ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၉ အာဆီယံ ယူ-၁၅ အမျိုးသမီးချန်ပီယံရှစ်ပွဲစဉ်မှာ မြန်မာ အသင်းက အရှေ့တီမောအသင်းကို ၂၆-၀ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

မြန်မာအသင်းအတွက် အဖွင့်ပွဲဖြစ်ပြီး တီမောဟာ မြန်မာအသင်းကို လုံးဝ ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ပထမပိုင်းတွင် သွင်းဂိုး ၁၅ ဂိုး၊ ဒုတိယပိုင်းတွင် သွင်းဂိုး ၁၁ ဂိုး ပေးခဲ့ရခြင်းဖြစ်ပါတယ်။

အဆိုပါပွဲမှာ မြန်မာ ယူ ၁၅ အမျိုးသမီးအသင်းမှ အသင်းသား ၉ ဦးအထိ ဂိုးသွင်းနိုင်ခဲ့ပြီး ဆုမြတ်နိုး တစ်ဦးတည်းက ၇ ဂိုးထိ သွင်းယူပေးခဲ့ပါတယ်။

မြန်မာအသင်းဟာ ပြိုင်ပွဲရဲ့ အုပ်စု-က မှာ ပါဝင်နေတာဖြစ်ပြီး အုပ်စုတွင်းမှာ ဗီယက်တမ်၊ ဖိလစ်ပိုင်၊ တီမောတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။ အဖွင့်ပွဲကို အနိုင်ယူခဲ့တဲ့ မြန်မာအသင်းဟာ ဒုတိယပွဲအဖြစ် ဖိလစ်ပိုင်နဲ့ မေလ ၁၂ ရက်မှာ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။