အာဆင်နယ်နဲ့ လီဗာပူးပွဲမှာ ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ တစ်ပွဲတည်း အမှားတွေ ကိုယ်စီလုပ်တဲ့ ကိစ္စ၊ အသင်းဟောင်းကို ရင်ဆိုင်ချိန်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ချိန်ဘာလိန် စသဖြင့် ပြောစရာတွေ ရှိနေပေမယ့် ဒီတစ်ကြိမ်မှာတော့ လီဗာပူးရဲ့ အရန်အင်အားအတွက် အဓိက ထောက်တိုက်တွေအကြောင်း ပြောမှာဖြစ်ပါတယ်။

အာဆင်နယ်ပွဲ ဒုတိယပိုင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ချိန်ဘာလိန်နေရာကို ကီတာဖြင့် လူစားလဲခဲ့တယ်။ ဒီနှစ်ဦးဟာ ပွဲထွက်ခွင့် ပြိုင်တူရတာထက် တစ်ဦးနေရာ တစ်ဦး အစားဝင်တာက ပိုများနေတာပါ။ မနှစ်ကရာသီမှာ နှစ်ဦးလုံးက ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပြီး ဒီရာသီမှာတော့ မန်နေဂျာကလော့က တူညီတဲ့ အခွင့်အရေးတွေ ပေးထားခဲ့တာဖြစ်တယ်။

လီဗာပူးအသင်း ချန်ပီယံမဖြစ်ခင်တည်းက သူတို့နှစ်ဦး အလှည့်ကျတွေ ထုတ်သုံးခဲ့ပြီး ခြေစွမ်း သိပ်မကွာခဲ့ဘူး။ ဒါပေမယ့် ဘောလုံးပွဲတွေ ပြန်စတင်ပြီးနောက်မှာ ချိန်ဘာလိန်ထက် ကီတာက ပိုမို ခြေစွမ်းပြလာနိုင်ပါတယ်။ အာဆင်နယ်ပွဲမှာလည်း ကီတာက ချိန်ဘာလိန်ကို ကျော်ပြီး နေရာမရခဲ့တာက အံ့အားသင့်စရာဖြစ်ခဲ့တယ်။

ကီတာဝင်လာပြီး လီဗာပူးကစားပုံက ပိုကောင်းလာခဲ့သလို ကွင်းလယ်ပိုင်းမှာ ချိန်ဘာလိန်ထက် ကီတာကပဲ ပိုအလုပ်ဖြစ်နေပါတယ်။

လူစားဝင်ကစားသမားတွေထဲမှာ မီနာမီနိုနဲ့ အိုရိဂီတို့ဟာ လီဗာပူးတိုက်စစ်အတွက် အရန်ကစားသမားအဖြစ် ပိုမို မြင်သာလာပါတယ်။ မီနာမီနိုက ဗဟိုအထောင်တိုက်စစ်က ဖာမင်နိုနေရာ လူစားဝင်ကစားနေပြီး အိုရီဂီက ဆာလက်ရဲ့ ညာတောင်ပံနေရာကို ဝင်ကစားနေတာမျိုး ရှိပါတယ်။

မီနာမီနိုက ဖာမင်နိုလို နေရာလွတ် ဖန်တီးပေးတာနဲ့ တိုက်စစ်ကို အရှိန်တင်ဖို့ လုပ်ပေးရာမှာ အားနည်းပေမယ့်လည်း သူ့ရဲ့ ဖိအားပေးနှုန်းတွေက အတော်လေးကို ကောင်းပါတယ်။

အိုရီဂီကတော့ လီဗာပူးအသင်းသမိုင်းမှာ လူစားဝင် ကစားရမှုနှုန်း အမြင့်ဆုံး ကစားသမားတောင်ဖြစ်ပြီး သူ့ရဲ့ ၈၂ ပွဲမြောက်ကိုလည်း လူစားဝင်အဖြစ် ပါဝင်ကစားခဲ့တယ်။ ဒါပေမယ့် အာဆင်နယ်ပွဲကလို ခြေစွမ်းနဲ့ဆိုရင်တော့ လာမယ့်ရာသီ အရန်နေရာမှာ ဘရူးစတားကတောင် ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

