟူးေန႔မွာ ယွဥ္ျပိဳင္ရမယ့္ ခ်ယ္ဆီးနဲ႔ပြဲမွာေတာ့ လီဗာပူးဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံ ဆုဖလားကို ကိုင္ေျမာက္ရမွာျဖစ္ပါတယ္။

အဆိုပါပြဲက ခ်ယ္ဆီးအတြက္လည္း အင္မတန္ အေရးပါတဲ့ ပြဲတစ္ပြဲျဖစ္ျပီး သူတို႔က လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရဖို႔အတြက္ လက္က်န္ ႏွစ္ပြဲကို အႏုိင္ရထားဖို႔ လိုေနတာပါ။ ခ်ယ္ဆီးကစားသမားေဟာင္း ကိုလ္းကေတာ့ ပြဲေန႔မတိုင္ခင္ လီဗာပူးအသင္းသားေတြ ေအာင္ပြဲခံမႈေတြ လုပ္ထားျပီး ပြဲကို အာရံုမက်ဖို႔ကို ေမွ်ာ္လင့္တယ္လို႔ ရယ္ရယ္ေမာေမာ ေျပာပါတယ္။

ကိုလ္းက ‘ လီဗာပူးနဲ႔ ဝုဗ္တို႔က သိပ္ေကာင္းတဲ့ အသင္းေတြ ျဖစ္ပါတယ္။ အန္ဖီးကို သြားတဲ့ အခ်ိန္မွာ သူတို႔က ပရီးမီးယားလိဂ္ဆုဖလား ကိုင္ေျမွာက္ေတာ့မွာပါ။ ပြဲမတိုင္ခင္ အျပင္ထြက္လည္ၾကျပီး ပြဲနဲ႔ ပက္သက္လို႔ အာရံုစိုက္မေနၾကဖို႔ ေမွ်ာ္လင့္ပါတယ္။

အန္ဖီးမွာ ယွဥ္ျပိဳင္ရတဲ့ ပြဲတိုင္းက ခက္ခဲပါတယ္။ ခ်ယ္ဆီးက ခံစစ္ကို အထိုင္ကစားျပီး အညွာအတာကင္းကင္း ကစားဖို႔ လိုပါတယ္။ ဒီပြကို ယွဥ္ျပိဳင္ကစားရာမွာ ခံစစ္ကို အသားေပးကစားရမယ္ဆိုတာ စိတ္ထဲ ထည့္ထားဖို႔ လိုပါတယ္ ‘ လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးအသင္းအတြက္ကေတာ့ မန္စီးတီးရဲ႕ ရမွတ္ ၁၀၀ စံခ်ိန္ကို ခ်ိဳးဖ်က္လိုရင္ လက္က်န္ပြဲ အားလံုးကို အႏုိင္ကစားဖို႔ လိုအပ္မွာျဖစ္ေပမယ့္ အသင္းသားေတြ စံခ်ိန္ေတြကို ဂရုမစိုက္ပါဘဲ ဒဏ္ရာကင္းကင္း ကစားႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။