လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က နွေမှာ လူခေါ်ဖို့ မသေချာကြောင်းနဲ့ ပြိုင်ဘက်တွေ လူဝယ်တိုင်း အသင်းက လူဝယ်ချင်မှ ဝယ်မယ်လို့ ချယ်ဆီးနဲ့ ပွဲကြိုမှာ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။
လီဗာပူးအသင်းဟာ ဘွန်ဒက်လီဂါကလပ် ဟာသာဘာလင်က ကွင်းလယ်လူ ဂရုဂျစ်ကို အပြီးသတ် ခေါ်ယူလိုရင် ဆွေးနွေးမှုတွေ လက်ခံသွားမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးက ပေါင် ၁၃ သန်းဝန်းကျင်နဲ့ ညိနှိုင်းကြလိမ့်မယ်လို့ ဂျာမနီသတင်းဌာနတွေက ဖော်ပြသွားပါတယ်။
ကလပ်ရဲ့ သမိုင်းဝင် အသင်းခေါင်းဆောင်ဖြစ်လာမယ့် ဟန်ဒါဆန်က ပရီးမီးယားလိဂ် ဆုဖလား ကိုင်မြှောက်မှုက အသင်းပရိသတ်တွေ အားလုံးအတွက်ဖြစ်ပြီး အခြေအနေနဲ့ အချိန်အခါအရ တားမြစ်ချက်တွေကို လိုက်နာပေးဖို့အပြင် နေအိမ်ကနေပဲ အားပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။
ဘွန်ဒက်လီဂါမှာ ကစားနေတဲ့ ကစားသမားတွေထဲက အများအပြားက ဘောလုံးလောကရဲ့ အကောင်းဆုံး မန်နေဂျာအဖြစ် ယာဂင်ကလော့ပ်ကို မဲပေးကြပြီး အကောင်းဆုံး ကစားသမားအဖြစ် မက်ဆီ၊ ရော်နယ်ဒို၊ လီဝမ်ဒေါစကီးနောက် ဗန်ဒိုက်ကို မဲပေးခဲ့တယ်လို့ ဂျာမနီ သတင်းဌာနဖြစ်တဲ့ The Kicker က ဖော်ပြပါတယ်။
လီဗာပူးအသင်းဟာ ယူ-၁၈ အသင်းအတွက် ပွဲပေါင်း ၂၃ ပွဲမှာ ဂိုးပေါင်း ၂၃ ဂိုးအတွက် ပါဝင်ထားတဲ့ ကလပ်ရဲ့ အကယ်ဒမီ တိုက်စစ်သမားလေး လေသန် စတီဝပ် (၁၇ နှစ်) ကို ကာလရှည် သက်တမ်းတိုးမှု လုပ်ခဲ့ပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကတော့ လီဗာပူးရဲ့ အောင်မြင်မှုကို ဂုဏ်ပြုသောအားဖြင့် အဆိုပါပွဲမှာ သက်မှတ်ထားတဲ့ ဝင်ခွင့်ရသူတွေ အပြင် လီဗာပူး ကစားသမားတွေရဲ့ မိသားစုဝင်တွေကိုပါ တက်ရောက်ခွင့် ပေးသွားမယ်လို့ သိရတယ်။
ချယ်ဆီးမန်နေဂျာ လမ်းပတ်က အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် ပွဲမှာ လီဗာပူးအသင်းကို guard of honour လုပ်ပေးမှာဖြစ်ပြီး ဒီလို လုပ်ပေးဖို့လည်း လိုလိုလားလား ဆန္ဒရှိပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။
လီဗာပူးပရိသတ်တွေက အသင်းမှာ မရှိတော့တဲ့ ကစားသမားတွေထဲမှာ နယ်သာလန်သား တိုက်စစ်သမား ဒတ်ကွတ်ဟာ ကလော့ပ် နှစ်သက်မယ့် ကစားသမားမျိုးဖြစ်ပြီး သူတို့ နှစ်ဦးဟာ ဆယ်စုနှစ်တစ်ခု လွဲခဲ့တယ်လို့ မှတ်ချက်ပေးကြပါတယ်။
