လီဗာပူးအသင်းဟာ ဝါရင့် ဗဟိုခံစစ်မှူး လိုဗရန်ကို ရုရှားကလပ် ဇင်းနစ်အသင်းထံ ယူရို ၁၂ သန်းဖြင့် ရောင်းထုတ်ဖို့ ညိနှိုင်းနေပြီး နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။

လိုဗရန်ဘက်ကတော့ ဇင်းနစ်နဲ့ လုပ်ခ လစာပိုင်း ညိနှိုင်းနေကာ လီဗာပူးအသင်းကတော့ ပြောင်းရွှေ့ကြေးနဲ့ ပက်သက်ပြီး အသေးစိတ် ကိစ္စတွေကို ညိနှိုင်းနေတာဖြစ်တယ်။ တစ်ဆက်တည်းမှာပဲ လီဗာပူးအသင်းက လိုဗရန်နေရာ တိုက်ရိုက် အစားထိုးဖို့ ခံစစ်မှူး ခေါ်ယူမှုကို ပြုလုပ်သွားဖို့ ရှိနေပါတယ်။

လီဗာပူး သတင်းထောက်ပေါလ်ဂိျွုက်ရဲ့ ဖော်ပြမှုအရ အသင်းရဲ့ ဦးစားပေးကတော့ အသက် ၂၂ နှစ်အရွယ် အင်္ဂလန်သား ခံစစ်မှူး ဘမ်ဝိုက်ကို ခေါ်ယူရေးဖြစ်တယ်။ ဘရိုက်တန်ကနေ ချန်ပီယံရှစ် ချန်ပီယံ လိဒ်အသင်းကို အငှားထွက် ကစားနေခဲ့တဲ့ ဘမ်ဝိုက်ဟာ ဒီရာသီမှာ ထူးချွန်တဲ့ ခံစစ်မှူးအဖြစ် တောက်ပနေပြီး လီဗာပူးဘက်က ဂိုးမက်စ်ရဲ့ တွဲဘက်ဖြစ်လာဖို့ စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့် ဘရိုက်တန်ဘက်က ဘမ်ဝိုက်ကို ပေါင် သန်း ၂၀ ထက် နည်းရင် စိတ်ဝင်စားမှာ မဟုတ်သလို ဒီနွေမှာ ရောင်းထုတ်ဖို့က ဦးစားပေး မဟုတ်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။ လီဗာပူးဘက်ကတော့ အဲ့ထက် နည်းတဲ့ ပြောင်းရွှေ့ကြေးဖြင့် ချိတ်ဆက်နိုင်မယ်လို့ မျှော်လင့်နေပြီး အသေးစိတ် ကိစ္စတွေကိုတော့ လာမယ့် လတွေမှာ မြင်တွေ့ရမှာဖြစ်တယ်။

ဘမ်ဝိုက်ကို မရရင်တော့ လူငယ် ခံစစ်မှူးထက် အတွေ့အကြုံရှိ ခံစစ်မှူးကိုပဲ ခေါ်ယူဖို့ လီဗာပူး တာဝန်ရှိသူတွေ စဉ်းစားထားပါတယ်။ ဒုတိယဦးစားပေးအဖြစ် လာလီဂါကလပ် ရီးရဲလ်ဘက်တစ်မှ အယ်ဂျီးရီးယား ခံစစ်မှူး မန်ဒီကို စိတ်ဝင်စားနေတယ်။ အသက် ၂၈ နှစ်အရွယ် ခံစစ်မှူးဟာ ပြင်သစ်နဲ့ စပိန်တို့မှာ ပုံမှန် ပွဲထွက်ခွင့်တွေ ယူထားနိုင်တဲ့ ခံစစ်မှူးကောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

နာပိုလီ ခံစစ်မှူး ကူလီဘာလေနဲ့ သတင်း ထွက်မှုတွေ ရှိနေပေမယ့် ကောလဟာလ သတင်းတွေတင်ဖြစ်ပြီး လီဗာပူးက ဆီနီဂေါ ခံစစ်မှူးကို ခေါ်ယူဖို့ စိတ်မဝင်စားသလို ကမ်းလှမ်းမှု လုပ်မှာလည်း မဟုတ်ပါဘူး။

