၂၀၁၄ ခုနှစ်မှာ လီဗာပူးအသင်းဟာ ဥရောပရဲ့ အလားအလာ အရှိဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် မာကိုဗစ်ကို ပေါင် သန်း ၂၀ ပေးပြီး ခေါ်ယူခဲ့ပါတယ်။

ဘင်ဖီကာမှာ တောက်ပခဲ့တဲ့ မာကိုဗစ်ဟာ လီဗာပူးအသင်းကနေ ဆွာရက်စ် ထွက်ခွာသွားအပြီး ဝင်ရောက်လာခဲ့တဲ့ မိုရီနို၊ လမ်ဘတ်၊ လိုဗရန်၊ လယ်လာနာ၊ အိုရီဂီ၊ မန်ကွီဟို၊ ဘာလော့တယ်လီတို့နဲ့ တစ်သုတ်ထဲလည်းဖြစ်တယ်။ လီဗာပူးရဲ့ အသွင်ပြောင်းမှုလို့ နာမည်ကြီးခဲ့တဲ့ ထိုကာလမှာ မာကိုဗစ်က စိတ်ဝင်စားဖွယ် ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။

ဥရောပရဲ့ အလားအလာအရှိဆုံး လူငယ်တွေထဲက တစ်ဦးလို့ ခေါ်ရမယ့် မာကိုဗစ်အတွက် ပြောင်းရွှေ့ကြေးရဲ့ ၅၀% ကို ဘင်ဖီကာထံ ပေးခဲ့ရပြီး ကျန်တစ်ဝက်ကတော့ ကစားသမားကို တစ်ဝက်ပိုင်တဲ့ အေးဂျင့် Pini Zahavi ကို ပေးခဲ့ရတာပါ။ အသက် ၂၀ အရွယ် တိုက်စစ်သမားကို လီဗာပူးမှာ ခြေစွမ်းပြဖို့ ပရိသတ်တွေကလည်း မျှော်လင့်ခဲ့ပါတယ်။

ဒါပေမယ့်လို့ ကလပ်အသင်းသမိုင်းမှာ နောင်တရချင်စရာ အကောင်းဆုံး ငွေဖြုန်းတီးမှုအဖြစ်ပဲ မှတ်တမ်းဝင်ခဲ့ပြီး သူဟာ လီဗာပူး ကစားသမာားဘဝမှာ ပွဲပေါင်း ၃၄ ပွဲ ကစားခွင့်ရကာ ၄ ကြိမ်တိုင် အငှားချခြင်း ခံခဲ့ရတယ်။ သူဟာ လီဗာပူးအသင်းမှာ လေးနှစ်ခွဲ ကျင်လည်ခဲ့ပြီး မန်နေဂျာယာဂင်ကလော့ပ် လက်အောက်မှာတောင် နေရာမရခဲ့ပါဘူး။

လီဗာပူးက သူ့အတွက် လုပ်ခ ပေါင် ၉.၇၅ သန်း အသုံးပြုခဲ့ရသလို စာချုပ် နောက်ဆုံး ကာလတွေမှာ လီဗာပူးနဲ့ ပြဿနာတွေ တက်တာကြောင့် ယူ-၂၃ အသင်းထံ ပို့ဆောင်ထားခြင်းပါ ခံခဲ့ရတယ်။ လီဗာပူးအတွက် မာကိုဗစ် ကစားပေးခဲ့တဲ့ ၃၄ ပွဲမှာ တစ်ပွဲအတွက် ပေါင် ၃၃၂၀၀၀ ကျသင့်ခဲ့ပါတယ်။

မာကိုဗစ်ဟာ လီဗာပူးရဲ့ အပြောင်းအရွှေ့ မအောင်မြင်မှုတွေထဲမှာ စံတစ်ခုဖြစ်ခဲ့ပြီး နောက်ပိုင်း ကစားသမား ခေါ်ယူမှုတွေမှာ မတူညီတဲ့ အချက်တွေနဲ့ စာချုပ်ပေးမှုတွေဟာ မာကိုဗစ်ကို ခေါ်ယူမှု အမှားတွေကနေ ရခဲ့တဲ့ သင်ခန်းစာတွေကို ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။

ZAWGYI

၂၀၁၄ ခုႏွစ္မွာ လီဗာပူးအသင္းဟာ ဥေရာပရဲ႕ အလားအလာ အရွိဆံုး ကစားသမားေတြထဲက တစ္ဦးအျဖစ္ မာကိုဗစ္ကို ေပါင္ သန္း ၂၀ ေပးျပီး ေခၚယူခဲ့ပါတယ္။

