ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးဟာ ကွင်းလယ်နဲ့ ပက်သက်ပြီး စိစစ်မှုတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ပိုမို ကျယ်ပြန့်လာခဲ့ပြီ ဖြစ်ပါတယ်။
ဘိုင်ယန်ကနေ ထွက်ခွာဖို့ သေချာတဲ့ အယ်ကန်တာရာကို ခေါ်ယူဖို့ ရေပန်းအစားဆုံး အသင်းက လီဗာပူး ဖြစ်ပေမယ့်လည်း အခုချိန်ထိ တရားဝင် ကမ်းလှမ်းမှု မလုပ်သေးပါဘူး။ အယ်ကန်တာရာအတွက် ဘိုင်ယန်က ယူရို သန်း ၄၀ တောင်းပေမယ့် လီဗာပူးဘက်က ကမ်းလှမ်းမှု လုပ်ရင်လည်း ယူရို ၂၅ သန်းထက် ပိုမှာ မဟုတ်ဘူးလို့ ဂျာမနီသတင်းထောက်တွေက အခိုင်အမာ ဆိုထားပါတယ်။
ဒီကနေ့မှာတော့ အင်္ဂလန် သတင်းဌာနတွေကဘက် လီဗာပူးဟာ ကွင်းလယ်အတွက် အင်အားဖြည့်ဖို့ စဉ်းစားရာမှာ လက်စတာအသင်းမှ လူငယ် တိုက်စစ်အားသန်လေး ဘန်းစ်ကို စိတ်ဝင်စားနေတယ်လို့ ဖော်ပြလာကြတယ်။ အင်္ဂလန် ယူ-၂၁ အသင်း အသင်းသားဟာ ဘယ်တောင်ပံ၊ ဘယ်ခြမ်းကွင်းလယ်နဲ့ ကွင်းလယ်တိုက်စစ်နေရာတွေကို အဓိက ကစားသူဖြစ်ပါတယ်။
မနှစ်ကရာသီကစပြီး ဘန်းစ်ရဲ့ တောက်ပမှုကို စမြင်လာရတာပါ။ သူဟာ ဝက်ဘရွန်းကို အငှားထွက်ပြီး ခြေစွမ်းကောင်းလာတာကြောင့် လက်စတာက ပြန်ခေါ်ခြင်း ခံခဲ့ရတယ်။ မန်နေဂျာရော်ဂျာက ဘန်းစ်ကို အတော်လေး နေရာပေးကာ ဒီရာသီ လက်စတာရဲ့ အကောင်းဆုံး လူငယ်ဆုအတွက် ရေပန်းစားနေပါတယ်။
ကွင်းလယ်လူ လယ်လာနာ ထွက်ခွာသွားမှာဖြစ်သလို မီလ်နာ အသက်အရွယ် ရလာတဲ့ အနေအထားမှာ လီဗာပူးဟာ ကွင်းလယ်အတွက် ကစားသမားသစ်တွေ စတင်စောင့်ကြည့်လာနေတာပါ။ လီဗာပူးကင်းထောက်စနစ်ဟာ ကစားသမား တစ်ဦးကို ကာလရှည် စောင့်ကြည့်မှု လုပ်လေ့ရှိတာကြောင့် ဘန်းစ်ကိုလည်း အနာဂတ်အတွက် ရည်ရွယ်တဲ့ စောင့်ကြည့်မှုလို့ ယူဆရပါတယ်။
လက်စတာဘက်ကတော့ ဘန်းစ်ကို လွယ်လွယ် လက်လွတ်ခံမှာ မဟုတ်သလို ဈေးပေါပေါနဲ့ ထွက်ခွင့်ပေးဖွယ် မရှိပါဘူး။
ZAWGYI
ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးဟာ ကြင္းလယ္နဲ႔ ပက္သက္ျပီး စိစစ္မႈေတြ လုပ္ေနတယ္ဆိုတဲ့ သတင္းေတြ ပိုမို က်ယ္ျပန္႔လာခဲ့ျပီ ျဖစ္ပါတယ္။
ဘိုင္ယန္ကေန ထြက္ခြာဖို႔ ေသခ်ာတဲ့ အယ္ကန္တာရာကို ေခၚယူဖို႔ ေရပန္းအစားဆံုး အသင္းက လီဗာပူး ျဖစ္ေပမယ့္လည္း အခုခ်ိန္ထိ တရားဝင္ ကမ္းလွမ္းမႈ မလုပ္ေသးပါဘူး။ အယ္ကန္တာရာအတြက္ ဘိုင္ယန္က ယူရို သန္း ၄၀ ေတာင္းေပမယ့္ လီဗာပူးဘက္က ကမ္းလွမ္းမႈ လုပ္ရင္လည္း ယူရို ၂၅ သန္းထက္ ပိုမွာ မဟုတ္ဘူးလို႔ ဂ်ာမနီသတင္းေထာက္ေတြက အခိုင္အမာ ဆိုထားပါတယ္။
ဒီကေန႔မွာေတာ့ အဂၤလန္ သတင္းဌာနေတြကဘက္ လီဗာပူးဟာ ကြင္းလယ္အတြက္ အင္အားျဖည့္ဖို႔ စဥ္းစားရာမွာ လက္စတာအသင္းမွ လူငယ္ တိုက္စစ္အားသန္ေလး ဘန္းစ္ကို စိတ္ဝင္စားေနတယ္လုိ႔ ေဖာ္ျပလာၾကတယ္။ အဂၤလန္ ယူ-၂၁ အသင္း အသင္းသားဟာ ဘယ္ေတာင္ပံ၊ ဘယ္ျခမ္းကြင္းလယ္နဲ႔ ကြင္းလယ္တိုက္စစ္ေနရာေတြကို အဓိက ကစားသူျဖစ္ပါတယ္။
မႏွစ္ကရာသီကစျပီး ဘန္းစ္ရဲ႕ ေတာက္ပမႈကို စျမင္လာရတာပါ။ သူဟာ ဝက္ဘရြန္းကို အငွားထြက္ျပီး ေျခစြမ္းေကာင္းလာတာေၾကာင့္ လက္စတာက ျပန္ေခၚျခင္း ခံခဲ့ရတယ္။ မန္ေနဂ်ာေရာ္ဂ်ာက ဘန္းစ္ကို အေတာ္ေလး ေနရာေပးကာ ဒီရာသီ လက္စတာရဲ႕ အေကာင္းဆံုး လူငယ္ဆုအတြက္ ေရပန္းစားေနပါတယ္။
ကြင္းလယ္လူ လယ္လာနာ ထြက္ခြာသြားမွာျဖစ္သလို မီလ္နာ အသက္အရြယ္ ရလာတဲ့ အေနအထားမွာ လီဗာပူးဟာ ကြင္းလယ္အတြက္ ကစားသမားသစ္ေတြ စတင္ေစာင့္ၾကည့္လာေနတာပါ။ လီဗာပူးကင္းေထာက္စနစ္ဟာ ကစားသမား တစ္ဦးကို ကာလရွည္ ေစာင့္ၾကည့္မႈ လုပ္ေလ့ရွိတာေၾကာင့္ ဘန္းစ္ကိုလည္း အနာဂတ္အတြက္ ရည္ရြယ္တဲ့ ေစာင့္ၾကည့္မႈလို႔ ယူဆရပါတယ္။
လက္စတာဘက္ကေတာ့ ဘန္းစ္ကို လြယ္လြယ္ လက္လြတ္ခံမွာ မဟုတ္သလို ေစ်းေပါေပါနဲ႔ ထြက္ခြင့္ေပးဖြယ္ မရွိပါဘူး။