ချန်ပီယံရှစ် ချန်ပီယံဖြစ်လာတဲ့ လိဒ်ယူနိုက်တက်ရဲ့ မန်နေဂျာက သူ့အသင်း ပရီးမီးယားလိဂ်ကို တန်းတက်လာဖို့မှာ လီဗာပူးကို အတုယူတယ်လို့ ထုတ်ပြောလိုက်ပါတယ်။
လီဗာပူးအသင်းဟာ ၂ ရာသီလုံးမှာ စွမ်းဆောင်ရည် တည်ငြိမ်ခဲ့ပြီး လိုအပ်တဲ့ ရမှတ်တွေကို ယူနိုင်စွမ်းကို ပြသခဲ့တယ်။ လိဒ်ကလည်း ဒီလို အနေအထားကို အတုယူနိုင်ခဲ့တာကြောင့် အခုလို တန်းတက်လာရတာလို့ ဘီရယ်ဆာက ပြောခဲ့ပါတယ်။
ဘီရယ်ဆာက “ ဒီရာသီ လီဗာပူးနဲ့ ယာဂင်ကလော့ပ်က ဘောလုံးအသင်းတိုင်းရဲ့ စံနမူတာဖြစ်ပါတယ်။ ကိုယ်ကို အတုယူစေတဲ့ ကလပ်နဲ့ မန်နေဂျာတွေကတော့ အမြဲတမ်း ရှိတာပါပဲ။ လူသားတွေအနေနဲ့ တစ်ဦးတစ်ယောက်ရဲ့ အနိုင်ရနေမှုကို ပုံတူ ဆင့်ပွှားနိုင်ဖို့ဆိုတာက ရှိတာပါပဲ။ အကောင်းမြင်မှုတွေ အများကြီး ရှိပါတယ်။ ကျနေ်ာတို့က အမြဲတမ်း လီဗာပူးကို အတူယူပါတယ်။ ” လို့ ချန်ပီယံဖြစ်အပြီးမှာ ပြောဆိုခဲ့တယ်။
လိဒ်ယူနိုက်တက်မန်နေဂျာက လီဗာပူးကို ချီးကျူးတာ အခုမှ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကပဲ ဘီရယ်ဆာက ဥရောပနဲ့ အင်္ဂလန်ချန်ပီယံကို ချီးကျူးမှုတွေ လုပ်ထားခဲ့သေးတာဖြစ်တယ်။
“ အကောင်းဆုံးအသင်းက အမြဲတမ်း အကောင်းဆုံးအသင်း ဖြစ်နေတာပါပဲ။ ဘာလို့လည်းဆိုတော့ သူတို့က အမြဲတမ်း တိုးတက်ဖို့ရာ နားလည်ပါတယ်။ တစ်သင်းက တိုးတက်မှုတွေ ရပ်သွားတဲ့အခါ အကျိုးဆက်က ဆိုးရွားပါတယ်။ လီဗာပူးက ကာလရှည်ကြီး အရမ်းကို ကောင်းထားတာပါ။ သူတို့က ပိုမကောင်းလာသလို ပိုလည်း ဆိုးမသွားဘူး သူတို့က အမြဲတမ်း ပုံစံကောင်းမှာ ရှိနေတာပါ ” လို့ ချီးကျူးခဲ့သေးတာ ဖြစ်ပါတယ်။
ZAWGYI
ခ်န္ပီယံရွစ္ ခ်န္ပီယံျဖစ္လာတဲ့ လိဒ္ယူႏုိက္တက္ရဲ႕ မန္ေနဂ်ာက သူ႔အသင္း ပရီးမီးယားလိဂ္ကို တန္းတက္လာဖို႔မွာ လီဗာပူးကို အတုယူတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။
လီဗာပူးအသင္းဟာ ၂ ရာသီလံုးမွာ စြမ္းေဆာင္ရည္ တည္ျငိမ္ခဲ့ျပီး လိုအပ္တဲ့ ရမွတ္ေတြကို ယူႏုိင္စြမ္းကို ျပသခဲ့တယ္။ လိဒ္ကလည္း ဒီလို အေနအထားကို အတုယူႏုိင္ခဲ့တာေၾကာင့္ အခုလို တန္းတက္လာရတာလို႔ ဘီရယ္ဆာက ေျပာခဲ့ပါတယ္။
ဘီရယ္ဆာက “ ဒီရာသီ လီဗာပူးနဲ႔ ယာဂင္ကေလာ့ပ္က ေဘာလံုးအသင္းတိုင္းရဲ႕ စံနမူတာျဖစ္ပါတယ္။ ကိုယ္ကို အတုယူေစတဲ့ ကလပ္နဲ႔ မန္ေနဂ်ာေတြကေတာ့ အျမဲတမ္း ရွိတာပါပဲ။ လူသားေတြအေနနဲ႔ တစ္ဦးတစ္ေယာက္ရဲ႕ အႏိုင္ရေနမႈကို ပံုတူ ဆင့္ပႊားႏုိင္ဖို႔ဆုိတာက ရွိတာပါပဲ။ အေကာင္းျမင္မႈေတြ အမ်ားၾကီး ရွိပါတယ္။ က်ေန္ာတို႔က အျမဲတမ္း လီဗာပူးကို အတူယူပါတယ္။ ” လို႔ ခ်န္ပီယံျဖစ္အျပီးမွာ ေျပာဆိုခဲ့တယ္။
လိဒ္ယူႏုိက္တက္မန္ေနဂ်ာက လီဗာပူးကို ခ်ီးက်ဴးတာ အခုမွ ပထမဆံုး အၾကိမ္ မဟုတ္ပါဘူး။ ျပီးခဲ့တဲ့ ဒီဇင္ဘာတုန္းကပဲ ဘီရယ္ဆာက ဥေရာပနဲ႔ အဂၤလန္ခ်န္ပီယံကို ခ်ီးက်ဴးမႈေတြ လုပ္ထားခဲ့ေသးတာျဖစ္တယ္။
“ အေကာင္းဆံုးအသင္းက အျမဲတမ္း အေကာင္းဆံုးအသင္း ျဖစ္ေနတာပါပဲ။ ဘာလို႔လည္းဆိုေတာ့ သူတို႔က အျမဲတမ္း တိုးတက္ဖို႔ရာ နားလည္ပါတယ္။ တစ္သင္းက တိုးတက္မႈေတြ ရပ္သြားတဲ့အခါ အက်ိဳးဆက္က ဆိုးရြားပါတယ္။ လီဗာပူးက ကာလရွည္ၾကီး အရမ္းကို ေကာင္းထားတာပါ။ သူတို႔က ပိုမေကာင္းလာသလို ပိုလည္း ဆိုးမသြားဘူး သူတို႔က အျမဲတမ္း ပံုစံေကာင္းမွာ ရွိေနတာပါ ” လို႔ ခ်ီးက်ဴးခဲ့ေသးတာ ျဖစ္ပါတယ္။