လီဗာပူးအသင်းက လူငယ်အသင်းမှ ခံစစ်မှူး Billy Koumetio ကို ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ် ပေးခဲ့ပြီဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ ပြင်သစ်ကလပ် US Orleans ကနေ လီဗာပူးအသင်း ခေါ်ယူခဲ့တဲ့ Koumetio ဟာ လိုင်ယွန်အသင်းမှာ ငယ်စဉ်ဘဝက ကစားခဲ့သူပါ။ မနှစ်က ဒဏ်ရာပြဿနာ အနည်းငယ်ရှိခဲ့ပေမယ့် ယူ-၁၈ အသင်းရဲ့ အထင်ကြီးစရာ အကောင်းဆုံးသော ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

လူကောင်ကြီးမားတဲ့ Koumetio ဟာ အသက် ၁၇ နှစ်ပဲ ရှိသေးပြီး အရပ်အမောင်းက ၆ ပေ ၅ လက်မ မြင့်မားကာ လူထွားကြီးအဖြစ် မှတ်ချက်ပေးခံနေရသူပါ။ ရုပ်ပိုင်းဆိုင်ရာ သန်မာတဲ့သူက ခံစစ်ကနေ ကစားကွက်တည်ဆောက်မှုမှာ ကောင်းကောင်းကြီး အကွက်မြင်သူဖြစ်တယ်။ သူက တည်ငြိမ်ပြီး ဘောလုံး ရှင်းထုတ်နိုင်စွမ်းရှိတယ်။

ဘယ်ခြေအားသန်သလို အဝေးဘောပေးနိုင်စွမ်း သိပ်ကောင်းပါတယ်။ အောက်တိုဘာတုန်းက အာဆင်နယ်နဲ့ ရင်ဆိုင်ကစားတဲ့ ကာရာဘောင်းပပွဲမှာ သူက ပထမအသင်း ပွဲနေ့လူစာရင်းမှာ ပါဝင်ခဲ့ပြီး အဲ့တုန်းက ၁၆ နှစ်ပဲ ရှိပါသေးတယ်။ အန်ဖီးကွင်းမှာ လီဗာပူးက ဘာစီလိုနာကို ၄-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ဘောကောင်းသမားအဖြစ် အန်ဖီးကွင်းမှာ သူရှိနေခဲ့ပါတယယ်။

ယူအီးအက်ဖ်အေ လူငယ်အသင်းမှာ ပါဝင်ကစားခဲ့ပြီး ဘင်ဖီကာကို အရေးနိမ့်လို့ အသင်း ထွက်ခွာခဲ့ရချိန်မှာ Koumetio က ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘူး။ လီဗာပူးက အဲဗာတန်ကို ၆-၁ နဲ့ နိုင်တဲ့ပွဲ၊ ယူနိုက်တက်ကို ၄-၃ နဲ့ နိုင်တဲ့ ယူ-၁၈ ပွဲတွေမှာ သူပါဝင်ကစားခဲ့တယ်။

Koumetio က ” ကျနော်က ကိုယ်ပိုင်နည်းလမ်း ရှာဖွေနေပေပမယ့် ဗန်ဒိုက်က ကျနော်အပေါ် သက်ရောက်မှု သိပ်ကြီးပါတယ်။ အချိန်အတော်များများမှာ သူ့ရဲ့ ကစားဟန်ကို ကျနော် လေ့လာခဲ့ပြီး အတုခိုးကစားတာတွေကိုတောင် ကြိးစားကြည့်မိတယ်။

အာဆင်နယ်နဲ့ပွဲတုန်းက ပွဲနေ့ လူစာရင်းမှာ ပါခဲ့ရတာ သိပ်ကောင်းပါတယ်။ ပထမအသင်းအဖြစ် အန်ဖီးကွင်းကို သွားရမယ်ဆိုတော့ အံ့သြ တုန်လှုပ်မိတယ်။ ဒါက ကြိုးစားမှုကြောင့် ရတဲ့ အခွင့်အရေးပဲလေ။ အဲ့ညကပေးတဲ့ တွန်းအားကြောင့် ကျနော်ပိုပြီး ကြိးစားလာခဲ့တယ်။

ယာဂင်ကလော့ပ်ကလည်း ကျနော်အပေါ် သက်ရောက်မှု ကြီးပါတယ်။ သူက အကယ်ဒမီ ကစားသမားတွေကို အတော်လေး စိတ်ဝင်စားတယ်။ အကယ်ဒမီနဲ့လည်း မဲဝုဒ်မှာ အလုပ် တွဲလုပ်ပါတယ်။ ဒါက ကစားသမားတွေကို စိတ်တက်ကြွစေပါတယ် ” လို့ ပြောဆိုခဲ့သေးတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းက လူငယ္အသင္းမွ ခံစစ္မွဴး Billy Koumetio ကို ပထမဆံုး ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ ေပးခဲ့ျပီျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္မွာ ျပင္သစ္ကလပ္ US Orleans ကေန လီဗာပူးအသင္း ေခၚယူခဲ့တဲ့ Koumetio ဟာ လိုင္ယြန္အသင္းမွာ ငယ္စဥ္ဘဝက ကစားခဲ့သူပါ။ မႏွစ္က ဒဏ္ရာျပႆနာ အနည္းငယ္ရွိခ့ဲေပမယ့္ ယူ-၁၈ အသင္းရဲ႕ အထင္ၾကီးစရာ အေကာင္းဆံုးေသာ ကစားသမားလည္း ျဖစ္ခဲ့ပါတယ္။

