မန်နေဂျာ ယာဂင်ကလော့ပ်ပ မန်စီးတီးကို အားကစားခုံရုံးက အယူခံ အအောင်ပေးတဲ့ ကိစ္စဟာ ဘောလုံးလောကအပေါ် သက်ရောက်မှု ရှိလာလိမ့်မယ်လို့ ယူဆနေပါတယ်။

ဥရောပ ဘဏ္ဍာရေးစည်းမျဉ်းကို ထုတ်ပြန်ပြီးနောက်ပိုင်း မန်စီးတီးဟာ နှစ်ကြိမ်တိုင် အရေးယူခြင်း ခံရပြီဖြစ်ပေမယ့် နှစ်ကြိမ်လုံးမှာ နည်းပါးတဲ့ ပြစ်ဒဏ်တွေကိုပဲ ကျခံထားရတာပါ။ ဒါကြောင့် အနာဂတ်မှာတော့ ကလပ်တွေက ဘဏ္ဍာရေးဆိုင်ရာ ဟန်ချက်ညီမှု စည်းမျဉ်းက အလေးအနက် လိုက်နာစရာမလိုမယ့် စည်းမျဉ်းအဖြစ် ကျော်ခွဖို့ ကြိုးစားတော့မယ်လို့ ကလော့ပ်က မြင်ပါတယ်။

ကလော့ပ်က ” မန်စီးတီးအသင်း ငွေကြေးဆုံးရံှူးတာမျိုးတွေကို မဖြစ်စေလိုပါဘူး။ စည်းကမ်းသက်မှတ်ထားရင် ဒီစည်းကမ်းအတိုင်းပဲ ဖြစ်ရမှာပါ။ အကယ်လို့ ခင်ဗျားက ‘ လုပ်ပါကွား၊ ထားလိုက်စမ်းပါ၊ တစ်ယောက်ယောက် ငွေသုံးနေတာကို မမြင်သလို နေလိုက်ပါ’ ဆိုရင် ဘောလုံးလောကထဲကို ငွေကြေးချမ်းသားတဲ့ ပုဂ္ဂိုလ်တွေ ဝင်ရောက်လာပါလိမ့်မယ်။

ကိုယ်အသင်းရဲ့ ဝင်ငွေနဲ့တင် မဟုတ်တော့ပါဘူး။ တစ်စုံတစ်ယောက်က တစ်နှစ်ကို ပေါင် ၁ ဘီလီယမ်လောက် သုံးနိုင်တဲ့ ငွေကြေးရှိရင် သူတို့ သုံးပါတော့မယ်။ အထူးစည်းမျဉ်းတွေ ချမှတ်ထားပြီး အလိုရှိတဲ့အတိုင်း လုပ်နိုင်တဲ့ ဟာကွက်လေးတွေ လုပ်ထားပေးမယ်ဆိုရင် ကျနေ်ာတို့ အားလုံး ဒီကိစ္စအတွက် အဖြေရှာဖို့ လိုပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ ဟန်ချက်ညီမှုနဲ့ ပက်သက်လို့ ကျနေ်ာတို့ အာလုံး သဘောတူထားကြပြီး ဒီအတိုင်း လုပ်ဆောင်နေကြတာပါ။ စည်းမျဉ်းစည်းကမ်းတွေ ရှိထားပြီး ဒီစည်းကမ်းတွေကို လိုက်နာရမှာ ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်ကတော့ လီဗာပူးက ဝင်ငွေမရှိရင် ငွေသုံးမှာ မဟုတ်ကြောင်း ပြောဆိုတယ်။ ကုန်ခဲ့တဲ့ ၃ နှစ်အတွင်း လီဗာပူးက ပေါင် ၂၉ သန်း၊ ပေါင် ၁၀၆ သန်းနဲ့ ပေါင် ၃၉ သန်းတွေ အမြတ်အစွန်း ရထာားတာဖြစ်တယ်။ ဒီနွေမှာတော့ ကိုဗစ်ကာလအတွင်း ပရိသတ် ဝင်ခွင့်မရှိတဲ့ အနေအထားကြောင့် ဝင်ငွေတွေ နည်းမှာဖြစ်လို့ လီဗာပူးက အသုံးစရိတ် စိစစ်ဖွယ် ရှိပါတယ်။