ZAWGYI
လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ေႏြမွာ လူေခၚဖို႔ မေသခ်ာေၾကာင္းနဲ႔ ျပိဳင္ဘက္ေတြ လူဝယ္တိုင္း အသင္းက လူဝယ္ခ်င္မွ ဝယ္မယ္လို႔ ခ်ယ္ဆီးနဲ႔ ပြဲၾကိဳမွာ ျပတ္ျပတ္သားသား ေျပာဆိုလိုက္ပါတယ္။
လီဗာပူးအသင္းဟာ ဘြန္ဒက္လီဂါကလပ္ ဟာသာဘာလင္က ကြင္းလယ္လူ ဂရုဂ်စ္ကို အျပီးသတ္ ေခၚယူလိုရင္ ေဆြးေႏြးမႈေတြ လက္ခံသြားမွာျဖစ္ျပီး ေျပာင္းေရႊ႔ေၾကးက ေပါင္ ၁၃ သန္းဝန္းက်င္နဲ႔ ညိႏိႈင္းၾကလိမ့္မယ္လို႔ ဂ်ာမနီသတင္းဌာနေတြက ေဖာ္ျပသြားပါတယ္။
ကလပ္ရဲ႕ သမိုင္းဝင္ အသင္းေခါင္းေဆာင္ျဖစ္လာမယ့္ ဟန္ဒါဆန္က ပရီးမီးယားလိဂ္ ဆုဖလား ကိုင္ေျမွာက္မႈက အသင္းပရိသတ္ေတြ အားလံုးအတြက္ျဖစ္ျပီး အေျခအေနနဲ႔ အခ်ိန္အခါအရ တားျမစ္ခ်က္ေတြကို လိုက္နာေပးဖို႔အျပင္ ေနအိမ္ကေနပဲ အားေပးၾကဖို႔ ေတာင္းဆိုလိုက္ပါတယ္။
ဘြန္ဒက္လီဂါမွာ ကစားေနတဲ့ ကစားသမားေတြထဲက အမ်ားအျပားက ေဘာလံုးေလာကရဲ႕ အေကာင္းဆံုး မန္ေနဂ်ာအျဖစ္ ယာဂင္ကေလာ့ပ္ကို မဲေပးၾကျပီး အေကာင္းဆံုး ကစားသမားအျဖစ္ မက္ဆီ၊ ေရာ္နယ္ဒို၊ လီဝမ္ေဒါစကီးေနာက္ ဗန္ဒိုက္ကို မဲေပးခဲ့တယ္လို႔ ဂ်ာမနီ သတင္းဌာနျဖစ္တဲ့ The Kicker က ေဖာ္ျပပါတယ္။
လီဗာပူးအသင္းဟာ ယူ-၁၈ အသင္းအတြက္ ပြဲေပါင္း ၂၃ ပြဲမွာ ဂိုးေပါင္း ၂၃ ဂိုးအတြက္ ပါဝင္ထားတဲ့ ကလပ္ရဲ႕ အကယ္ဒမီ တိုက္စစ္သမားေလး ေလသန္ စတီဝပ္ (၁၇ နွစ္) ကို ကာလရွည္ သက္တမ္းတိုးမႈ လုပ္ခဲ့ျပီျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ကေတာ့ လီဗာပူးရဲ႕ ေအာင္ျမင္မႈကို ဂုဏ္ျပဳေသာအားျဖင့္ အဆိုပါပြဲမွာ သက္မွတ္ထားတဲ့ ဝင္ခြင့္ရသူေတြ အျပင္ လီဗာပူး ကစားသမားေတြရဲ႕ မိသားစုဝင္ေတြကိုပါ တက္ေရာက္ခြင့္ ေပးသြားမယ္လို႔ သိရတယ္။
ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္က အန္ဖီးမွာ ယွဥ္ျပိဳင္ရမယ့္ ပြဲမွာ လီဗာပူးအသင္းကို guard of honour လုပ္ေပးမွာျဖစ္ျပီး ဒီလို လုပ္ေပးဖို႔လည္း လိုလိုလားလား ဆႏၵရွိပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။
လီဗာပူးပရိသတ္ေတြက အသင္းမွာ မရွိေတာ့တဲ့ ကစားသမားေတြထဲမွာ နယ္သာလန္သား တိုက္စစ္သမား ဒတ္ကြတ္ဟာ ကေလာ့ပ္ ႏွစ္သက္မယ့္ ကစားသမားမ်ိဳးျဖစ္ျပီး သူတို႔ ႏွစ္ဦးဟာ ဆယ္စုႏွစ္တစ္ခု လြဲခဲ့တယ္လို႔ မွတ္ခ်က္ေပးၾကပါတယ္။