ပရီးမီးယားလိဂ်က လာမယ့်ရာသီအတွက် ကစားသမား အရောင်းအဝယ် ပြုလုပ်ဖို့ နွေဈေးကွက်ကို ဒီလ ၂၇ ရက်နေ့ကနေ အောက်တိုဘာလ ၅ ရက်နေ့ထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဒီကာလတွေအတွင်းမှာ ကလပ်တွေက ကစားသမား ခေါ်ယူမှုတွေကို စိတ်ကြိုက် ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

လီဗာပူးကလည်း နွေဈေးကွက်ထဲ ဝင်ရောက်မယ်လို့ မျှော်လင့်ထားရတယ်။ ဒါပေမယ့်လို့ ခေါ်ယူမှု အများအပြားနဲ့အတူ အလုပ်များမယ့် ဈေးကွက်တစ်ခုကို မြင်ရမှာ မဟုတ်ဘဲ ကစားသမား ရှင်းထုတ်မှု အနည်းငယ်နဲ့ ခေါ်ယူမှု အနည်းအပြင် လူငယ်ရေးရာ ကိစ္စတွေ ပါဝင်တဲ့ ဈေးကွက်တစ်ခုကို ကျော်ဖြတ်သွားတာပဲ ဖြစ်နိုင်ပါတယ်။

ကိုရိုနာကပ်ဘေးကြောင့် လာမယ့်ရာသီမှာလည်း ကွင်းအတွင်း ပရိသတ် အကန့်အသတ်တွေကိုပဲ ဝင်ခွင့်ပေးရမှာက လီဗာပူးအတွက် ဘဏ္ဍာရေးပိုင်းကို စိစစ်သုံးစွဲရဖို့ အကြောင်းရင်းတစ်ခု ဖြစ်လာပါမယ်။

ကလော့ပ် ကိုယ်တိုင်က ထုတ်ပြောရာမှာ “ ကလပ်ကို အင်အားဖြည့်ဖို့အတွက် ငွေကြေးတွေ လိုပါတယ်။ ဒီအခြေအနေမှာတော့ အဲ့လို လုပ်ဖို့ရာ မသေချာပါဘူး။ အချို့ကလပ်တွေက လုပ်မှာဖြစ်ပေမယ့် အခြေအနေ မသေချာဘူးဆိုရင် ကျနေ်ာတို့ကလည်း အလိုရှိတဲ့အတိုင်း လုပ်နိုင်မှာ မဟုတ်ပါဘူး။

အသင်းလူစာရင်း တိုးတက်လာဦးမလား? ဖြစ်နိုင်ပါတယ် ဒါပေမယ့် ငွေကြေးတွေ ရမှပဲ ဖြစ်ပါမယ်။ ကျနေ်ာတို့ ကိုယ်တိုင်မှာလည်း အရည်အချင်းရှိ ကစားသမားတွေကို ပိုင်ဆိုင်ထားပြီး အသင်းလူစာရင်းကို ခြေလှမ်းကြီးတွေ လှမ်းနိုင်ဖို့ အကူအညီ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့တွေ အလိုရှိတဲ့အတိုင်း ခေါ်ယူမှုတွေ လုပ်မလားဆိုတာအတွက်ကတော့ ခက်ခဲလှပါတယ် ” လို့ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္က လာမယ့္ရာသီအတြက္ ကစားသမား အေရာင္းအဝယ္ ျပဳလုပ္ဖို႔ ေႏြေစ်းကြက္ကို ဒီလ ၂၇ ရက္ေန႔ကေန ေအာက္တိုဘာလ ၅ ရက္ေန႔ထိ ဖြင့္လွစ္သြားမွာျဖစ္ျပီး ဒီကာလေတြအတြင္းမွာ ကလပ္ေတြက ကစားသမား ေခၚယူမႈေတြကို စိတ္ၾကိဳက္ ျပဳလုပ္ႏုိင္မွာ ျဖစ္ေၾကာင္း ေၾကညာလိုက္ပါတယ္။

လီဗာပူးကလည္း ေႏြေစ်းကြက္ထဲ ဝင္ေရာက္မယ္လို႔ ေမွ်ာ္လင့္ထားရတယ္။ ဒါေပမယ့္လို႔ ေခၚယူမႈ အမ်ားအျပားနဲ႔အတူ အလုပ္မ်ားမယ့္ ေစ်းကြက္တစ္ခုကို ျမင္ရမွာ မဟုတ္ဘဲ ကစားသမား ရွင္းထုတ္မႈ အနည္းငယ္နဲ႔ ေခၚယူမႈ အနည္းအျပင္ လူငယ္ေရးရာ ကိစၥေတြ ပါဝင္တဲ့ ေစ်းကြက္တစ္ခုကို ေက်ာ္ျဖတ္သြားတာပဲ ျဖစ္ႏုိင္ပါတယ္။

ကိုရိုနာကပ္ေဘးေၾကာင့္ လာမယ့္ရာသီမွာလည္း ကြင္းအတြင္း ပရိသတ္ အကန္႔အသတ္ေတြကိုပဲ ဝင္ခြင့္ေပးရမွာက လီဗာပူးအတြက္ ဘ႑ာေရးပိုင္းကို စိစစ္သံုးစြဲရဖို႔ အေၾကာင္းရင္းတစ္ခု ျဖစ္လာပါမယ္။

ကေလာ့ပ္ ကိုယ္တိုင္က ထုတ္ေျပာရာမွာ “ ကလပ္ကို အင္အားျဖည့္ဖို႔အတြက္ ေငြေၾကးေတြ လိုပါတယ္။ ဒီအေျခအေနမွာေတာ့ အဲ့လို လုပ္ဖို႔ရာ မေသခ်ာပါဘူး။ အခ်ိဳ႕ကလပ္ေတြက လုပ္မွာျဖစ္ေပမယ့္ အေျခအေန မေသခ်ာဘူးဆိုရင္ က်ေန္ာတို႔ကလည္း အလိုရွိတဲ့အတိုင္း လုပ္ႏုိင္မွာ မဟုတ္ပါဘူး။

အသင္းလူစာရင္း တိုးတက္လာဦးမလား? ျဖစ္ႏုိင္ပါတယ္ ဒါေပမယ့္ ေငြေၾကးေတြ ရမွပဲ ျဖစ္ပါမယ္။ က်ေန္ာတို႔ ကိုယ္တိုင္မွာလည္း အရည္အခ်င္းရွိ ကစားသမားေတြကို ပိုင္ဆုိင္ထားျပီး အသင္းလူစာရင္းကို ေျခလွမ္းၾကီးေတြ လွမ္းႏုိင္ဖို႔ အကူအညီ ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ ခင္ဗ်ားတို႔ေတြ အလိုရွိတဲ့အတိုင္း ေခၚယူမႈေတြ လုပ္မလားဆိုတာအတြက္ကေတာ့ ခက္ခဲလွပါတယ္ ” လို႔ ျဖစ္ပါတယ္။