လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ထားတဲ့ သီယေဂို အယ်ကန်တာရာဟာ ဂျာမနီကနေ ထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါပြီ။

ဘိုင်ယန်ဘက်ကလည်း ကွင်းလယ်လူ သီယေဂိုဟာ ၎င်းတို့ အသင်းကနေ ထွက်ခွာလိုနေတယ်လို့ ဝန်ခံထားတယ်။ အယ်ကန်တာရာဟာ ၂၀၂၁ ခုနှစ်ထိပဲ ဘိုင်ယန်နဲ့ စာချုပ်ရှိတာဖြစ်ပြီး စာချုပ်သစ်ပေးဖို့ ကြိုးစားပေမယ့်လည်း ကစားသမားက စိတ်ဝင်စားခြင်း မရှိတော့ဘူးလို့ သိထားရတာဖြစ်တယ်။

သီယေဂိုနဲ့ ပက်သက်လို့ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အားတက်သရော ဖြေဆိုပေးခြင်း မရှိသလို လီဗာပူးသတင်းထောက်တွေကလည်း အားရစရာ သတင်းမျိုးကို ပေးမလာသေးပါဘူး။ ဒါပေမယ့်လည်း ဘရာဇီးအနွယ်ဖြစ်တဲ့ စပိန်သားဟာ လီဗာပူးကို ပြောင်းမယ့် သတင်းတွေကတော့ ဆက်တိုက် ထွက်ရှိနေဆဲပါ။

Bild သတင်းဌာနကပဲ သီယေဂိုဟာ ဘိုင်ယန်က ၎င်းရဲ့ နေအိမ်ကို အရာင်းစာရင်း တင်ခဲ့တယ်လို့ ထုတ်ပြောလိုက်တာဖြစ်တယ်။ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ ၂၀၁၃ ခုနှစ်မှာ ပေါင် ၃၁ သန်းနဲ့ ပူးပေါင်းခဲ့တဲ့ ဂျာမနီ ချန်ပီယံအသင်းကနေ နယ်မြေသစ်ဖြစ်တဲ့ ပရီးမီးယားလိဂ်ကို ထွက်ခွာဖို့ စိတ်ပြင်းပြနေတာဖြစ်တယ်။

အဆိုပါ ဂျာမနီသတင်းကပဲ ဘိုင်ယန်က သက်မှတ် တောင်းဆိုဈေး ရှိပေမယ့် လီဗာပူးဘက်က ယူရို သန်း ၂၀ ထက် ပိုပေးဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ ဖော်ပြထားတယ်။ လက်ရှိ အချိန်ထိတော့ လီဗာပူးဘက်က တရားဝင် ကမ်းလှမ်းမှုမျိုး မလုပ်လာသေးသလို ခေါ်ယူဖို့အတွက် ကြိုးစားမလားအပေါ် ဆုံးဖြတ်ချက်လည်း မချရသေးဘူးလို့ သိရပါတယ်။

ZAWGYI

လီဗာပူးနဲ႔ အေျပာင္းအေရႊ႔ သတင္းေတြ ထြက္ထားတဲ့ သီေယဂို အယ္ကန္တာရာဟာ ဂ်ာမနီကေန ထြက္ခြာဖို႔ စိတ္ပိုင္းျဖတ္ထားခဲ့ပါျပီ။

ဘိုင္ယန္ဘက္ကလည္း ကြင္းလယ္လူ သီေယဂိုဟာ ၄င္းတို႔ အသင္းကေန ထြက္ခြာလိုေနတယ္လို႔ ဝန္ခံထားတယ္။ အယ္ကန္တာရာဟာ ၂၀၂၁ ခုႏွစ္ထိပဲ ဘိုင္ယန္နဲ႔ စာခ်ဳပ္ရွိတာျဖစ္ျပီး စာခ်ဳပ္သစ္ေပးဖို႔ ၾကိဳးစားေပမယ့္လည္း ကစားသမားက စိတ္ဝင္စားျခင္း မရွိေတာ့ဘူးလို႔ သိထားရတာျဖစ္တယ္။

သီေယဂိုနဲ႔ ပက္သက္လို႔ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အားတက္သေရာ ေျဖဆိုေပးျခင္း မရွိသလို လီဗာပူးသတင္းေထာက္ေတြကလည္း အားရစရာ သတင္းမ်ိဳးကို ေပးမလာေသးပါဘူး။ ဒါေပမယ့္လည္း ဘရာဇီးအႏြယ္ျဖစ္တဲ့ စပိန္သားဟာ လီဗာပူးကို ေျပာင္းမယ့္ သတင္းေတြကေတာ့ ဆက္တိုက္ ထြက္ရွိေနဆဲပါ။

Bild သတင္းဌာနကပဲ သီေယဂိုဟာ ဘိုင္ယန္က ၄င္းရဲ႕ ေနအိမ္ကို အရာင္းစာရင္း တင္ခဲ့တယ္လို႔ ထုတ္ေျပာလိုက္တာျဖစ္တယ္။ အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ၂၀၁၃ ခုႏွစ္မွာ ေပါင္ ၃၁ သန္းနဲ႔ ပူးေပါင္းခဲ့တဲ့ ဂ်ာမနီ ခ်န္ပီယံအသင္းကေန နယ္ေျမသစ္ျဖစ္တဲ့ ပရီးမီးယားလိဂ္ကို ထြက္ခြာဖို႔ စိတ္ျပင္းျပေနတာျဖစ္တယ္။

အဆိုပါ ဂ်ာမနီသတင္းကပဲ ဘိုင္ယန္က သက္မွတ္ ေတာင္းဆိုေစ်း ရွိေပမယ့္ လီဗာပူးဘက္က ယူရို သန္း ၂၀ ထက္ ပိုေပးဖို႔ စဥ္းစားမွာ မဟုတ္ဘူးလို႔ ေဖာ္ျပထားတယ္။ လက္ရွိ အခ်ိန္ထိေတာ့ လီဗာပူးဘက္က တရားဝင္ ကမ္းလွမ္းမႈမ်ိဳး မလုပ္လာေသးသလို ေခၚယူဖို႔အတြက္ ၾကိဳးစားမလားအေပၚ ဆံုးျဖတ္ခ်က္လည္း မခ်ရေသးဘူးလို႔ သိရပါတယ္။