ကလော့ပ်ကပဲ ” လီဗာပူးအတွက် ကျနော် စိတ်မပူပါဘူး။ ဒီနှစ်မှာ ပရီးမီးယားလိဂ်ဖလား အနိုင်ရတာအတွက် ပျော်မိပါတယ်။ စည်းမျဉ်းတွေ ပြောင်းလဲပြီး လူတိုင်း စိတ်ကြိုက် ငွေသုံးခွင့် ရလာခဲ့ရင် ဒီလောက် မလွယ်ကူတော့ပါဘူး။ မနှစ်တုန်းက ကျနေ်ာတို့ ရင်းနှီးမြုပ်နှံမှု မလုပ်ခဲ့ဘူး။ အဲ့တာက ကိုဗစ် မတိုင်ခင်ဖြစ်ပါတယ်။

ကျနေ်ာတို့မှာ ငွေရှိရင် ကျနေ်ာတို့ ငွေသုံးပါမယ်။ ကျနေ်ာတို့မှာ အသုံးစရိတ် ရှိမလားတော့ မသိသေးပါဘူး။ အများကြီး မသုံးတာလည်း ဖြစ်နိုင်ပါတယ်။ အခြေအနေက ဒီလိုပါပဲ ” လို့ ဆိုသွားပါတယ်။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ပ မန္စီးတီးကုိ အားကစားခံုရံုးက အယူခံ အေအာင္ေပးတဲ့ ကိစၥဟာ ေဘာလံုးေလာကအေပၚ သက္ေရာက္မႈ ရွိလာလိမ့္မယ္လို႔ ယူဆေနပါတယ္။

ဥေရာပ ဘ႑ာေရးစည္းမ်ဥ္းကို ထုတ္ျပန္ျပီးေနာက္ပိုင္း မန္စီးတီးဟာ ႏွစ္ၾကိမ္တိုင္ အေရးယူျခင္း ခံရျပီျဖစ္ေပမယ့္ ႏွစ္ၾကိမ္လံုးမွာ နည္းပါးတဲ့ ျပစ္ဒဏ္ေတြကိုပဲ က်ခံထားရတာပါ။ ဒါေၾကာင့္ အနာဂတ္မွာေတာ့ ကလပ္ေတြက ဘ႑ာေရးဆုိင္ရာ ဟန္ခ်က္ညီမႈ စည္းမ်ဥ္းက အေလးအနက္ လိုက္နာစရာမလိုမယ့္ စည္းမ်ဥ္းအျဖစ္ ေက်ာ္ခြဖုိ႔ ၾကိဳးစားေတာ့မယ္လို႔ ကေလာ့ပ္က ျမင္ပါတယ္။

ကေလာ့ပ္က ” မန္စီးတီးအသင္း ေငြေၾကးဆံုးရံွဴးတာမ်ိဳးေတြကို မျဖစ္ေစလိုပါဘူး။ စည္းကမ္းသက္မွတ္ထားရင္ ဒီစည္းကမ္းအတိုင္းပဲ ျဖစ္ရမွာပါ။ အကယ္လို႔ ခင္ဗ်ားက ‘ လုပ္ပါကြား၊ ထားလိုက္စမ္းပါ၊ တစ္ေယာက္ေယာက္ ေငြသံုးေနတာကို မျမင္သလို ေနလိုက္ပါ’ ဆိုရင္ ေဘာလံုးေလာကထဲကို ေငြေၾကးခ်မ္းသားတဲ့ ပုဂၢိဳလ္ေတြ ဝင္ေရာက္လာပါလိမ့္မယ္။

