ဝတ်ဖိုဒ့် တိုက်စစ်သမား ဆာက လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းကြီးနေမှုအတွက် မေးခွန်းထုတ်ခံရချိန်မှာ သူလည်း လီဗာပူးလို အသင်းမှာ ကစားလိုပါတယ်လို့ ဝန်ခံခဲ့ပါတယ်။

ဝတ်ဖိုဒ့်က ဆာအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ရလိုတယ်လို့ သတင်းလွှင့်ထားပြီး ဆီနီဂေါ တိုက်စစ်သမားကို အပြီးသတ် ရောင်းချမယ်လို့တော့ မဆုံးဖြတ်ရသေးပါဘူး။ အဆိုပါ ပြောင်းရွှေ့ကြေးနဲ့ဆိုရင်တော့ ဆာကို ကမ်းလှမ်းမယ့် ကလပ်တွေ နည်းပါးနိုင်ပါတယ်။

ဆာက ပြောရာမှာ “ လီဗာပူးက သိပ်ကောင်းတဲ့အသင်းပါ။ လူတိုင်းကတော့ အဲ့အသင်းမှာ ကစားလိုတာပေါ့။ သူတို့က ပရီးမီးယားလိဂ် အောင်မြင်ထားတယ်။ မနှစ်တုန်းက ချန်ပီယံလိဂ် အနိုင်ရထားတယ်။ ဒါပေမယ့် အင်္ဂလန်မှာ အခြားသော အသင်းကောင်းတွေလည်း ရှိနေပါသေးတယ်။

ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျနော် အခုချိန်ထိ ဆုံးဖြတ်ချက် မလုပ်ရသေးပါဘူး။ ကျနော် ထွက်ခွာမယ်ဆိုရင် အသင်းကောင်း တစ်သင်းမှာ ကစားရဖို့ မျှော်လင့်ပါတယ်။ ဒီအခြေအနေမှာတော့ ခန့်မှန်းသတင်းတွေပဲ ရှိနေပါသေးတယ်။ ” ဆိုပြီးဖြစ်တယ်။

ဆာက သူဟာ အသင်းကြီးတွေမှာ ကစားလိုပေမယ့် ဝတ်ဖိုဒ့်ကို ပစ်ပယ်ပြီး သွားမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ ကလပ်နဲ့ သူ့ကြား စာချုပ်ကို လေးစားမှာဖြစ်ပြီး မရောင်းထုတ်ရင်လည်း ဝတ်ဖိုဒ့်နဲ့ ချန်ပီယံရှစ် ကစားသွားမှာပါ။

ဆာက “ ဝတ်ဖိုဒ့်နဲ့ ကျနော်မှာ ၄ နှစ် စာချုပ် ရှိနေပါတယ်။ အကယ်လို့ ဝတ်ဖိုဒ့်က ဆက်နေစေလိုရင် ဆက်နေမှာပါ။ ချန်ပီယံရှစ်ကိုလည်း ကစားမှာပါ။ အခြေအနေက ကျနော်အပေါ်ကော သူတို့အပေါ်မှာပါ မူတည်ပါတယ်။ ဒါက ပုံမှန်ပါပဲ။

ပုဂ္ဂိုလ်ရေးအရ တန်းဆင်းရတာကို ကျနော် နာကျင်ရပါတယ်။ ဒီလိုဖြစ်မယ်လို့ မထင်ခဲ့ဘူး။ ချန်ပီယံရှစ်ကို မသွားရဖို့ အစွမ်းကုန် ကြိုးစားမယ်လို့ ကျနော် ဆုံးဖြတ်ထားခဲ့တယ်။ တန်းဆင်းရတာက ကျနေ်ာတို့ ခြေစွမ်း အရမ်းဆိုးတာကြောင့်တော့ မဟုတ်ပါဘူး။ နိုင်ရမယ့် ပွဲတွေကို မနိုင်ခဲ့တာ၊ အိမ်ကွင်းပွဲတွေ မနိုင်တာတွေကြောင့်လည်း ပါခဲ့ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

ဝတ္ဖိုဒ့္ တိုက္စစ္သမား ဆာက လီဗာပူးနဲ႔ အေျပာင္းအေရႊ႔ သတင္းၾကီးေနမႈအတြက္ ေမးခြန္းထုတ္ခံရခ်ိန္မွာ သူလည္း လီဗာပူးလို အသင္းမွာ ကစားလိုပါတယ္လို႔ ဝန္ခံခဲ့ပါတယ္။

