မန်နေဂျာယာဂင်ကလော့ပ်က နှစ်ရာသီဆက် လီဗာပူးရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းကို ပါဝင်ကစားသွားတဲ့ ဗန်ဒိုက်ကို အနားယူပါလို့ တားဆီးရ သိပ်ခက်ခဲတယ်လို့ ဝန်ခံလိုက်ပါတယ်။
ဗန်ဒိုက်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ်အားလုံး မိနစ်အားလုံးကို ပါဝင်ကစားခဲ့သူပါ။ ဒါကြောင့် ၁၉၈၇-၈၈ ခုနှစ်နဲ့ ၁၉၈၈-၈၉ ခုနှစ်တွေမှာ နှစ်ရာသီဆက် ပွဲချိန်ပြည့် ပါဝင်ကစားတဲ့ စတိဗ် နီကိုးနောက်ပိုင်း လီဗာပူးအတွက် နှစ်ရာသီအပြည့် ကစားပေးနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာပါတယ်။
ကလော့ပ်ကပဲ “ ဗန်ဒိုက်က ထပ်ပြီး ချီးကျူးမှုတွေ လိုသေးရဲ့လားတောင် ကျနော် မသိဘူး။ သူက သိပ်ကောင်းတယ်၊ အရမ်းကောင်းတဲ့ ဗဟိုခံစစ်မှူးပါပဲ။ သူက ထူးရှယ်ကစားသမားပါ။ ဘောလုံးစွမ်းရည်တွေကို ပေါင်းစပ် ပိုင်ဆိုင်ထားတဲ့ စပယ်ရှယ်ကြီးပါ။ သူ့ရဲ့ စိတ်ဓါတ် ခံယူချက်ကလည်း သိပ်မြင့်ပါတယ်။ သိပ်ကောင်းတဲ့ ခံစစ်မှူးလိုပဲ ပြောလိုပါတယ်။ လူကောင်းတစ်ဦးလည်းဖြစ်ပါတယ်။ ” လို့ ဆိုခဲ့တယ်။
ဗန်ဒိုက်ဟာ ရုပ်ပိုင်းဆိုင်ရာ သိပ်ကောင်းသူဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ဆောက်သမ်တန်ကနေ ပြောင်းလာပြီးနောက်ပိုင်း လီဗာပူး လိုအပ်တဲ့ အချိန်တွေမှာ အမြဲ ရှိထားသူပါ။ တောင်းဆိုမှုလည်း သိပ်များတဲ့ ခံစစ်မှူးဟာ သူကိုယ်တိုင်ကလည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အမြဲ အသင့်ရှိနေဖို့ ကြိုးစားထားသူဖြစ်တယ်။
“ ပွဲတွေမှာပဲ သူ အနားယူမှုတွေ လုပ်ပါတယ်။ သူ့ရဲ့ မောင်းနှင်နိုင်စွမ်းကလည်း အံ့မခန်းပါပဲ။ ရသေးတယ်၊ ကစားလို့ ရသေးတယ် ဆိုတာချည်းပဲ။ တကယ်ကို ထူးခြားလွန်းသူပါဗျာ။ သူ့မှာ ကြီးမားတဲ့ ပစ်မှတ်လဲရှိတယ်။ သူက ပြိုင်ပွဲ ၃၈ ပွဲလုံးကို ထပ်ပြီးလည်း ပွဲအားလုံး ပါဝင်ကစားလိုနေသေးတယ်။
သူ့ကစားသမားဘဝ နောက်ဆုံး အချိန်ထိ ဒီလို လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲ့တာဆိုရင် သိပ်ကောင်းမှာပါ။ သူ့ကို အနားယူဖို့ တိုက်တွန်းရတာ သိပ်ခက်ပါတယ်။ အရမ်းကို ခက်တာပါ။ သူကလည်း ကစားသလောက်ကို ကောင်းလွန်းနေတယ်။ ဒီစွမ်းဆောင်ရည်အတိုင်း ဆက်ရှိနေဖို့ မျှော်လင့်တယ်။
ဒါပေမယ့် အခုချိန်မှာတော့ သူ နားရက် နှစ်ပတ် ယူကို ယူရပါမယ်။ သူဘာမှ ဆက်လုပ်စရာလည်း မလိုတော့ပါဘူး။ သူအနားယူရမှာ သေချာပါတယ် ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
