မန်နေဂျာ ယာဂင်ကလော့ပ်က မန်စီးတီးကို အားကစားခုံရုံးက အယူခံ အအောင်ပေးတဲ့ ကိစ္စဟာ ဘောလုံးလောကအပေါ် သက်ရောက်မှု ရှိလာလိမ့်မယ်လို့ ယူဆနေကာ ဘောလုံးလောကထဲကို ငွေကြေးချမ်းသာတဲ့ ပုဂ္ဂိုလ်တွေ ဝင်ရောက်လာမယ်လို့ သုံးသပ်သွားပါတယ်။

ပရီးမီးယားလိဂ်က လာမယ့်ရာသီအတွက် ကစားသမား အရောင်းအဝယ် ပြုလုပ်ဖို့ နွေဈေးကွက်ကို ဒီလ ၂၇ ရက်နေ့ကနေ အောက်တိုဘာလ ၅ ရက်နေ့ထိ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။

လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ထားတဲ့ သီယေဂို အယ်ကန်တာရာဟာ ဂျာမနီကနေ ထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ထားဟန်တူပြီး သူ့ရဲ့ နေအိမ်ကို အရောင်းစာရင်း တင်လိုက်ပါပြီ။

ချယ်ဆီးကစားသမားဟောင်း ကိုလ်းက လာမယ့်အပတ် ဗုဒ္ဒဟူးနေ့မှာ ယှဉ်ပြိုင်ရမယ့် ချယ်ဆီးနဲ့ပွဲမှာ လီဗာပူးအသင်းသားတွေ အောင်ပွဲခံမှုတွေ လုပ်ထားပြီး ပွဲကို အာရုံမစိုက်ဖို့ မျှော်လင့်တယ်လို့ ရယ်ရယ်မောမော ပြောပါတယ်။

Bild သတင်းဌာနကတော့ ဘိုင်ယန်က သက်မှတ် တောင်းဆိုဈေး ရှိပေမယ့် လီဗာပူးဘက်က အယ်ကန်တာရာအတွက် ယူရို သန်း ၂၀ ထက် ပိုပေးဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ ဖော်ပြသွားတယ်။

လန်ဒန်ကိုသွားမယ့် ခရီးစဉ်ကိုတော့ မီလ်နာ ပါဝင်သွားဖွယ် မရှိပါဘူး။ ကွင်းလယ်လူဟာ လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်နေပေမယ့် အသေးစား ကြွက်သားဒဏ်ရာကနေ ပြန်သက်သာလာဖို့ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။

လီဗာပူးနဲ့ပွဲမှာ အာဆင်နယ်ဘက်က ချမ်ဘာ (ဒူး)၊ လီနို (ဒူး)၊ မာရီ (ခြေကျင်းဝတ်)၊ မာတင်နယ်လီ (ဒူး) ဒဏ်ရာတွေကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်သလို အန်ကတ်တီယားကတော့ လက်စတာနဲ့ပွဲ အနီကဒ်ကြောင့် လွဲမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းဟာ အသင်းသမိုင်းမှာ သမိုင်းဝင် အခမ်းအနားဖြစ်လာမယ့် နောက်ဆုံးသော အိမ်ကွင်းပွဲမှာ ပေးမယ့် ဆုပေးပွဲအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါပြီ။

ဘာစီလိုနာအသင်းဟာ ၎င်းတို့ ကွင်းလယ်လူ ကော်တင်ညိုကို ခေါ်ယူနိုင်တယ်လို့ အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ်ကလပ် အချို့ကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

မန်နေဂျာကလော့ပ်ကတော့ လာမယ့်ရာသီ အသင်းရဲ့ ဝင်ငွေအပေါ် မူတည်ပြီး ကစားသမားသစ် ခေါ်ယူရေးတွေကို လှုပ်ရှားမယ်လို့ ပြောပါတယ်။ ဝင်ငွေနည်းရင်တော့ ရင်းနှီးမြုပ်နှံမှုတွေ ရှိမှာ မဟုတ်ပါဘူး။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က မန္စီးတီးကုိ အားကစားခံုရံုးက အယူခံ အေအာင္ေပးတဲ့ ကိစၥဟာ ေဘာလံုးေလာကအေပၚ သက္ေရာက္မႈ ရွိလာလိမ့္မယ္လို႔ ယူဆေနကာ ေဘာလံုးေလာကထဲကို ေငြေၾကးခ်မ္းသာတဲ့ ပုဂၢိဳလ္ေတြ ဝင္ေရာက္လာမယ္လို႔ သံုးသပ္သြားပါတယ္။

