မန်ယူကွင်းလယ်လူ ပေါ့ဘာအနေနဲ့ လာမယ့် အပြောင်းအရွှေ့မှာ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ စိတ်ဝင်စားနေတာပါ။ အဲ့သည်အတွက်လည်း အေးဂျင့်ဖြစ်သူ ရိုင်အိုလာက အတော်လေး လှုပ်ရှားပေးနေပါတယ်။

ပေါ့ဘာရဲ့ အေးဂျင့် ဖြစ်သူ ရွိုင်အိုလာက ၄င်း ကစားသမားဟာ စာချုပ်သစ် လက်မှတ်ထိုးတော့မှာ မဟုတ်ဘူးလို့ မန်ချက်စတာ ယူနိုက်တက်ကို အကြောင်းကြားထားပြီး ရီးရဲလ်အတွက် အသက် 26 နှစ်အရွယ် ပြင်သစ်သားကို ဘာနေဗျူးထံ ခေါ်ဆောင်ဖို့ ပို အရေးသာလာစေခဲ့တယ်။

နောက်ဆုံးရ သတင်းများမှာလည်း ပေါ့ဘာနဲ့ ရီးရဲလ် အပြောင်းအရွှေ့ကလည်း ဖြစ်လုနီးပါး အခြေအနေ ရှိပြီး လာမယ့် အပြောင်းအရွှေ့အတွင်း ယူရို သန်း 150 နဲ့ ခေါ်ယူခွင့်ရဖို့ အကြိုစကားပြောမှုတွေ လုပ်ကာ ရာသီကုန်မှာ ဆွေးနွေးမှုတွေ စတင်မယ်လို့ သိထားရပါတယ်။

ဒါပေမယ့် အေဂျက်မှ ဒီလစ်၊ ယူနိုက်တက်မှ ပေါ့ဘာအပြင် နာမည်ကြီး ထိပ်သီးကစားသမားတွေကို ချုပ်ကိုင်ထားတဲ့ ရွိုင်အိုလာဟာ အပြောင်းအရွှေ့ များမှာ ခလောက်ဆန်မှုကြောင့် အီတလီဘောလုံး အဖွဲ့ချုပ်အပြင် ဖီဖာကပါ ကမ္ဘာတလွှား အပြောင်းအရွှေ့ ကိစ္စများ လုပ်ဆောင်ခြင်းကို ၃ လ ပိတ်ပင်လိုက်တာကြောင့် နာမည်ကျော် ကစားသမားတွေ လာမယ့် အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ အခက်တွေ့ကုန်ခဲ့ပါပြီ။

ရွိုင်းအိုလာရဲ့ ပြစ်ဒဏ်က သြဂုတ်လ ၉ ရက်နေ့ထိ အသက်ဝင်နေမှာပါ။ မန်ချက်စတာယူနိုက်တက်ကနေ ထွက်မယ်လို့ လှုပ်ခတ်နေတဲ့ ပေါ့ဘာတစ်ယောက် အနေအထား ကလည်း မသေချာ ဖြစ်လာခဲ့ပါပြီ။ ဒါဟာ ဆိုးရှားရဲ့ အနာဂတ် အစီအစဉ်တွေကိုပါ ရိုက်ခတ်လာနိုင်တာ ဖြစ်ပါတယ်။