ဘင္ဖီကာမွာ ေတာက္ပခဲ့တဲ့ မာကိုဗစ္ဟာ လီဗာပူးအသင္းကေန ဆြာရက္စ္ ထြက္ခြာသြားအျပီး ဝင္ေရာက္လာခဲ့တဲ့ မိုရီႏို၊ လမ္ဘတ္၊ လိုဗရန္၊ လယ္လာနာ၊ အိုရီဂီ၊ မန္ကီြဟို၊ ဘာေလာ့တယ္လီတို႔နဲ႔ တစ္သုတ္ထဲလည္းျဖစ္တယ္။ လီဗာပူးရဲ႕ အသြင္ေျပာင္းမႈလို႔ နာမည္ၾကီးခဲ့တဲ့ ထိုကာလမွာ မာကိုဗစ္က စိတ္ဝင္စားဖြယ္ ကစားသမားတစ္ဦး ျဖစ္ခဲ့ပါတယ္။

ဥေရာပရဲ႕ အလားအလာအရွိဆံုး လူငယ္ေတြထဲက တစ္ဦးလို႔ ေခၚရမယ့္ မာကိုဗစ္အတြက္ ေျပာင္းေရႊ႔ေၾကးရဲ႕ ၅၀% ကို ဘင္ဖီကာထံ ေပးခဲ့ရျပီး က်န္တစ္ဝက္ကေတာ့ ကစားသမားကို တစ္ဝက္ပိုင္တဲ့ ေအးဂ်င့္ Pini Zahavi ကို ေပးခဲ့ရတာပါ။ အသက္ ၂၀ အရြယ္ တိုက္စစ္သမားကို လီဗာပူးမွာ ေျခစြမ္းျပဖို႔ ပရိသတ္ေတြကလည္း ေမွ်ာ္လင့္ခဲ့ပါတယ္။

ဒါေပမယ့္လို႔ ကလပ္အသင္းသမိုင္းမွာ ေနာင္တရခ်င္စရာ အေကာင္းဆံုး ေငြျဖဳန္းတီးမႈအျဖစ္ပဲ မွတ္တမ္းဝင္ခဲ့ျပီး သူဟာ လီဗာပူး ကစားသမာားဘဝမွာ ပြဲေပါင္း ၃၄ ပြဲ ကစားခြင့္ရကာ ၄ ၾကိမ္တိုင္ အငွားခ်ျခင္း ခံခဲ့ရတယ္။ သူဟာ လီဗာပူးအသင္းမွာ ေလးႏွစ္ခြဲ က်င္လည္ခဲ့ျပီး မန္ေနဂ်ာယာဂင္ကေလာ့ပ္ လက္ေအာက္မွာေတာင္ ေနရာမရခဲ့ပါဘူး။

လီဗာပူးက သူ႔အတြက္ လုပ္ခ ေပါင္ ၉.၇၅ သန္း အသံုးျပဳခဲ့ရသလို စာခ်ဳပ္ ေနာက္ဆံုး ကာလေတြမွာ လီဗာပူးနဲ႔ ျပႆနာေတြ တက္တာေၾကာင့္ ယူ-၂၃ အသင္းထံ ပို႔ေဆာင္ထားျခင္းပါ ခံခဲ့ရတယ္။ လီဗာပူးအတြက္ မာကိုဗစ္ ကစားေပးခဲ့တဲ့ ၃၄ ပြဲမွာ တစ္ပြဲအတြက္ ေပါင္ ၃၃၂၀၀၀ က်သင့္ခဲ့ပါတယ္။

မာကိုဗစ္ဟာ လီဗာပူးရဲ႕ အေျပာင္းအေရႊ႔ မေအာင္ျမင္မႈေတြထဲမွာ စံတစ္ခုျဖစ္ခဲ့ျပီး ေနာက္ပိုင္း ကစားသမား ေခၚယူမႈေတြမွာ မတူညီတဲ့ အခ်က္ေတြနဲ႔ စာခ်ဳပ္ေပးမႈေတြဟာ မာကိုဗစ္ကို ေခၚယူမႈ အမွားေတြကေန ရခဲ့တဲ့ သင္ခန္းစာေတြကို ထည့္သြင္းခဲ့တယ္လို႔ သိရပါတယ္။