ပရီးမီးယားလိဂ္က လာမယ့္ရာသီအတြက္ ကစားသမား အေရာင္းအဝယ္ ျပဳလုပ္ဖို႔ ေႏြေစ်းကြက္ကို ဒီလ ၂၇ ရက္ေန႔ကေန ေအာက္တိုဘာလ ၅ ရက္ေန႔ထိ ဖြင့္လွစ္သြားမွာျဖစ္ေၾကာင္း တရားဝင္ ေၾကညာလိုက္ပါတယ္။

လီဗာပူးနဲ႔ အေျပာင္းအေရႊ႔ သတင္းေတြ ထြက္ထားတဲ့ သီေယဂို အယ္ကန္တာရာဟာ ဂ်ာမနီကေန ထြက္ခြာဖို႔ စိတ္ပိုင္းျဖတ္ထားဟန္တူျပီး သူ႔ရဲ႕ ေနအိမ္ကို အေရာင္းစာရင္း တင္လုိက္ပါျပီ။

ခ်ယ္ဆီးကစားသမားေဟာင္း ကိုလ္းက လာမယ့္အပတ္ ဗုဒၵဟူးေန႔မွာ ယွဥ္ျပိဳင္ရမယ့္ ခ်ယ္ဆီးနဲ႔ပြဲမွာ လီဗာပူးအသင္းသားေတြ ေအာင္ပြဲခံမႈေတြ လုပ္ထားျပီး ပြဲကို အာရံုမစိုက္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ရယ္ရယ္ေမာေမာ ေျပာပါတယ္။

Bild သတင္းဌာနကေတာ့ ဘိုင္ယန္က သက္မွတ္ ေတာင္းဆိုေစ်း ရွိေပမယ့္ လီဗာပူးဘက္က အယ္ကန္တာရာအတြက္ ယူရို သန္း ၂၀ ထက္ ပိုေပးဖို႔ စဥ္းစားမွာ မဟုတ္ဘူးလို႔ ေဖာ္ျပသြားတယ္။

လန္ဒန္ကိုသြားမယ့္ ခရီးစဥ္ကိုေတာ့ မီလ္နာ ပါဝင္သြားဖြယ္ မရွိပါဘူး။ ကြင္းလယ္လူဟာ ေလ့က်င့္ေရးမွာ ျပန္လည္ ပါဝင္ေနေပမယ့္ အေသးစား ၾကြက္သားဒဏ္ရာကေန ျပန္သက္သာလာဖို႔ ျပန္လည္ ထူေထာင္ေရး လုပ္ငန္းစဥ္ေတြ လုပ္ေဆာင္ရဦးမွာ ျဖစ္ပါတယ္။

လီဗာပူးနဲ႔ပြဲမွာ အာဆင္နယ္ဘက္က ခ်မ္ဘာ (ဒူး)၊ လီႏို (ဒူး)၊ မာရီ (ေျခက်င္းဝတ္)၊ မာတင္နယ္လီ (ဒူး) ဒဏ္ရာေတြေၾကာင့္ ပါဝင္ကစားႏုိင္မွာ မဟုတ္သလို အန္ကတ္တီယားကေတာ့ လက္စတာနဲ႔ပြဲ အနီကဒ္ေၾကာင့္ လြဲမွာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးအသင္းဟာ အသင္းသမိုင္းမွာ သမိုင္းဝင္ အခမ္းအနားျဖစ္လာမယ့္ ေနာက္ဆံုးေသာ အိမ္ကြင္းပြဲမွာ ေပးမယ့္ ဆုေပးပြဲအတြက္ ၾကိဳတင္ ျပင္ဆင္မႈေတြ လုပ္ေဆာင္ေနပါျပီ။

ဘာစီလိုနာအသင္းဟာ ၄င္းတို႔ ကြင္းလယ္လူ ေကာ္တင္ညိဳကို ေခၚယူႏုိင္တယ္လို႔ အာဆင္နယ္ အပါအဝင္ ပရီးမီးယားလိဂ္ကလပ္ အခ်ိဳ႔ကို အေၾကာင္းၾကားထားတယ္လို႔ သိရပါတယ္။

မန္ေနဂ်ာကေလာ့ပ္ကေတာ့ လာမယ့္ရာသီ အသင္းရဲ႕ ဝင္ေငြအေပၚ မူတည္ျပီး ကစားသမားသစ္ ေခၚယူေရးေတြကို လႈပ္ရွားမယ္လို႔ ေျပာပါတယ္။ ဝင္ေငြနည္းရင္ေတာ့ ရင္းႏွီးျမဳပ္ႏွံမႈေတြ ရွိမွာ မဟုတ္ပါဘူး။