လီဗာပူးကစားသမားဟောင်း မိုင်ကယ်အိုဝင်က အသင်းက နွေမှာ ကစားသမားသစ်တွေ အများကြီး ခေါ်ယူဖို့ လိုမယ်လို့ မထင်ကြောင်း ထုတ်ပြောလိုက်ပါတယ်။
အိုဝင်က လီဗာပူးအသင်းက အရမ်းကို ဟန်ချက်ညီနေတဲ့ အနေအထားဖြစ်ပြီး ဒီအခြေအနေမှာ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖို့ အရေးကြီး လိုအပ်နေသေးတဲ့ အခြေအနေ မဟုတ်ဘူးလို့ မြင်တယ်။ သူကတော့ အရန်အင်အားကိုပဲ ဖြည့်တင်းဖို့ စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။
အိုဝင်က ‘ လီဗာပူးက ကစားသမားတွေ အများကြီးကို ခေါ်မယ်လို့ မထင်ဘူး။ အကယ်လို့ သူတို့ ကစားသမား ခေါ်ယူခဲ့ရင် အဲ့တာက လူစာရင်းကို အင်အားဖြည့်ဖို့ပဲ ဖြစ်လိမ့်မယ်။ ၁၆ နှစ်သား ၁၇ နှစ်သားလေးတွေကို အနာဂတ်အတွက် ခေါ်ယူလိုရတယ်။ ဒါပေမယ့် အသင်းလူစာရင်းကို သက်ရောက်မှုရှိစေဖို့ဆိုရင် လူငယ်တွေ အများကြီး ဝယ်ယူတာတွေ လုပ်ဖို့ မလိုဘူး။
လူတိုင်းက ကစားသမားသစ်တွေ အများကြီး ခေါ်ယူတာတွေ လုပ်ဖို့ တောင်းဆိုနေကြတာ ကျနော် သိတယ်။ ဒါပေမယ့် အဲ့လို အမြဲတမ်း လုပ်လို့ မရဘူး။ ကျနော်က မန်နေဂျာတစ်ယောက်ဆိုရင် လူစာရင်း အကြီးကြီးကို မလိုချင်ဘူး။ ဒဏ်ရာပြဿနာကို အကြောင်းပြကြတာတွေ ရှိတာပေါ့။ ဒါကို ကလော့ပ်လည်း သိပါတယ်။ ကလော့ပ်က အရမ်းကို ဟန်ချက်ညီနေတဲ့ လူစာရင်းကို ရထားတာ ဖြစ်ပါတယ်။
ဘယ်နေရာမှာ လီဗာပူး အင်အားဖြည့်ရမလဲ? သူတို့ ဘယ်အစွန်နေရာကို အင်အားဖြည့်သင့်ပါတယ်။ ဒါပေမယ့် ဘယ်လို ကစားသမား ခေါ်မလဲ။ ကမ္ဘာအကောင်းဆုံး ဘယ်အစွန်လူကိုတော့ မရနိုင်ဘူးပေါ့။ လူငယ်တစ်ယောက်ကို နောက်ထပ် အကောင်းဆုံး ဘယ်အစွန်ဖြစ်လာဖို့ ခေါ်တာလည်း ဖြစ်နိုင်တယ်။
လီဗာပူးက မီနာမီနိုနဲ့ ရှာကွီရီတို့လို ကစားသမားတွေကို သူတို့ ဈေးသက်သက်သာသာနဲ့ ခေါ်ယူခဲ့တယ်။ သူတို့ ဒီကစားသမားတွေကို လီဗာပူးဆိုတဲ့ နာမည်နဲ့ ခေါ်ခဲ့တာဖြစ်ပြီး ကစားသမားတွေကလည်း သူတို့နဲ့ ပူးပေါင်းလိုခဲ့တယ်။
ဒါပေမယ့် လီဗာပူးမှာ ဒီနေရာ အားနည်းတယ်၊ ဟိုနေရာ အားနည်းတယ်ဆိုပြီး ပြောဖို့ကလည်း ခက်ပါတယ်။ လူသစ်တွေ အများကြီး ခေါ်မယ်လို့ ကျနော်တော့ မထင်ဘူး။ လီဗာပူးလူစာရင်းက အပြောင်းအလဲတွေ လုပ်ဖို့ အသက်ကြီးနေပြီလို့ ကျနော် မထင်ဘူး။ သူတို့က အကောင်းဆုံးအသင်းပါ။ ဒီအခြေအနေကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်မလဲပဲ မူတည်ပါတယ် ’ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးကစားသမားေဟာင္း မုိင္ကယ္အိုဝင္က အသင္းက ေႏြမွာ ကစားသမားသစ္ေတြ အမ်ားၾကီး ေခၚယူဖို႔ လိုမယ္လို႔ မထင္ေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။