ZAWGYI

အာဆင္နယ္နဲ႔ လီဗာပူးပြဲမွာ ဗန္ဒိုက္နဲ႔ အယ္လီဆန္တို႔ တစ္ပြဲတည္း အမွားေတြ ကိုယ္စီလုပ္တဲ့ ကိစၥ၊ အသင္းေဟာင္းကို ရင္ဆိုင္ခ်ိန္မွာ ေျခစြမ္းမျပႏုိင္ခဲ့တဲ့ ခ်ိန္ဘာလိန္ စသျဖင့္ ေျပာစရာေတြ ရွိေနေပမယ့္ ဒီတစ္ၾကိမ္မွာေတာ့ လီဗာပူးရဲ႕ အရန္အင္အားအတြက္ အဓိက ေထာက္တိုက္ေတြအေၾကာင္း ေျပာမွာျဖစ္ပါတယ္။

အာဆင္နယ္ပြဲ ဒုတိယပိုင္းမွာ ေျခစြမ္းမျပႏုိင္တဲ့ ခ်ိန္ဘာလိန္ေနရာကို ကီတာျဖင့္ လူစားလဲခဲ့တယ္။ ဒီႏွစ္ဦးဟာ ပြဲထြက္ခြင့္ ျပိဳင္တူရတာထက္ တစ္ဦးေနရာ တစ္ဦး အစားဝင္တာက ပိုမ်ားေနတာပါ။ မႏွစ္ကရာသီမွာ ႏွစ္ဦးလံုးက ဒဏ္ရာေတြေၾကာင့္ ရုန္းကန္ခဲ့ရျပီး ဒီရာသီမွာေတာ့ မန္ေနဂ်ာကေလာ့က တူညီတဲ့ အခြင့္အေရးေတြ ေပးထားခဲ့တာျဖစ္တယ္။

လီဗာပူးအသင္း ခ်န္ပီယံမျဖစ္ခင္တည္းက သူတို႔ႏွစ္ဦး အလွည့္က်ေတြ ထုတ္သံုးခဲ့ျပီး ေျခစြမ္း သိပ္မကြာခဲ့ဘူး။ ဒါေပမယ့္ ေဘာလံုးပြဲေတြ ျပန္စတင္ျပီးေနာက္မွာ ခ်ိန္ဘာလိန္ထက္ ကီတာက ပိုမို ေျခစြမ္းျပလာႏုိင္ပါတယ္။ အာဆင္နယ္ပြဲမွာလည္း ကီတာက ခ်ိန္ဘာလိန္ကို ေက်ာ္ျပီး ေနရာမရခဲ့တာက အံ့အားသင့္စရာျဖစ္ခဲ့တယ္။

ကီတာဝင္လာျပီး လီဗာပူးကစားပံုက ပိုေကာင္းလာခဲ့သလို ကြင္းလယ္ပိုင္းမွာ ခ်ိန္ဘာလိန္ထက္ ကီတာကပဲ ပိုအလုပ္ျဖစ္ေနပါတယ္။

လူစားဝင္ကစားသမားေတြထဲမွာ မီနာမီႏိုနဲ႔ အိုရိဂီတို႔ဟာ လီဗာပူးတိုက္စစ္အတြက္ အရန္ကစားသမားအျဖစ္ ပိုမို ျမင္သာလာပါတယ္။ မီနာမီႏိုက ဗဟိုအေထာင္တိုက္စစ္က ဖာမင္ႏိုေနရာ လူစားဝင္ကစားေနျပီး အိုရီဂီက ဆာလက္ရဲ႕ ညာေတာင္ပံေနရာကို ဝင္ကစားေနတာမ်ိဳး ရွိပါတယ္။

မီနာမီႏိုက ဖာမင္ႏိုလို ေနရာလြတ္ ဖန္တီးေပးတာနဲ႔ တိုက္စစ္ကို အရွိန္တင္ဖို႔ လုပ္ေပးရာမွာ အားနည္းေပမယ့္လည္း သူ႔ရဲ႕ ဖိအားေပးႏႈန္းေတြက အေတာ္ေလးကို ေကာင္းပါတယ္။

အိုရီဂီကေတာ့ လီဗာပူးအသင္းသမိုင္းမွာ လူစားဝင္ ကစားရမႈႏႈန္း အျမင့္ဆံုး ကစားသမားေတာင္ျဖစ္ျပီး သူ႔ရဲ႕ ၈၂ ပြဲေျမာက္ကိုလည္း လူစားဝင္အျဖစ္ ပါဝင္ကစားခဲ့တယ္။ ဒါေပမယ့္ အာဆင္နယ္ပြဲကလို ေျခစြမ္းနဲ႔ဆိုရင္ေတာ့ လာမယ့္ရာသီ အရန္ေနရာမွာ ဘရူးစတားကေတာင္ ပိုေကာင္းတဲ့ ေရြးခ်ယ္မႈ ျဖစ္ပါလိမ့္မယ္။