လူေကာင္ၾကီးမားတဲ့ Koumetio ဟာ အသက္ ၁၇ ႏွစ္ပဲ ရွိေသးျပီး အရပ္အေမာင္းက ၆ ေပ ၅ လက္မ ျမင့္မားကာ လူထြားၾကီးအျဖစ္ မွတ္ခ်က္ေပးခံေနရသူပါ။ ရုပ္ပိုင္းဆိုင္ရာ သန္မာတဲ့သူက ခံစစ္ကေန ကစားကြက္တည္ေဆာက္မႈမွာ ေကာင္းေကာင္းၾကီး အကြက္ျမင္သူျဖစ္တယ္။ သူက တည္ျငိမ္ျပီး ေဘာလံုး ရွင္းထုတ္ႏုိင္စြမ္းရွိတယ္။

ဘယ္ေျခအားသန္သလို အေဝးေဘာေပးႏုိင္စြမ္း သိပ္ေကာင္းပါတယ္။ ေအာက္တိုဘာတုန္းက အာဆင္နယ္နဲ႔ ရင္ဆိုင္ကစားတဲ့ ကာရာေဘာင္းပပြဲမွာ သူက ပထမအသင္း ပြဲေန႔လူစာရင္းမွာ ပါဝင္ခဲ့ျပီး အဲ့တုန္းက ၁၆ ႏွစ္ပဲ ရွိပါေသးတယ္။ အန္ဖီးကြင္းမွာ လီဗာပူးက ဘာစီလိုနာကို ၄-၀ နဲ႔ အႏုိင္ရတဲ့ပြဲမွာ ေဘာေကာင္းသမားအျဖစ္ အန္ဖီးကြင္းမွာ သူရွိေနခဲ့ပါတယယ္။

ယူအီးအက္ဖ္ေအ လူငယ္အသင္းမွာ ပါဝင္ကစားခဲ့ျပီး ဘင္ဖီကာကို အေရးနိမ့္လို႔ အသင္း ထြက္ခြာခဲ့ရခ်ိန္မွာ Koumetio က ဒဏ္ရာေၾကာင့္ မပါဝင္ႏုိင္ခဲ့ဘူး။ လီဗာပူးက အဲဗာတန္ကို ၆-၁ နဲ႔ ႏုိင္တဲ့ပြဲ၊ ယူႏုိက္တက္ကို ၄-၃ နဲ႔ ႏုိင္တဲ့ ယူ-၁၈ ပြဲေတြမွာ သူပါဝင္ကစားခဲ့တယ္။

Koumetio က ” က်ေနာ္က ကိုယ္ပိုင္နည္းလမ္း ရွာေဖြေနေပပမယ့္ ဗန္ဒိုက္က က်ေနာ္အေပၚ သက္ေရာက္မႈ သိပ္ၾကီးပါတယ္။ အခ်ိန္အေတာ္မ်ားမ်ားမွာ သူ႔ရဲ႕ ကစားဟန္ကို က်ေနာ္ ေလ့လာခဲ့ျပီး အတုခိုးကစားတာေတြကိုေတာင္ ၾကိးစားၾကည့္မိတယ္။

အာဆင္နယ္နဲ႔ပြဲတုန္းက ပြဲေန႔ လူစာရင္းမွာ ပါခဲ့ရတာ သိပ္ေကာင္းပါတယ္။ ပထမအသင္းအျဖစ္ အန္ဖီးကြင္းကို သြားရမယ္ဆိုေတာ့ အံ့ၾသ တုန္လႈပ္မိတယ္။ ဒါက ၾကိဳးစားမႈေၾကာင့္ ရတဲ့ အခြင့္အေရးပဲေလ။ အဲ့ညကေပးတဲ့ တြန္းအားေၾကာင့္ က်ေနာ္ပိုျပီး ၾကိးစားလာခဲ့တယ္။

ယာဂင္ကေလာ့ပ္ကလည္း က်ေနာ္အေပၚ သက္ေရာက္မႈ ၾကီးပါတယ္။ သူက အကယ္ဒမီ ကစားသမားေတြကို အေတာ္ေလး စိတ္ဝင္စားတယ္။ အကယ္ဒမီနဲ႔လည္း မဲဝုဒ္မွာ အလုပ္ တြဲလုပ္ပါတယ္။ ဒါက ကစားသမားေတြကို စိတ္တက္ၾကြေစပါတယ္ ” လို႔ ေျပာဆိုခဲ့ေသးတာျဖစ္ပါတယ္။