ဝတ္ဖုိဒ့္က ဆာအတြက္ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၄၀ ရလိုတယ္လို႔ သတင္းလႊင့္ထားျပီး ဆီနီေဂါ တိုက္စစ္သမားကို အျပီးသတ္ ေရာင္းခ်မယ္လို႔ေတာ့ မဆံုးျဖတ္ရေသးပါဘူး။ အဆိုပါ ေျပာင္းေရႊ႔ေၾကးနဲ႔ဆိုရင္ေတာ့ ဆာကို ကမ္းလွမ္းမယ့္ ကလပ္ေတြ နည္းပါးႏုိင္ပါတယ္။

ဆာက ေျပာရာမွာ “ လီဗာပူးက သိပ္ေကာင္းတဲ့အသင္းပါ။ လူတိုင္းကေတာ့ အဲ့အသင္းမွာ ကစားလိုတာေပါ့။ သူတို႔က ပရီးမီးယားလိဂ္ ေအာင္ျမင္ထားတယ္။ မႏွစ္တုန္းက ခ်န္ပီယံလိဂ္ အႏုိင္ရထားတယ္။ ဒါေပမယ့္ အဂၤလန္မွာ အျခားေသာ အသင္းေကာင္းေတြလည္း ရွိေနပါေသးတယ္။

ရိုးရိုးသားသား ေျပာရမယ္ဆိုရင္ က်ေနာ္ အခုခ်ိန္ထိ ဆံုးျဖတ္ခ်က္ မလုပ္ရေသးပါဘူး။ က်ေနာ္ ထြက္ခြာမယ္ဆိုရင္ အသင္းေကာင္း တစ္သင္းမွာ ကစားရဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒီအေျခအေနမွာေတာ့ ခန္႔မွန္းသတင္းေတြပဲ ရွိေနပါေသးတယ္။ ” ဆိုျပီးျဖစ္တယ္။

ဆာက သူဟာ အသင္းၾကီးေတြမွာ ကစားလိုေပမယ့္ ဝတ္ဖိုဒ့္ကို ပစ္ပယ္ျပီး သြားမွာ မဟုတ္ေၾကာင္းလည္း ေျပာပါတယ္။ ကလပ္နဲ႔ သူ႔ၾကား စာခ်ဳပ္ကို ေလးစားမွာျဖစ္ျပီး မေရာင္းထုတ္ရင္လည္း ဝတ္ဖိုဒ့္နဲ႔ ခ်န္ပီယံရွစ္ ကစားသြားမွာပါ။

ဆာက “ ဝတ္ဖိုဒ့္နဲ႔ က်ေနာ္မွာ ၄ ႏွစ္ စာခ်ဳပ္ ရွိေနပါတယ္။ အကယ္လို႔ ဝတ္ဖိုဒ့္က ဆက္ေနေစလိုရင္ ဆက္ေနမွာပါ။ ခ်န္ပီယံရွစ္ကိုလည္း ကစားမွာပါ။ အေျခအေနက က်ေနာ္အေပၚေကာ သူတို႔အေပၚမွာပါ မူတည္ပါတယ္။ ဒါက ပံုမွန္ပါပဲ။

ပုဂၢိဳလ္ေရးအရ တန္းဆင္းရတာကို က်ေနာ္ နာက်င္ရပါတယ္။ ဒီလိုျဖစ္မယ္လို႔ မထင္ခဲ့ဘူး။ ခ်န္ပီယံရွစ္ကို မသြားရဖို႔ အစြမ္းကုန္ ၾကိဳးစားမယ္လို႔ က်ေနာ္ ဆံုးျဖတ္ထားခဲ့တယ္။ တန္းဆင္းရတာက က်ေန္ာတို႔ ေျခစြမ္း အရမ္းဆိုးတာေၾကာင့္ေတာ့ မဟုတ္ပါဘူး။ ႏုိင္ရမယ့္ ပြဲေတြကို မႏုိင္ခဲ့တာ၊ အိမ္ကြင္းပြဲေတြ မႏုိင္တာေတြေၾကာင့္လည္း ပါခဲ့ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။