လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်ဟာ စကော်တလန်မြေကို စွန့်ခွာပြီး အင်္ဂလန်ကို ပြန်ပြောင်းလာနိုင်တဲ့ သတင်းတွေ ထွက်ပေါ်လာနေပြီ ဖြစ်ပါတယ်။

ချန်ပီယံရှစ်ကလပ် ဘရစ်စတို စီးတီးအသင်းဟာ စတီဗင်ဂျရတ်ကို အထင်ကြီးနေပြီး မန်နေဂျာ ဂျွန်ဆင်နေရာ အစားထိုးဖို့အတွက် လျာထားတာဖြစ်တယ်။ ဘရစ်စတိုစီးတီး ပိုင်ရှင် Lansdown မိသားစုက ဂျရတ်ကို ချဉ်းကပ်မှုတွေ လုပ်ထားကာ ၎င်းတို့အသင်းကို ကာလရှည် ကိုင်တွယ်ပေးဖို့ စည်းရုံးနေတာဖြစ်တယ်။

Lansdown မိသားစုက ငယ်ရွယ်တက်ကြွတဲ့ မန်နေဂျာမျိုးနဲ့ပဲ အလုပ်လုပ်လိုပြီး ယခင်မန်နေဂျာ ဂျွန်ဆင်ဟာလည်း ဘရစ်စတိုစီးတီးကို ကိုယ်တွယ်စဉ်က အသက် ၃၅ နှစ်အရွယ်ပဲ ရှိသေးတာ ဖြစ်ပါတယ်။ သူဟာ လေးနှစ်ကြာ ကိုင်တွယ်ခဲ့ပြီး ဒီရာသီမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်။

၂၀၁၈ မှာ မန်နေဂျာဘဝကို စတင်ဝင်ရောက်တဲ့ စတီဗင်ဂျရတ်ဟာ စကော်တလန်ကလပ် ရိန်းဂျားအသင်းကို ဆုဖလားတွေ စိန်ခေါ်နိုင်အောင် ပဲ့ကိုင်လာနိုင်တယ်။ ဒါ့အပြင် ယူရိုပါလိဂ်လို ပြိုင်ပွဲမှာလည်း စကော်ကလပ် ဆဲလ်တစ်ထက်တောင် ပိုမြှင့်တဲ့ အဆင့်တွေ ရောက်ဖို့အတွက် စွမ်းဆောင်ထားနိုင်ပါတယ်။

စတီဗင်ဂျရတ်ဟာ စကော်တလန်မှာ တစ်လတာ မန်နေဂျာဆုကိုလည်း ၃ ကြိမ်တိုင် ရထားခဲ့တာဖြစ်တယ်။ ဒါပေမယ့်လည်း ရိန်းဂျားအသင်းရဲ့ ပံ့ပိုးနိုင်စွမ်းက အကန့်အသတ်ရှိတဲ့အပေါ် မန်နေဂျာစတီဗင်ဂျရတ်ကလည်း အနည်းငယ် စိတ်ပျက်နေပါတယ်။ သူဟာ ရိန်းဂျာမှာ တစ်ခုခုကို အောင်မြင်ဖို့ စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ပြီး ဘရစ်စတိုစီးတီးက ဂျရတ်ကို ခေါ်လိုတယ်ဆိုရင် ကောင်းမွန်တဲ့ အာမခံချက် တစ်ခုခု ပေးရမှာဖြစ်တယ်။

ဒီကာလတွေအတွင်း Lansdown မိသားစုရဲ့ ကမ်းလှမ်းမှု ဘယ်လောက် ကောင်းမွန်သလဲက ရာသီသစ်မှာ ဂျရတ်တစ်ယောက် အင်္ဂလန်ကို ပြန်လာမလားအတွက် အဖြေဖြစ်လာမယ်လို့ မာဆေးဆိုဒ်သတင်းက ဖော်ပြသွားပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး စတီဗင္ဂ်ရတ္ဟာ စေကာ္တလန္ေျမကို စြန္႔ခြာျပီး အဂၤလန္ကို ျပန္ေျပာင္းလာႏုိင္တဲ့ သတင္းေတြ ထြက္ေပၚလာေနျပီ ျဖစ္ပါတယ္။