ZAWGYI

လီဗာပူးအသင္းဟာ ဝါရင့္ ဗဟိုခံစစ္မွဴး လိုဗရန္ကို ရုရွားကလပ္ ဇင္းနစ္အသင္းထံ ယူရို ၁၂ သန္းျဖင့္ ေရာင္းထုတ္ဖို႔ ညိႏိႈင္းေနျပီး ေနာက္ဆံုးအဆင့္ကို ေရာက္ေနျပီျဖစ္ပါတယ္။

လိုဗရန္ဘက္ကေတာ့ ဇင္းနစ္နဲ႔ လုပ္ခ လစာပိုင္း ညိႏိႈင္းေနကာ လီဗာပူးအသင္းကေတာ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ပက္သက္ျပီး အေသးစိတ္ ကိစၥေတြကို ညိႏိႈင္းေနတာျဖစ္တယ္။ တစ္ဆက္တည္းမွာပဲ လီဗာပူးအသင္းက လိုဗရန္ေနရာ တိုက္ရိုက္ အစားထိုးဖို႔ ခံစစ္မွဴး ေခၚယူမႈကို ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။

လီဗာပူး သတင္းေထာက္ေပါလ္ဂိြ်ဳက္ရဲ႕ ေဖာ္ျပမႈအရ အသင္းရဲ႕ ဦးစားေပးကေတာ့ အသက္ ၂၂ ႏွစ္အရြယ္ အဂၤလန္သား ခံစစ္မွဴး ဘမ္ဝိုက္ကို ေခၚယူေရးျဖစ္တယ္။ ဘရိုက္တန္ကေန ခ်န္ပီယံရွစ္ ခ်န္ပီယံ လိဒ္အသင္းကို အငွားထြက္ ကစားေနခဲ့တဲ့ ဘမ္ဝိုက္ဟာ ဒီရာသီမွာ ထူးခၽြန္တဲ့ ခံစစ္မွဴးအျဖစ္ ေတာက္ပေနျပီး လီဗာပူးဘက္က ဂိုးမက္စ္ရဲ႕ တြဲဘက္ျဖစ္လာဖို႔ စိတ္ဝင္စားေနပါတယ္။

ဒါေပမယ့္ ဘရိုက္တန္ဘက္က ဘမ္ဝိုက္ကို ေပါင္ သန္း ၂၀ ထက္ နည္းရင္ စိတ္ဝင္စားမွာ မဟုတ္သလို ဒီေႏြမွာ ေရာင္းထုတ္ဖို႔က ဦးစားေပး မဟုတ္ဘူးလို႔ ဆံုးျဖတ္ထားပါတယ္။ လီဗာပူးဘက္ကေတာ့ အဲ့ထက္ နည္းတဲ့ ေျပာင္းေရႊ႔ေၾကးျဖင့္ ခ်ိတ္ဆက္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ေနျပီး အေသးစိတ္ ကိစၥေတြကိုေတာ့ လာမယ့္ လေတြမွာ ျမင္ေတြ႔ရမွာျဖစ္တယ္။

ဘမ္ဝိုက္ကို မရရင္ေတာ့ လူငယ္ ခံစစ္မွဴးထက္ အေတြ႔အၾကံဳရွိ ခံစစ္မွဴးကိုပဲ ေခၚယူဖို႔ လီဗာပူး တာဝန္ရွိသူေတြ စဥ္းစားထားပါတယ္။ ဒုတိယဦးစားေပးအျဖစ္ လာလီဂါကလပ္ ရီးရဲလ္ဘက္တစ္မွ အယ္ဂ်ီးရီးယား ခံစစ္မွဴး မန္ဒီကို စိတ္ဝင္စားေနတယ္။ အသက္ ၂၈ ႏွစ္အရြယ္ ခံစစ္မွဴးဟာ ျပင္သစ္နဲ႔ စပိန္တို႔မွာ ပံုမွန္ ပြဲထြက္ခြင့္ေတြ ယူထားႏုိင္တဲ့ ခံစစ္မွဴးေကာင္း တစ္ဦးလည္း ျဖစ္ပါတယ္။

နာပိုလီ ခံစစ္မွဴး ကူလီဘာေလနဲ႔ သတင္း ထြက္မႈေတြ ရွိေနေပမယ့္ ေကာလဟာလ သတင္းေတြတင္ျဖစ္ျပီး လီဗာပူးက ဆီနီေဂါ ခံစစ္မွဴးကို ေခၚယူဖို႔ စိတ္မဝင္စားသလို ကမ္းလွမ္းမႈ လုပ္မွာလည္း မဟုတ္ပါဘူး။