လီဗာပူးအသင်းဟာ Nike နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဒီနွေမှာ နာမည်ကြီး ကစားသမား ခေါ်ယူမှုကို လုပ်ရဖွယ်ရှိတယ်လို့ လီဗာပူးသတင်းထောက် ဆိုင်မွန် ဟုချ်က The Athletic ကနေ ပြောဆိုသွားပါတယ်။

အဆိုပါ သတင်းက ဖော်ပြချက်မှာ လီဗာပူးဟာ လာမယ့် ရာသီမှာတော့ ဂျာစီစပွန်ဆာအဖြစ် ကာလတစ်ခု လက်တွဲခဲ့တဲ့ New Balance နဲ့ လက်တွဲဖြုတ်ပြီဖြစ်ပြီး Nike နဲ့ ပြောင်းလဲ လက်တွဲသွားမှာဖြစ်ပါတယ်။ လီဗာပူးက ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကို Nike နဲ့ လက်တွဲမယ်လို့တော့ ကြေညာထားပါတယ်။ တကယ်တမ်း သက်တမ်းကတော့ ၅ နှစ်စာချုပ်ဖြစ်ပါတယ်။

ဇွန်လ ၁ ရက်နေ့မှာ အသက်ဝင်မယ့် အဆိုပါ စာချုပ်ဟာ ကိုဗစ်ဖြစ်ပွားမှုကြောင့် နှစ်လ နောက်ဆုတ်ဖို့ သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ပြီး သြဂုတ်လ ၁ ရက်နေ့မှာ စတင်ပါမယ်။ လီဗာပူူးက စပွန်ဆာကြေးအဖြစ် တစ်ရာသီ ပေါင် ၃၀ သန်း ရမှာဖြစ်ပြီး ဈေးကွက်အတွင်း ဂျာစီ ရောင်းချမှုအရ အမြတ်ရဲ့ ၂၀% ကို လီဗာပူးဘက်က ခံစားခွင့်ရပါမယ်။

ကမ္ဘာလုံးဆိုင်ရာ အနေအထားမှာ လီဗာပူးရဲ့ ပုံရိပ် တိုးတက်လာမှုအရ ဈေးကွက်မှာ ဘယ်လောက်ထိ တောင်းဆိုမှုအား များမလဲဆိုတာ မခန့်မှန်းနိုင်သေးပေမယ့် လီဗာပူးဘက်ကတော့ စာချုပ်သစ်အရ ကလပ်ဟာ Nike နဲ့ လက်တွဲမှုကနေ တစ်နှစ်ကို ပေါင် ၆၀-၇၀ သန်းကြား ရမယ်လို့ ခန့်မှန်းထားပါတယ်။ အချို့ကတော့ ပေါင် ၈၀ သန်းကို ကျော်လွန်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါပေမယ့် ချွင်းချက်တစ်ခုက ဂျာစီရောင်းအား မကျဖို့အတွက် လီဗာပူးဘက်က နာမည်ကြီး ကစားသမားတွေကို ရောင်းထုတ်ခြင်းတွေ မလုပ်ဖို့ဆိုတဲ့ လူကြီးလူကောင်း ကတိကို ကတိခံထားပါတယ်။ ဒါ့အပြင် ကလပ်ရဲ့ နာမည်ကြီး ကစားသမား တစ်ဦးဦးကို လက်လွတ်ရပြီဆိုရင် အခြားသော နာမည်ကြီး ကစားသမား တစ်ဦးဦးကို ပြန်ပြီး ခေါ်ယူမှုနဲ့ ဂျာစီ ရောင်းအားကို ထိန်းပေးရဖို့ ရှိပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ NB ရဲ့ လီဗာပူးဂျာစီ ရောင်းအားက သူတို့ ကုမ္ပဏီသမိုင်းမှာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဒီစံချိန် အတိုင်းဆိုရင် လီဗာပူးဟာ Nike နဲ့ လက်တွဲရာမှာလည်း ဂျာစီ ရောင်းအား ကောင်းဖို့ရှိပြီး စီးပွားရေးဆိုင်ရာ စာချုပ်ကို ရေရှည် သွားလိုတယ်ဆိုရင် ဒီစံချိန်ကို မဖြစ်မနေ ထိန်းရမှာဖြစ်လို့ ဒီနွေမှာ နာမည်ကြီး တစ်ဦးဦးကို ခေါ်ယူဖို့ ကြိုးစားလိမ့်မယ်လို့ ဆိုင်မွန် ဟုချ်က မှတ်ချက်ပေးသွားပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ Nike နဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္အရ ဒီေႏြမွာ နာမည္ၾကီး ကစားသမား ေခၚယူမႈကို လုပ္ရဖြယ္ရွိတယ္လို႔ လီဗာပူးသတင္းေထာက္ ဆိုင္မြန္ ဟုခ်္က The Athletic ကေန ေျပာဆိုသြားပါတယ္။