ခ်န္ပီယံရွစ္ကလပ္ ဘရစ္စတို စီးတီးအသင္းဟာ စတီဗင္ဂ်ရတ္ကို အထင္ၾကီးေနျပီး မန္ေနဂ်ာ ဂၽြန္ဆင္ေနရာ အစားထိုးဖို႔အတြက္ လ်ာထားတာျဖစ္တယ္။ ဘရစ္စတိုစီးတီး ပိုင္ရွင္ Lansdown မိသားစုက ဂ်ရတ္ကို ခ်ဥ္းကပ္မႈေတြ လုပ္ထားကာ ၄င္းတို႔အသင္းကို ကာလရွည္ ကိုင္တြယ္ေပးဖို႔ စည္းရံုးေနတာျဖစ္တယ္။

Lansdown မိသားစုက ငယ္ရြယ္တက္ၾကြတဲ့ မန္ေနဂ်ာမ်ိဳးနဲ႔ပဲ အလုပ္လုပ္လိုျပီး ယခင္မန္ေနဂ်ာ ဂၽြန္ဆင္ဟာလည္း ဘရစ္စတိုစီးတီးကို ကိုယ္တြယ္စဥ္က အသက္ ၃၅ ႏွစ္အရြယ္ပဲ ရွိေသးတာ ျဖစ္ပါတယ္။ သူဟာ ေလးႏွစ္ၾကာ ကိုင္တြယ္ခဲ့ျပီး ဒီရာသီမွာ ရာထူးကေန ထုတ္ပယ္ခံခဲ့ရတာျဖစ္တယ္။

၂၀၁၈ မွာ မန္ေနဂ်ာဘဝကို စတင္ဝင္ေရာက္တ့ဲ စတီဗင္ဂ်ရတ္ဟာ စေကာ္တလန္ကလပ္ ရိန္းဂ်ားအသင္းကို ဆုဖလားေတြ စိန္ေခၚႏုိင္ေအာင္ ပဲ့ကိုင္လာႏုိင္တယ္။ ဒါ့အျပင္ ယူရိုပါလိဂ္လို ျပိဳင္ပြဲမွာလည္း စေကာ္ကလပ္ ဆဲလ္တစ္ထက္ေတာင္ ပိုျမွင့္တဲ့ အဆင့္ေတြ ေရာက္ဖို႔အတြက္ စြမ္းေဆာင္ထားႏုိင္ပါတယ္။

စတီဗင္ဂ်ရတ္ဟာ စေကာ္တလန္မွာ တစ္လတာ မန္ေနဂ်ာဆုကိုလည္း ၃ ၾကိမ္တိုင္ ရထားခဲ့တာျဖစ္တယ္။ ဒါေပမယ့္လည္း ရိန္းဂ်ားအသင္းရဲ႕ ပံ့ပိုးႏုိင္စြမ္းက အကန္႔အသတ္ရွိတဲ့အေပၚ မန္ေနဂ်ာစတီဗင္ဂ်ရတ္ကလည္း အနည္းငယ္ စိတ္ပ်က္ေနပါတယ္။ သူဟာ ရိန္းဂ်ာမွာ တစ္ခုခုကို ေအာင္ျမင္ဖို႔ စိတ္ပိုင္းျဖတ္ထားဆဲျဖစ္ျပီး ဘရစ္စတိုစီးတီးက ဂ်ရတ္ကို ေခၚလိုတယ္ဆိုရင္ ေကာင္းမြန္တဲ့ အာမခံခ်က္ တစ္ခုခု ေပးရမွာျဖစ္တယ္။

ဒီကာလေတြအတြင္း Lansdown မိသားစုရဲ႕ ကမ္းလွမ္းမႈ ဘယ္ေလာက္ ေကာင္းမြန္သလဲက ရာသီသစ္မွာ ဂ်ရတ္တစ္ေယာက္ အဂၤလန္ကို ျပန္လာမလားအတြက္ အေျဖျဖစ္လာမယ္လို႔ မာေဆးဆိုဒ္သတင္းက ေဖာ္ျပသြားပါတယ္။