စကိုင်းစပေါ့မှ ဘောလုံးခန့်မှန်းသူ ပေါလ်မာဆန်ကတော့ လာမယ့်ရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားကို လီဗာပူးအသင်းပဲ အနိုင်ရသွားဦးမယ်လို့ မြင်ပါကြောင်း ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ ရမှတ် ၉၉ မှတ်ဖြင့် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တာပါ။ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယ အမြင့်ဆုံး ရမှတ်ဖြင့် ဗိုလ်ဆွဲခဲ့ခြင်းဖြစ်တယ်။ တကယ်တမ်း ချီးကျူးရမှာကတော့ လီဗာပူးရဲ့ ကုန်ခဲ့တဲ့ ၂ ရာသီအတွင်း ရမှတ် စုဆောင်းနိုင်မှုဖြစ်ပြီး လီဗာပူးဟာ ၉၇ မှတ်နဲ့ ၉၉ မှတ်ထိ ရမှတ် ရယူပြခဲ့တာဖြစ်ပါတယ်။

ပေါလ်မာဆန်က “ လာမယ့်ရာသီမှာ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို ထပ်မံ ကိုင်မြောက်နိုင်ခြင်း မရှိရင် ကျနော် အံ့အားသင့်မိမှာပါ။ မန်စီးတီးက ထူးချွန်တဲ့ အသင်းဖြစ်ပေမယ့် အမှားတွေ မရှိတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ပုံစံကောင်းတွေ ထိခိုက်တဲ့ နေ့ရက်တွေ ရှိပါတယ်။

လီဗာပူးကတော့ မန်စီးတီးထက်စာရင် ပိုပြီး တည်ငြိမ်လွန်းပါတယ်။ သူတို့က ကစားပုံ မကောင်းရင်တောင်မှ အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ မန်စီးတီးကတော့ အဲ့အပိုင်းမှာ လီဗာပူးလို လုပ်ပြနိုင်စွမ်း မရှိပါဘူး။ မန်စီးတီးရဲ့ ခံစစ်ကလည်း အရမ်းကြီး မကောင်းပါဘူး ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်တယ်။

လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ ချယ်ဆီးနဲ့ ယူနိုက်တက်တို့ကလည်း အားဖြည့်လာမှာပါ။ ဒါ့အပြင် အာဆင်နယ်နဲ့ စပါးတို့ကလည်း အာတီတာနဲ့ မော်ရင်ညို လက်အောက်တွေမှာ ပိုမိုတိုးတက်လာနိုင်လို့ ကြည့်ကောင်းတဲ့ ပြိုင်ဆိုင်မှု ဖြစ်လာပါလိမ့်မယ်။

ZAWGYI

စကိုင္းစေပါ့မွ ေဘာလံုးခန္႔မွန္းသူ ေပါလ္မာဆန္ကေတာ့ လာမယ့္ရာသီမွာလည္း ပရီးမီးယားလိဂ္ဖလားကို လီဗာပူးအသင္းပဲ အႏုိင္ရသြားဦးမယ္လို႔ ျမင္ပါေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးအသင္းဟာ ဒီရာသီမွာ ရမွတ္ ၉၉ မွတ္ျဖင့္ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ခဲ့တာပါ။ ဒါဟာ ပရီးမီးယားလိဂ္သမုိင္းမွာ ဒုတိယ အျမင့္ဆံုး ရမွတ္ျဖင့္ ဗိုလ္ဆြဲခဲ့ျခင္းျဖစ္တယ္။ တကယ္တမ္း ခ်ီးက်ဴးရမွာကေတာ့ လီဗာပူးရဲ႕ ကုန္ခဲ့တဲ့ ၂ ရာသီအတြင္း ရမွတ္ စုေဆာင္းႏုိင္မႈျဖစ္ျပီး လီဗာပူးဟာ ၉၇ မွတ္နဲ႔ ၉၉ မွတ္ထိ ရမွတ္ ရယူျပခဲ့တာျဖစ္ပါတယ္။

ေပါလ္မာဆန္က “ လာမယ့္ရာသီမွာ လီဗာပူးအသင္းက ပရီးမီးယားလိဂ္ ခ်န္ပီယံဆုဖလားကို ထပ္မံ ကိုင္ေျမာက္နုိင္ျခင္း မရွိရင္ က်ေနာ္ အံ့အားသင့္မိမွာပါ။ မန္စီးတီးက ထူးခၽြန္တဲ့ အသင္းျဖစ္ေပမယ့္ အမွားေတြ မရွိတာ မဟုတ္ပါဘူး။ သူတို႔ရဲ႕ ပံုုစံေကာင္းေတြ ထိခုိက္တဲ့ ေန႔ရက္ေတြ ရွိပါတယ္။

လီဗာပူးကေတာ့ မန္စီးတီးထက္စာရင္ ပိုျပီး တည္ျငိမ္လြန္းပါတယ္။ သူတို႔က ကစားပံု မေကာင္းရင္ေတာင္မွ အႏုိင္ယူႏုိင္စြမ္း ရွိပါတယ္။ မန္စီးတီးကေတာ့ အဲ့အပိုင္းမွာ လီဗာပူးလို လုပ္ျပႏုိင္စြမ္း မရွိပါဘူး။ မန္စီးတီးရဲ႕ ခံစစ္ကလည္း အရမ္းၾကီး မေကာင္းပါဘူး ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္တယ္။

လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚဖို႔ ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္တို႔ကလည္း အားျဖည့္လာမွာပါ။ ဒါ့အျပင္ အာဆင္နယ္နဲ႔ စပါးတို႔ကလည္း အာတီတာနဲ႔ ေမာ္ရင္ညိဳ လက္ေအာက္ေတြမွာ ပိုမိုတိုးတက္လာႏုိင္လုိ႔ ၾကည့္ေကာင္းတဲ့ ျပိဳင္ဆုိင္မႈ ျဖစ္လာပါလိမ့္မယ္။