မန္ေနဂ်ာယာဂင္ကေလာ့ပ္က ႏွစ္ရာသီဆက္ လီဗာပူးရဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္တိုင္းကို ပါဝင္ကစားသြားတဲ့ ဗန္ဒိုက္ကို အနားယူပါလို႔ တားဆီးရ သိပ္ခက္ခဲတယ္လို႔ ဝန္ခံလိုက္ပါတယ္။
ဗန္ဒိုက္ဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ ပြဲစဥ္အားလံုး မိနစ္အားလံုးကို ပါဝင္ကစားခဲ့သူပါ။ ဒါေၾကာင့္ ၁၉၈၇-၈၈ ခုႏွစ္နဲ႔ ၁၉၈၈-၈၉ ခုႏွစ္ေတြမွာ ႏွစ္ရာသီဆက္ ပြဲခ်ိန္ျပည့္ ပါဝင္ကစားတဲ့ စတိဗ္ နီကိုးေနာက္ပိုင္း လီဗာပူးအတြက္ ႏွစ္ရာသီအျပည့္ ကစားေပးႏုိင္တဲ့ ပထမဆံုး ကစားသမားျဖစ္လာပါတယ္။
ကေလာ့ပ္ကပဲ “ ဗန္ဒိုက္က ထပ္ျပီး ခ်ီးက်ဴးမႈေတြ လိုေသးရဲ႕လားေတာင္ က်ေနာ္ မသိဘူး။ သူက သိပ္ေကာင္းတယ္၊ အရမ္းေကာင္းတဲ့ ဗဟိုခံစစ္မွဴးပါပဲ။ သူက ထူးရွယ္ကစားသမားပါ။ ေဘာလံုုးစြမ္းရည္ေတြကို ေပါင္းစပ္ ပိုင္ဆုိင္ထားတဲ့ စပယ္ရွယ္ၾကီးပါ။ သူ႔ရဲ႕ စိတ္ဓါတ္ ခံယူခ်က္ကလည္း သိပ္ျမင့္ပါတယ္။ သိပ္ေကာင္းတဲ့ ခံစစ္မွဴးလိုပဲ ေျပာလိုပါတယ္။ လူေကာင္းတစ္ဦးလည္းျဖစ္ပါတယ္။ ” လို႔ ဆိုခဲ့တယ္။
ဗန္ဒိုက္ဟာ ရုပ္ပိုင္းဆုိင္ရာ သိပ္ေကာင္းသူျဖစ္ျပီး ၂၀၁၈ ခုႏွစ္မွာ ေဆာက္သမ္တန္ကေန ေျပာင္းလာျပီးေနာက္ပိုင္း လီဗာပူး လိုအပ္တဲ့ အခ်ိန္ေတြမွာ အျမဲ ရွိထားသူပါ။ ေတာင္းဆိုမႈလည္း သိပ္မ်ားတဲ့ ခံစစ္မွဴးဟာ သူကိုယ္တုိင္ကလည္း စိတ္ပိုင္းဆိုင္ရာ၊ ရုပ္ပိုင္းဆိုင္ရာ အျမဲ အသင့္ရွိေနဖို႔ ၾကိဳးစားထားသူျဖစ္တယ္။
“ ပြဲေတြမွာပဲ သူ အနားယူမႈေတြ လုပ္ပါတယ္။ သူ႔ရဲ႕ ေမာင္းႏွင္ႏုိင္စြမ္းကလည္း အံ့မခန္းပါပဲ။ ရေသးတယ္၊ ကစားလို႔ ရေသးတယ္ ဆိုတာခ်ည္းပဲ။ တကယ္ကို ထူးျခားလြန္းသူပါဗ်ာ။ သူ႔မွာ ၾကီးမားတဲ့ ပစ္မွတ္လဲရွိတယ္။ သူက ျပိဳင္ပြဲ ၃၈ ပြဲလံုးကို ထပ္ျပီးလည္း ပြဲအားလံုး ပါဝင္ကစားလိုေနေသးတယ္။
သူ႔ကစားသမားဘဝ ေနာက္ဆံုး အခ်ိန္ထိ ဒီလို လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ အဲ့တာဆိုရင္ သိပ္ေကာင္းမွာပါ။ သူ႔ကို အနားယူဖို႔ တိုက္တြန္းရတာ သိပ္ခက္ပါတယ္။ အရမ္းကို ခက္တာပါ။ သူကလည္း ကစားသေလာက္ကို ေကာင္းလြန္းေနတယ္။ ဒီစြမ္းေဆာင္ရည္အတိုင္း ဆက္ရွိေနဖို႔ ေမွ်ာ္လင့္တယ္။
ဒါေပမယ့္ အခုခ်ိန္မွာေတာ့ သူ နားရက္ ႏွစ္ပတ္ ယူကို ယူရပါမယ္။ သူဘာမွ ဆက္လုပ္စရာလည္း မလိုေတာ့ပါဘူး။ သူအနားယူရမွာ ေသခ်ာပါတယ္ ” လို႔ ကေလာ့ပ္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။