အိုဝင္က လီဗာပူးအသင္းက အရမ္းကို ဟန္ခ်က္ညီေနတဲ့ အေနအထားျဖစ္ျပီး ဒီအေျခအေနမွာ ထိပ္တန္း ကစားသမားေတြကို ေခၚယူဖို႔ အေရးၾကီး လိုအပ္ေနေသးတဲ့ အေျခအေန မဟုတ္ဘူးလို႔ ျမင္တယ္။ သူကေတာ့ အရန္အင္အားကိုပဲ ျဖည့္တင္းဖို႔ စဥ္းစားသင့္တယ္လို႔ ဆိုပါတယ္။
အိုဝင္က ‘ လီဗာပူးက ကစားသမားေတြ အမ်ားၾကီးကို ေခၚမယ္လို႔ မထင္ဘူး။ အကယ္လို႔ သူတို႔ ကစားသမား ေခၚယူခဲ့ရင္ အဲ့တာက လူစာရင္းကို အင္အားျဖည့္ဖို႔ပဲ ျဖစ္လိမ့္မယ္။ ၁၆ ႏွစ္သား ၁၇ ႏွစ္သားေလးေတြကို အနာဂတ္အတြက္ ေခၚယူလိုရတယ္။ ဒါေပမယ့္ အသင္းလူစာရင္းကို သက္ေရာက္မႈရွိေစဖို႔ဆိုရင္ လူငယ္ေတြ အမ်ားၾကီး ဝယ္ယူတာေတြ လုပ္ဖို႔ မလိုဘူး။
လူတိုင္းက ကစားသမားသစ္ေတြ အမ်ားၾကီး ေခၚယူတာေတြ လုပ္ဖို႔ ေတာင္းဆိုေနၾကတာ က်ေနာ္ သိတယ္။ ဒါေပမယ့္ အဲ့လို အျမဲတမ္း လုပ္လို႔ မရဘူး။ က်ေနာ္က မန္ေနဂ်ာတစ္ေယာက္ဆိုရင္ လူစာရင္း အၾကီးၾကီးကို မလိုခ်င္ဘူး။ ဒဏ္ရာျပႆနာကို အေၾကာင္းျပၾကတာေတြ ရွိတာေပါ့။ ဒါကို ကေလာ့ပ္လည္း သိပါတယ္။ ကေလာ့ပ္က အရမ္းကို ဟန္ခ်က္ညီေနတဲ့ လူစာရင္းကို ရထားတာ ျဖစ္ပါတယ္။
ဘယ္ေနရာမွာ လီဗာပူး အင္အားျဖည့္ရမလဲ? သူတို႔ ဘယ္အစြန္ေနရာကို အင္အားျဖည့္သင့္ပါတယ္။ ဒါေပမယ့္ ဘယ္လို ကစားသမား ေခၚမလဲ။ ကမၻာအေကာင္းဆံုး ဘယ္အစြန္လူကိုေတာ့ မရႏုိင္ဘူးေပါ့။ လူငယ္တစ္ေယာက္ကို ေနာက္ထပ္ အေကာင္းဆံုး ဘယ္အစြန္ျဖစ္လာဖို႔ ေခၚတာလည္း ျဖစ္ႏုိင္တယ္။
လီဗာပူးက မီနာမီႏိုနဲ႔ ရွာကီြရီတို႔လို ကစားသမားေတြကို သူတို႔ ေစ်းသက္သက္သာသာနဲ႔ ေခၚယူခဲ့တယ္။ သူတို႔ ဒီကစားသမားေတြကို လီဗာပူးဆိုတဲ့ နာမည္နဲ႔ ေခၚခဲ့တာျဖစ္ျပီး ကစားသမားေတြကလည္း သူတို႔နဲ႔ ပူးေပါင္းလိုခဲ့တယ္။
ဒါေပမယ့္ လီဗာပူးမွာ ဒီေနရာ အားနည္းတယ္၊ ဟိုေနရာ အားနည္းတယ္ဆိုျပီး ေျပာဖို႔ကလည္း ခက္ပါတယ္။ လူသစ္ေတြ အမ်ားၾကီး ေခၚမယ္လို႔ က်ေနာ္ေတာ့ မထင္ဘူး။ လီဗာပူးလူစာရင္းက အေျပာင္းအလဲေတြ လုပ္ဖို႔ အသက္ၾကီးေနျပီလို႔ က်ေနာ္ မထင္ဘူး။ သူတို႔က အေကာင္းဆံုးအသင္းပါ။ ဒီအေျခအေနကို ဘယ္ေလာက္ၾကာၾကာ ထိန္းသိမ္းထားႏုိင္မလဲပဲ မူတည္ပါတယ္ ’ လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။