အင်္ဂလန်အဆင့်မြင့်တန်းရဲ့ အောက်အဆင့်တွေမှာ ၁၆ နှစ်ကြာ ကျင်လယ်ခဲ့တဲ့ လီဗာပူးရဲ့ မဟာပြိုင်ဘက်ကြီးကတော့ ပိုင်ရှင် ၅ ဦး၊ မန်နေဂျာ ၁၅ ဦး ထိ ပြောင်းလဲခဲ့ပြီးနောက်မှာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့ပါပြီ။

တစ်ချိန်က ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးကလပ်လို့ ခေါ်ရတဲ့ လိဒ်ယူနိုက်တက်ဟာ မန်နေဂျာဘီရယ်ဆာရဲ့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့ပါပြီ။ လီဗာပူးအသင်း နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလား ပြန်ရတဲ့ နှစ်မှာပဲ ပြိုင်ဘက်ဟောင်း လိဒ်ကလည်း ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့တာပါ။

တကယ်တော့ လီဗာပူးနဲ့ လဒ်တို့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာက ဒီကနေ့ခေတ်နဲ့ပြောရရင် ဒိတ်တောင် အောက်နေပါပြီ။ လီဗာပူး အရမ်းအောင်မြင်တဲ့ ကာလတွေဖြစ်တဲ့ ၁၉၆၀-၇၅ ခုနှစ်တွေမှာ (ဂန္တဝင်မန်နေဂျာကြီး ဘီရှန်ကလေ လက်ထက်) လိဒ်ဟာ လီဗာပူးရဲ့ အဓိက ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။ အဲ့နောက် ၁၉၈၀ ဝန်းကျင် အောင်မြင်မှုတွေမှာလည်း သူတို့က အဟန့်အတား ဖြစ်ခဲ့သေးတယ်။

၁၉၉၀ ခုနှစ်ဟာ လီဗာပူးအသင်း အမှတ်ပေးဖလား နောက်ဆုံးရတဲ့ နှစ်ဖြစ်သလို ပရီးမီးယားလိဂ်လို့ ပြောင်းလဲ ကျင်းပခြင်း မပြုခင် နောက်ဆုံးနှစ်ဖြစ်တဲ့ ၁၉၉၂ ခုနှစ် အမှတ်ပေးချန်ပီယံအသင်းက လိဒ်အသင်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ခေတ်မှာတော့ နှစ်သင်းက အမှတ်ပေးဖလားအတွက် ပြိုင်ဆိုင်ကြတာမျိုး မရှိတော့ဘဲ အင်းအားပျော့လာခဲ့ကာ ၂၀၀၄ ခုနှစ်မှာတော့ လိဒ်အသင်း တန်းဆင်းခဲ့ရပါတယ်။

လိဒ်ဟာ လီဗာပူးရဲ့ မဟာပြိင်ဘက်တွေဖြစ်တဲ့ ယူနိုက်တက်၊ အဲဗာတန်၊ ချယ်ဆီး၊ အာဆင်နယ်နောက် ပဉ္စမနေရာမှာ ရှိခဲ့တဲ့ အသင်းပါ။ လက်ရှိမှာတော့ မန်စီးတီးရဲ့ နောက်ကို ရောက်သွားနိုင်ပေမယ့် လီဗာပူးရဲ့ ပြိုင်ဘက်ကြီးထဲမှာတော့ ပါဝင်နေဆဲ ဖြစ်ပါတယ်။

ZAWGYI

အဂၤလန္အဆင့္ျမင့္တန္းရဲ႕ ေအာက္အဆင့္ေတြမွာ ၁၆ ႏွစ္ၾကာ က်င္လယ္ခဲ့တဲ့ လီဗာပူးရဲ႕ မဟာျပိဳင္ဘက္ၾကီးကေတာ့ ပိုင္ရွင္ ၅ ဦး၊ မန္ေနဂ်ာ ၁၅ ဦး ထိ ေျပာင္းလဲခဲ့ျပီးေနာက္မွာ ပရီးမီးယားလိဂ္ကို တန္းျပန္တက္လာခဲ့ပါျပီ။