အဆိုပါ သတင္းက ေဖာ္ျပခ်က္မွာ လီဗာပူးဟာ လာမယ့္ ရာသီမွာေတာ့ ဂ်ာစီစပြန္ဆာအျဖစ္ ကာလတစ္ခု လက္တြဲခဲ့တဲ့ New Balance နဲ႔ လက္တြဲျဖဳတ္ျပီျဖစ္ျပီး Nike နဲ႔ ေျပာင္းလဲ လက္တြဲသြားမွာျဖစ္ပါတယ္။ လီဗာပူးက ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီကို Nike နဲ႔ လက္တြဲမယ္လို႔ေတာ့ ေၾကညာထားပါတယ္။ တကယ္တမ္း သက္တမ္းကေတာ့ ၅ ႏွစ္စာခ်ဳပ္ျဖစ္ပါတယ္။

ဇြန္လ ၁ ရက္ေန႔မွာ အသက္ဝင္မယ့္ အဆိုပါ စာခ်ဳပ္ဟာ ကိုဗစ္ျဖစ္ပြားမႈေၾကာင့္ ႏွစ္လ ေနာက္ဆုတ္ဖို႔ သံုးပြင့္ဆိုင္ ေဆြးေႏြးခဲ့ျပီး ၾသဂုတ္လ ၁ ရက္ေန႔မွာ စတင္ပါမယ္။ လီဗာပူူးက စပြန္ဆာေၾကးအျဖစ္ တစ္ရာသီ ေပါင္ ၃၀ သန္း ရမွာျဖစ္ျပီး ေစ်းကြက္အတြင္း ဂ်ာစီ ေရာင္းခ်မႈအရ အျမတ္ရဲ႕ ၂၀% ကို လီဗာပူးဘက္က ခံစားခြင့္ရပါမယ္။

ကမၻာလံုးဆိုင္ရာ အေနအထားမွာ လီဗာပူးရဲ႕ ပံုရိပ္ တိုးတက္လာမႈအရ ေစ်းကြက္မွာ ဘယ္ေလာက္ထိ ေတာင္းဆိုမႈအား မ်ားမလဲဆိုတာ မခန္႔မွန္းႏုိင္ေသးေပမယ့္ လီဗာပူးဘက္ကေတာ့ စာခ်ဳပ္သစ္အရ ကလပ္ဟာ Nike နဲ႔ လက္တြဲမႈကေန တစ္ႏွစ္ကို ေပါင္ ၆၀-၇၀ သန္းၾကား ရမယ္လို႔ ခန္႔မွန္းထားပါတယ္။ အခ်ိဳ႕ကေတာ့ ေပါင္ ၈၀ သန္းကို ေက်ာ္လြန္ႏုိင္တယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

ဒါေပမယ့္ ခၽြင္းခ်က္တစ္ခုက ဂ်ာစီေရာင္းအား မက်ဖို႔အတြက္ လီဗာပူးဘက္က နာမည္ၾကီး ကစားသမားေတြကို ေရာင္းထုတ္ျခင္းေတြ မလုပ္ဖို႔ဆိုတဲ့ လူၾကီးလူေကာင္း ကတိကို ကတိခံထားပါတယ္။ ဒါ့အျပင္ ကလပ္ရဲ႕ နာမည္ၾကီး ကစားသမား တစ္ဦးဦးကို လက္လြတ္ရျပီဆိုရင္ အျခားေသာ နာမည္ၾကီး ကစားသမား တစ္ဦးဦးကို ျပန္ျပီး ေခၚယူမႈနဲ႔ ဂ်ာစီ ေရာင္းအားကို ထိန္းေပးရဖို႔ ရွိပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ NB ရဲ႕ လီဗာပူးဂ်ာစီ ေရာင္းအားက သူတို႔ ကုမၸဏီသမိုင္းမွာ အျမင့္ဆံုးျဖစ္ခဲ့ပါတယ္။ ဒီစံခ်ိန္ အတိုင္းဆိုရင္ လီဗာပူးဟာ Nike နဲ႔ လက္တြဲရာမွာလည္း ဂ်ာစီ ေရာင္းအား ေကာင္းဖို႔ရွိျပီး စီးပြားေရးဆိုင္ရာ စာခ်ဳပ္ကို ေရရွည္ သြားလိုတယ္ဆိုရင္ ဒီစံခ်ိန္ကို မျဖစ္မေန ထိန္းရမွာျဖစ္လို႔ ဒီေႏြမွာ နာမည္ၾကီး တစ္ဦးဦးကို ေခၚယူဖို႔ ၾကိဳးစားလိမ့္မယ္လို႔ ဆိုင္မြန္ ဟုခ်္က မွတ္ခ်က္ေပးသြားပါတယ္။