မန်စီးတီးဟာ ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ရာသီသိမ်းပွဲအဖြစ် ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အမှတ်ပေး ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ရာ အပြီးသတ်ဖို့ လိုအပ်နေတဲ့ ပွဲတစ်ပွဲကို အနိုင်ယူရမှာဖြစ်ပါတယ်။

အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် ဗင်းဆင့် ကွန်ပနီကို သက်တမ်းတိုးပြီး ဆက်လက် ခေါ်ယူထားခြင်းက မန်စီးတီးအတွက် လာမယ့်နွေမှာ ကောင်းမွန်တဲ့ အပြောင်းအရွှေ့ကြီး တစ်ခုလို့ ယူဆနိုင်ကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက တိုက်တွန်းထားပါတယ်။

စီးတီး ကွင်းလယ်သမား ဒီဘရိုင်းဟာ ပြီးခဲ့တဲ့နှစ်ရက် အသင်း ထရိန်နင်မှာ ပါဝင်ထားတာကြောင့် တနင်္ဂနွေနေ့ ဘရိုက်တန်နဲ့ ပွဲမှာ ပါဝင်ဖွယ် ရှိကြောင်း ဂွာဒီယိုလာက ပွဲကြိုရှင်းလင်းပွဲ မှာ အတည်ပြုသွားပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကတော့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် အမှတ်ပေးပွဲ နောက်ဆုံးပွဲမှာ အသင်းသားတွေကို တည်တည်ငြိမ်ငြိမ်ရှိဖို့နဲ့ ဘရိုက်တန်ကို ရင်ဆိုင်ရာမှာ ရလာမယ့် ဒုက္ခတွေကို အကောင်းဆုံး ကိုင်တွယ်ဖို့ရာ နိုးကြားနေဖို့ အသင်းသားတွေကို သတိပေးလိုက်ပါတယ်။

ဘာနာတိုရဲ့ အရေးပါမှုနဲ့ ပက်သက်ပြီး သူက အကောင်းဆုံးကစားသမားဖြစ်ပြီး မန်စီးတီးမှာတင် မကပဲ ကမ္ဘာပေါ်က ဘယ်အသင်းမှာမဆို ကစားနိုင်သူဖြစ်တယ်လို့ ဂွာဒီယိုလာက ချီးကျူးခဲ့ပါတယ်။ ဘာနာတိုဟာ ဒီအပတ်တွေမှာ ဘာစီလိုနာနဲ့ သတင်းတွေ ထွက်နေတာပါ။

မန်စီးတီးနဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမားဟောင်း ယာယာတိုရေးဟာ ဘောလုံးကစားခြင်းမှ အနားယူသွားပါပြီ။ ၄င်းဟာ အိုလံပီယာကော့စ် အသင်းနဲ့ ၄င်းရဲ့ နောက်ဆုံးပွဲ ကစားခဲ့ပြီ ဖြစ်ပါတယ်။

သတင်းမီဒီယာတွေက မန်စီးတီးထက် လီဗာပူးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေချင်တယ်ဆိုတာ မှန်ကောင်း မှန်နိုင်ပေမယ့် သတင်းသမားတွေမှာ ဘက်လိုက်တင်ဆက်မှုများ မရှိထားဘူးလို့ လီဗာပူးကစားသမားဟောင်းကြီး ကာရေဂါက ဂွာဒီယိုလာ စွပ်စွဲခဲ့မှုကို ချေပလိုက်ပါတယ်။

စီးတီးမန်နေဂျာ ဂွာဒီယိုလာက ဘရိုက်တန်နဲ့ ပွဲမှာ ကိုယ်က အရင်ဂိုးသွင်းရင် ကောင်းမှာဖြစ်ပေမယ့် ဘရိုက်တန်က ခံစစ်ကို ဘယ်လိုကစားတဲ့ အသင်းဆိုတာ လေ့လာထားမယ်လို့ ဆိုပါတယ်။ ဒီအပတ်တွေမှာ အသင်းတွေက နောက်ဆုံးမိနစ်ထိ တိုက်ခိုက်ပြထားလို့ ပွဲကို အလိုရှိတဲ့ အတိုင်း ကစားနိုင်ဖို့ အာရုံစိုက်မယ်လို့လည်း ဆိုခဲ့ပါတယ်။

လီဗာပူးနဲ့ ၇ မှတ်သွားစဉ်က ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ မျှော်လင့်ချက် ပြီးဆုံးသွားပြီ ထင်ခဲ့မိကြောင်း မန်စီးတီး မန်နေဂျာ ဂွာဒီယိုလာက ၀န်ခံပြောကြားလိုက်ပါတယ်။