တစ္ခ်ိန္က ပရီးမီးယားလိဂ္ရဲ႕ အင္အားၾကီးကလပ္လို႔ ေခၚရတဲ့ လိဒ္ယူႏုိက္တက္ဟာ မန္ေနဂ်ာဘီရယ္ဆာရဲ႕ ဦးေဆာင္မႈနဲ႔အတူ ပရီးမီးယားလိဂ္ကို တန္းျပန္တက္လာခဲ့ပါျပီ။ လီဗာပူးအသင္း ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆံုးအၾကိမ္ အမွတ္ေပးဖလား ျပန္ရတဲ့ ႏွစ္မွာပဲ ျပိဳင္ဘက္ေဟာင္း လိဒ္ကလည္း ပရီးမီးယားလိဂ္ကို တန္းျပန္တက္လာခဲ့တာပါ။

တကယ္ေတာ့ လီဗာပူးနဲ႔ လဒ္တို႔ ျပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့တာက ဒီကေန႔ေခတ္နဲ႔ေျပာရရင္ ဒိတ္ေတာင္ ေအာက္ေနပါျပီ။ လီဗာပူး အရမ္းေအာင္ျမင္တဲ့ ကာလေတြျဖစ္တဲ့ ၁၉၆၀-၇၅ ခုႏွစ္ေတြမွာ (ဂႏၱဝင္မန္ေနဂ်ာၾကီး ဘီရွန္ကေလ လက္ထက္) လိဒ္ဟာ လီဗာပူးရဲ႕ အဓိက ျပိဳင္ဘက္ ျဖစ္ခဲ့ပါတယ္။ အဲ့ေနာက္ ၁၉၈၀ ဝန္းက်င္ ေအာင္ျမင္မႈေတြမွာလည္း သူတို႔က အဟန္႔အတား ျဖစ္ခဲ့ေသးတယ္။

၁၉၉၀ ခုႏွစ္ဟာ လီဗာပူးအသင္း အမွတ္ေပးဖလား ေနာက္ဆံုးရတဲ့ ႏွစ္ျဖစ္သလို ပရီးမီးယားလိဂ္လို႔ ေျပာင္းလဲ က်င္းပျခင္း မျပဳခင္ ေနာက္ဆံုးနွစ္ျဖစ္တဲ့ ၁၉၉၂ ခုႏွစ္ အမွတ္ေပးခ်န္ပီယံအသင္းက လိဒ္အသင္းျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ေခတ္မွာေတာ့ ႏွစ္သင္းက အမွတ္ေပးဖလားအတြက္ ျပိဳင္ဆိုင္ၾကတာမ်ိဳး မရွိေတာ့ဘဲ အင္းအားေပ်ာ့လာခဲ့ကာ ၂၀၀၄ ခုႏွစ္မွာေတာ့ လိဒ္အသင္း တန္းဆင္းခဲ့ရပါတယ္။

လိဒ္ဟာ လီဗာပူးရဲ႕ မဟာျပိင္ဘက္ေတြျဖစ္တဲ့ ယူႏုိက္တက္၊ အဲဗာတန္၊ ခ်ယ္ဆီး၊ အာဆင္နယ္ေနာက္ ပဥၥမေနရာမွာ ရွိခဲ့တဲ့ အသင္းပါ။ လက္ရွိမွာေတာ့ မန္စီးတီးရဲ႕ ေနာက္ကို ေရာက္သြားႏုိင္ေပမယ့္ လီဗာပူးရဲ႕ ျပိဳင္ဘက္ၾကီးထဲမွာေတာ့ ပါဝင္ေနဆဲ ျဖစ္ပါတယ္။