ကိုယ္အသင္းရဲ႕ ဝင္ေငြနဲ႔တင္ မဟုတ္ေတာ့ပါဘူး။ တစ္စံုတစ္ေယာက္က တစ္ႏွစ္ကို ေပါင္ ၁ ဘီလီယမ္ေလာက္ သံုးႏုိင္တဲ့ ေငြေၾကးရွိရင္ သူတို႔ သံုးပါေတာ့မယ္။ အထူးစည္းမ်ဥ္းေတြ ခ်မွတ္ထားျပီး အလိုရွိတဲ့အတိုင္း လုပ္ႏုိင္တဲ့ ဟာကြက္ေလးေတြ လုပ္ထားေပးမယ္ဆိုရင္ က်ေန္ာတို႔ အားလံုး ဒီကိစၥအတြက္ အေျဖရွာဖို႔ လိုပါတယ္။

ဘ႑ာေရးဆိုင္ရာ ဟန္ခ်က္ညီမႈနဲ႔ ပက္သက္လို႔ က်ေန္ာတို႔ အာလံုး သေဘာတူထားၾကျပီး ဒီအတိုင္း လုပ္ေဆာင္ေနၾကတာပါ။ စည္းမ်ဥ္းစည္းကမ္းေတြ ရွိထားျပီး ဒီစည္းကမ္းေတြကို လိုက္နာရမွာ ျဖစ္ပါတယ္ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ကေလာ့ပ္ကေတာ့ လီဗာပူးက ဝင္ေငြမရွိရင္ ေငြသံုးမွာ မဟုတ္ေၾကာင္း ေျပာဆိုတယ္။ ကုန္ခဲ့တဲ့ ၃ ႏွစ္အတြင္း လီဗာပူးက ေပါင္ ၂၉ သန္း၊ ေပါင္ ၁၀၆ သန္းနဲ႔ ေပါင္ ၃၉ သန္းေတြ အျမတ္အစြန္း ရထာားတာျဖစ္တယ္။ ဒီေႏြမွာေတာ့ ကိုဗစ္ကာလအတြင္း ပရိသတ္ ဝင္ခြင့္မရွိတဲ့ အေနအထားေၾကာင့္ ဝင္ေငြေတြ နည္းမွာျဖစ္လို႔ လီဗာပူးက အသံုးစရိတ္ စိစစ္ဖြယ္ ရွိပါတယ္။

ကေလာ့ပ္ကပဲ ” လီဗာပူးအတြက္ က်ေနာ္ စိတ္မပူပါဘူး။ ဒီႏွစ္မွာ ပရီးမီးယားလိဂ္ဖလား အႏုိင္ရတာအတြက္ ေပ်ာ္မိပါတယ္။ စည္းမ်ဥ္းေတြ ေျပာင္းလဲျပီး လူတိုင္း စိတ္ၾကိဳက္ ေငြသံုးခြင့္ ရလာခဲ့ရင္ ဒီေလာက္ မလြယ္ကူေတာ့ပါဘူး။ မႏွစ္တုန္းက က်ေန္ာတို႔ ရင္းႏွီးျမဳပ္ႏွံမႈ မလုပ္ခဲ့ဘူး။ အဲ့တာက ကိုဗစ္ မတိုင္ခင္ျဖစ္ပါတယ္။

က်ေန္ာတုိ႔မွာ ေငြရွိရင္ က်ေန္ာတို႔ ေငြသံုးပါမယ္။ က်ေန္ာတို႔မွာ အသံုးစရိတ္ ရွိမလားေတာ့ မသိေသးပါဘူး။ အမ်ားၾကီး မသံုးတာလည္း ျဖစ္ႏုိင္ပါတယ္။ အေျခအေနက ဒီလိုပါပဲ ” လို႔ ဆိုသြားပါတယ္။