လီဗာပူးရဲ့ နွေလှုပ်ရှားမှုကို စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေကို မန်နေဂျာကလော့ပ်က နွေ အစီအစဉ်နဲ့ ပက်သက်ပြီး ထုတ်ပြောမှု လုပ်ခဲ့ပြီဖြစ်ပါတယ်။
ကလော့ပ်ကပဲ ” မန်နေဂျာတစ်ယောက်ရဲ့ ကစားသမားတွေကို ကိုင်တွယ်ပုံက မျှော်လင့်ထားသလို မဟုတ်ပါဘူး။ လူစာရင်း ၄၀ လောက်မှာ ၂၀ လောက်ကို ရွေးရပေမယ့် ကျန် ၂၀ လောက်ကို မသုံးဘူးဆိုတာမျိုးလည်း မဟုတ်ဘူး။ ကိုယ်ကို ချန်ထားမယ့် လူစာရင်းမှာ ကျနော် ဆိုရင်လည်း မနေလိုပါဘူး။ အပြောင်းအရွှေ့ ကိစ္စတွေက အလှည့်အပြောင်းတွေ များပြားသလို ဒီကိစ္စထဲမှာ စီးပွားရေးပိုင်းတွေလည်း အများကြီး ပါပါတယ်။
အပြောင်းအရွှေ့နဲ့ ပက်သက်ပြီး ကျနော် ဖြေဆိုမှုတွေ လုပ်ဖူးပါတယ်။ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာမျိုးက ပြောရ ခက်ပါတယ်။ အနာဂတ်နဲ့ ပက်သက်ပြီး ကျနေ်ာတို့က အမြဲတမ်း ဆင်ခြင် ပိုင်းခြားမှုတွေ လုပ်နေရမှာ ဖြစ်သလို အပြောင်းအရွှေ့အတွက် ရန်ပုံငွေ အခြေအနေကိုလည်း နားလည်ဖို့ လိုပါတယ်။
ကျနေ်ာတို့ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတယ်။ လာမယ့်ရာသီ အစောပိုင်းမှာတင် ချန်ပီယံလိဂ် ပြိုင်ပွဲကို ပါဝင်ရမယ်ဆိုတာက ကောင်းပါတယ်။ ဒါပေမယ့် သီတင်းပတ် အနည်းငယ်ထိ လာမယ့်ရာသီ ချန်ပီယံလိဂ်ကို ကစားမလား မသေချာသေးပါဘူး။ ဒီတော့ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ငွေဆိုတာကို ကျနေ်ာတို့ ထည့်တွက်လို့ မရပါဘူး။
ကျနေ်ာတို့က လီဗာပူးအသင်း အောင်မြင်ရေးကို ကိုယ်စားပြုနေရသူတွေပါ။ လီဗာပူးအတွက် အလုပ်လုပ်နေပြီး ဒီအသင်းကပဲ အရာအားလုံးပါလို့ သက်မှတ်ထားသူတွေကို ကိုယ်စားပြုနေရတာဖြစ်လို့ အသင်းအောင်မြင်ဖို့ ဘာလုပ်မလဲအတွက် ကျနေ်ာတို့ သေချာ စဉ်းစား လုပ်ဆောင်ရဖို့ လိုအပ်ပါတယ်။ အခြေအနေတွေကို သေချာမသိရသေးဘူးဆိုရင် ကျနေ်ာတို့ စိတ်ရှည်ရမှာ ဖြစ်ပါတယ်။
ကျနေ်ာတို့မှာ လူစာရင်းကောင်းလည်း ရှိထားပါတယ်။ ကျနေ်ာတို့ ဘာလုပ်နိုင်လဲ ဘာလုပ်ဖို့လိုလဲ ဒါတွေကို သိပါတယ်။ ကျနေ်ာတို့အတွက် အချိန် လိုပါတယ် ” လို့ ဆိုခဲ့ပါတယ်။
ZAWGYI
ကျနော်တို့က လီဗာပူးအသင်း အောင်မြင်ရေးကို ကိုယ်စားပြုနေရသူတွေပါ။ လီဗာပူးအတွက် အလုပ်လုပ်နေပြီး ဒီအသင်းကပဲ အရာအားလုံးပါလို့ သက်မှတ်ထားသူတွေကို ကိုယ်စားပြုနေရတာဖြစ်လို့ အသင်းအောင်မြင်ဖို့ ဘာလုပ်မလဲအတွက် ကျနော်တို့ သေချာ စဉ်းစား လုပ်ဆောင်ရဖို့ လိုအပ်ပါတယ်။ အခြေအနေတွေကို သေချာမသိရသေးဘူးဆိုရင် ကျနော်တို့ စိတ်ရှည်ရမှာ ဖြစ်ပါတယ်။
ကျနော်တို့မှာ လူစာရင်းကောင်းလည်း ရှိထားပါတယ်။ ကျနော်တို့ ဘာလုပ်နိုင်လဲ ဘာလုပ်ဖို့လိုလဲ ဒါတွေကို သိပါတယ်။ ကျနော်တို့အတွက် အချိန် လိုပါတယ် ” လို့ ဆိုခဲ့ပါတယ်။