PSG တိုက်စစ်မှူးနေမာဟာ ပြင်သစ်ဖလားဗိုလ်လုပွဲမှာ ရန်းနက်စ်ပရိသတ်တစ်ဦးကို လက်သီးဖြင့်ထိုးခဲ့မှုကြောင့် ၃ပွဲ ပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါပြီ။ အစောပိုင်းတုန်းကတော့ ရှစ်​ပွဲပယ်​ ပြစ်​ဒါဏ်​ကျခံရမယ်လို့တောင် သတင်းထွက်ထားခဲ့တာပါ။

ပီအက်ဂျီဟာ အဆိုပါပွဲစဉ်မှာ ရင်းနက်​စ်​ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဘရာဇီးသားဟာ သူ့ကိုလှောင်ပြောင်တဲ့ ပွဲကြည့်ပရိသတ်တစ်ဦးရဲ့ မျက်နှာကို ထိုးခဲ့တာဖြစ်တယ်။ ဖြစ်ရပ်ဟာ PSG က ဒုတိယဆုကို တက်ယူနေစဉ်မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပီအက်ဂျီဟာ ရင်းနက်​စ်ကို ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် လေးနှစ်ဆက် ပြင်သစ်ဖလား ချန်ပီယံအဖြစ်ကနေ အဆုံးသတ်သွားခဲ့ပါတယ်။ အဆိုပါပွဲ ပွဲချိန်တွင်း အနီကဒ် ပြသခံခဲ့ရတဲ့ တိုက်စစ်မှူး အမ်ဘာပေးကလည်း PSG ရဲ့ ပွဲသုံးပွဲကို လွဲချော်သွားဖို့ ရှိနေတာဖြစ်တယ်။

နေမာကို အရေးယူမှုဟာ ပြည်တွင်းပွဲတွေမှာ ထိရောက်မှာဖြစ်ပြီး PSG ရဲ့ ပြည်တွင်းပွဲ ၃ ပွဲက စားရဖို့ မရှိပါဘူး။ မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှူံးထွက်တုန်းက ဒိုင်လူကြီးတွေကို အင်စတာဂရမ်ကနေ ဆဲဆိုတဲ့စာတင်ခဲ့လို့လည်း ချန်ပီယံလိဂ်ပွဲ ၃ ပွဲ ကစားခွင့် ပိတ်ထားရပါသေးတယ်။

နောက်ရာသီ အစောပိုင်းတွေမှာတော့ နေမာဟာ ပြည်တွင်းကော၊ ပြည်ပပွဲတွေမှာပါ ပါဝင်ကစားနိုင်မှာ မဟုတ်တော့ပါဘူး။ နေမာဟာ ဒဏ်ရာကနေ ပြန်သက်သာပြီးဖြစ်လို့ ဘရာဇီးအသင်းရဲ့ ကိုပါအမေရိက ဖလားမှာတော့ ပါဝင်ကစားနိုင်ပါလိမ့်မယ်။