လီဗာပူး ကစားသမားဟောင်း ဂျိုဗန်နိုဗစ်က အန်ဖီးကစားသမားဘဝ အမှတ်တရတွေကို ထုတ်ပြောလိုက်ပြီး သူ့ရဲ့ မအောင်မြင်ခဲ့တဲ့ အနေအထားအတွက် ပရိသတ်တွေကို တောင်းပန်မှုပါ လုပ်ခဲ့ပါတယ်။
၂၀၁၀ မှာ မန်နေဂျာဟောင်းဘင်နီတက်စ် လက်ထက် ညိနှိုင်းခေါ်ယူခဲ့ပြီး တကယ်တမ်း မန်နေဂျာဟောင်းရွိုင်ဟောင်ဆန် လက်ထက်မှ လီဗာပူးကို အလွှတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ခဲ့တဲ့ ဂျိုဗန်နိုဗစ်ဟာ နာမည်ကျော် ကစားသမား တစ်ဦးတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ အသင်းရဲ့ ကျဆုံးမှုမှာ သူ့လို ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရတာကိုတောင် ပျေုာ်ခဲ့ရတဲ့ ပရိသတ်တွေကတော့ ဂျိုဗန်နိုဗစ်ကို ခပ်လွယ်လွယ် မေ့လိုက်ကြမှာ မဟုတ်ပါဘူး။
ဆားဘီးယားသား တောင်ပံတိုက်စစ်သမားဟာ လီဗာပူးအတွက် ပွဲအနည်းငယ်ပဲ ကစားခွင့်ရခဲ့သလို သွင်းဂိုးလည်း လုံးဝ သွင်းယူနိုင်ခဲ့ခြင်း မရှိဘူး။ သူဟာ ဆာကင်နီ လက်ထက်မှာတော့ အသင်းကနေ ပြန်လည် ထွက်ခွာသွားခဲ့ပြီး သူ့ရဲ့ ကျောနံပါတ်ကိုတော့ လက်ရှိ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က ဆက်ခံခဲ့ပါတယ်။
ဂျိုဗန်နိုဗစ်က ” လီဗာပူးမှာ ရှိခဲ့တဲ့ ကျနော်ရဲ့ ကစားသမားဘဝက ကြွားဝါစရာ မရှိဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် လီဗာပူးလို အသင်းကြီးအတွက် ကစားခွင့်ရခဲ့တာကို ဂုဏ်ယူလိုသလို လီဗာပူးဂျာစီ ဝတ်ဆင်ခွင့်ရှိတဲ့ မိနစ်တိုင်းမှ ာအကောင်းဆုံး ကစားပေးခဲ့ပါတယ်။
၁၀ နှစ်တောင် ကြာခဲ့ပြီလား ကျနော် စိတ်ထဲမှာ အနည်းငယ် ဝမ်းနည်းမိနေတုန်းပဲ။ အချိန်တွေက ကုန်မြန်လွန်းလိုက်တာဗျာ။ အခိုက်အတန့် ခဏလေးလို့တောင် ခံစားမိပါတယ်။ အရင် ၁၀ နှစ်က ကမ္ဘာဖလားအပြီးမှာ လီဗာပူးက လက်မှတ်ထိုး ခေါ်ယူခဲ့တယ်။ ကျနော် ကစားသမားဘဝအတွက် အကြီးကျယ်ဆုံး ကိစ္စ နှစ်ခုတည်းက တစ်ခု ဖြစ်ခဲ့ပါတယ်။
ရိုးရိုးသားသား ပြောရရင် လီဗာပူးအတွက် ကစားပေးခွင့် ရခဲ့တာက ကျနော်ဘဝအတွက် အကြီးမားဆုံး ဆုလာဘ်ဖြစ်ပါတယ်။ ကာလတိုလေးပဲ နေခဲ့တာအတွက် စိတ်မကောင်းသလို အဲ့မှာ အမှတ်တရ ကြီးကြီးတွေကိုလည်း ချန်မထားခဲ့နိုင်ပါဘူး။ လီဗာပူးပရိသတ်တွေရဲ့ အမြဲတမ်း အားပေးခဲ့မှုအတွက် ကျေးဇူးတင်တယ်လို့ ပြောလိုပါတယ်။
လီဗာပူး၊ အရမ်းကောင်းတဲ့ မြို့နဲ့ မြို့သားတွေကို ကျနော်ရဲ့ ကျေးဇူးတင်မှုကို ပို့လိုပါတယ်။ ဒီရာသီ ကလပ်ရဲ့ ပျော်ရွှင်ဖွယ် အောင်မြင်မှု အခိုက်အတန့်ကို ဂုဏ်ပြုလိုပါတယ်။ လီဗာပူး ဆက်ပြီးလည်း အောင်မြင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ ကျနော်က လီဗာပူးပရိသတ်တစ်ဦးအဖြစ် ဆက်ရှိနေဆဲပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
လီဗာပူး ကစားသမားေဟာင္း ဂ်ိဳဗန္ႏိုဗစ္က အန္ဖီးကစားသမားဘဝ အမွတ္တရေတြကို ထုတ္ေျပာလိုက္ျပီး သူ႔ရဲ႕ မေအာင္ျမင္ခဲ့တဲ့ အေနအထားအတြက္ ပရိသတ္ေတြကို ေတာင္းပန္မႈပါ လုပ္ခ့ဲပါတယ္။
၂၀၁၀ မွာ မန္ေနဂ်ာေဟာင္းဘင္နီတက္စ္ လက္ထက္ ညိႏိႈင္းေခၚယူခဲ့ျပီး တကယ္တမ္း မန္ေနဂ်ာေဟာင္းရိြဳင္ေဟာင္ဆန္ လက္ထက္မွ လီဗာပူးကို အလႊတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ေရာက္ခဲ့တဲ့ ဂ်ိဳဗန္ႏိုဗစ္ဟာ နာမည္ေက်ာ္ ကစားသမား တစ္ဦးေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ အသင္းရဲ႕ က်ဆံုးမႈမွာ သူ႔လို ကစားသမားကို အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ရတာကိုေတာင္ ေပ်ုာ္ခဲ့ရတဲ့ ပရိသတ္ေတြကေတာ့ ဂ်ိဳဗန္ႏိုဗစ္ကို ခပ္လြယ္လြယ္ ေမ့လိုက္ၾကမွာ မဟုတ္ပါဘူး။
ဆားဘီးယားသား ေတာင္ပံတိုက္စစ္သမားဟာ လီဗာပူးအတြက္ ပြဲအနည္းငယ္ပဲ ကစားခြင့္ရခဲ့သလို သြင္းဂိုးလည္း လံုးဝ သြင္းယူႏုိင္ခဲ့ျခင္း မရွိဘူး။ သူဟာ ဆာကင္နီ လက္ထက္မွာေတာ့ အသင္းကေန ျပန္လည္ ထြက္ခြာသြားခဲ့ျပီး သူ႔ရဲ႕ ေက်ာနံပါတ္ကိုေတာ့ လက္ရွိ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္က ဆက္ခံခဲ့ပါတယ္။
ဂ်ိဳဗန္ႏိုဗစ္က ” လီဗာပူးမွာ ရွိခဲ့တဲ့ က်ေနာ္ရဲ႕ ကစားသမားဘဝက ၾကြားဝါစရာ မရွိဘူးဆိုတာ သိပါတယ္။ ဒါေပမယ့္ လီဗာပူးလို အသင္းၾကီးအတြက္ ကစားခြင့္ရခဲ့တာကို ဂုဏ္ယူလိုသလို လီဗာပူးဂ်ာစီ ဝတ္ဆင္ခြင့္ရွိတဲ့ မိနစ္တိုင္းမွ ာအေကာင္းဆံုး ကစားေပးခဲ့ပါတယ္။
၁၀ ႏွစ္ေတာင္ ၾကာခဲ့ျပီလား က်ေနာ္ စိတ္ထဲမွာ အနည္းငယ္ ဝမ္းနည္းမိေနတုန္းပဲ။ အခ်ိန္ေတြက ကုန္ျမန္လြန္းလိုက္တာဗ်ာ။ အခိုက္အတန္႔ ခဏေလးလို႔ေတာင္ ခံစားမိပါတယ္။ အရင္ ၁၀ ႏွစ္က ကမၻာဖလားအျပီးမွာ လီဗာပူးက လက္မွတ္ထိုး ေခၚယူခဲ့တယ္။ က်ေနာ္ ကစားသမားဘဝအတြက္ အၾကီးက်ယ္ဆံုး ကိစၥ ႏွစ္ခုတည္းက တစ္ခု ျဖစ္ခဲ့ပါတယ္။
ရိုးရိုးသားသား ေျပာရရင္ လီဗာပူးအတြက္ ကစားေပးခြင့္ ရခဲ့တာက က်ေနာ္ဘဝအတြက္ အၾကီးမားဆံုး ဆုလာဘ္ျဖစ္ပါတယ္။ ကာလတိုေလးပဲ ေနခဲ့တာအတြက္ စိတ္မေကာင္းသလို အဲ့မွာ အမွတ္တရ ၾကီးၾကီးေတြကိုလည္း ခ်န္မထားခဲ့ႏုိင္ပါဘူး။ လီဗာပူးပရိသတ္ေတြရဲ႕ အျမဲတမ္း အားေပးခဲ့မႈအတြက္ ေက်းဇူးတင္တယ္လို႔ ေျပာလိုပါတယ္။
လီဗာပူး၊ အရမ္းေကာင္းတဲ့ ျမိဳ႔နဲ႔ ျမိဳ႔သားေတြကို က်ေနာ္ရဲ႕ ေက်းဇူးတင္မႈကို ပို႔လိုပါတယ္။ ဒီရာသီ ကလပ္ရဲ႕ ေပ်ာ္ရႊင္ဖြယ္ ေအာင္ျမင္မႈ အခိုက္အတန္႔ကို ဂုဏ္ျပဳလိုပါတယ္။ လီဗာပူး ဆက္ျပီးလည္း ေအာင္ျမင္ဖို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။ က်ေနာ္က လီဗာပူးပရိသတ္တစ္ဦးအျဖစ္ ဆက္ရွိေနဆဲပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။