မန်နေဂျာယာဂင်ကလော့ပ်ဟာ သူ့ရဲ့ အလိုဆန္ဒအတွက် အကယ်ဒမီ ကစားသမားတွေကို ချနင်းမှုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ The Athletic က ဖော်ပြသွားပါတယ်။

မန်နေဂျာကလော့ပ်ဟာ အကယ်ဒမီထွက် လူငယ်လေး ထရန့်ကို ညာအစွန်နေရာအတွက် တာဝန်ပေးခဲ့စဉ် မတိုင်ခင်တည်းက ထရန့်ဟာ စီနီယာအသင်းနဲ့ လေ့ကျင့်ရေးတွေမှာ အကောင်းဆုံး ပါဝင်ထားခဲ့ပြီဖြစ်တယ်။ ဒါ့အပြင် လီဗာပူးအတွက် ထရန့် ပွဲကစားပေးမှု ၁၀၀ ပြည့်ချိန်မှာတောင် အခြားသော အကယ်ဒမီထွက်တွေဖြစ်တဲ့ အဒမ် လူးဝစ်နဲ့ ဂျိမ်းနော်ရစ်တို့ကို လူစာရင်းထဲ အတင်းထည့်တာမျိုးကို ကလော့ပ် မလုပ်ခဲ့ပါဘူး။

အတိတ်မှာတုန်းက မန်နေဂျာရာဖေး ဘင်နီတက်စ်ဟာ ကလပ်က ဘယ်အစွန်လူသစ် လိုတယ်ဆိုတာကို ဘုတ်အဖွဲ့ကို ပြသဖို့အတွက် အသက် ၁၆ နှစ်အရွယ် အကယ်ဒမီကစားသမားလေး ဂျက် ရော်ဘင်ဆန်ကို ပွဲထွက်ကစားစေခဲ့တယ်။ ရော်ဘင်ဆန်ဟာ အသက်ငယ်ငယ်နဲ့ မျှော်လင့်ချက်တွေ ပုံပိခဲ့ပြီး တိုးတက်မလာခဲ့ဘဲ လီဗာပူးကနေ ထွက်ခွာခဲ့ရတယ်။ လက်ရှိမှာတော့ ရှက်ဖီး ယူနိုက်တက်ကို ရောက်ရှိနေခဲ့ပါပြီ။

ကလော့ပ်ကတော့ ဘင်နီတက်စ်လို နည်းဗျူဟာကို အသုံးမပြုတတ်ဘဲ လိုအပ်လာမယ်ဆိုရင် စီနီယာ ကစားသမားကြီးတွေကို နေရာပြောင်း ကစားစေတာမျိုးကိုပဲ ဦးစားပေးခဲ့တယ်။ မီလ်နာကို ဘယ်အစွန်၊ ဟန်ဒါဆန်ကို ညာအစွန်တွေထိ ထုတ်သုံးခဲ့ပြီး ဟန်ဒါဆန်၊ ဖာဘင်ညိုနဲ့ ဝိုက်နယ်ဒမ်တို့က လူစာရင်း လိုအပ်ချက်အရ ဗဟိုခံစစ်မှူးနေရာတွေမှာလည်း ကစားပေးခဲ့ကြပါတယ်။

ကလော့ပ်ဟာ သူ့အသင်းမှာ လူစာရင်း လိုပါတယ်ဆိုတာကို ပြသဖို့အတွက်နဲ့ အကယ်ဒမီ ကစားသမားတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ အသင်းကြီးထံ ခေါ်ယူပြီး ဖိအားတွေ ဝင်စေလိုသူ မဟုတ်ဘူး။ သူက လူငယ်တွေကို သူတို့ အသက်အရွယ်အလိုက် ပုံမှန် ရှိရမယ့် ဖိအားတွေအောက်မှာပဲ တိုးတက်လာစေပြီး သင့်လျော်တဲ့ အခြေအနေရောက်မှ စီနီယာ လူစာရင်းထဲကို ထည့်သွင်းတတ်သူဖြစ်တယ်။

တူညီတဲ့ လုပ်ဆောင်မှုအဖြစ် ဒီနွေမှာလည်း စတုတ္ထမြောက် ခံစစ်မှူးနေရာအတွက် ၁၈ နှစ်အရွယ်တွေပဲ ရှိသေးတဲ့ ဟိုဗာ၊ ဗန်ဒန်ဘယ်ရာတို့ကို စီနီယာအသင်းမှာ နေရာပေးခြင်း လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ဈေးကွက်ထဲမှာ မှန်ကန်တဲ့ ကစားသမား တစ်ဦးကို ခေါ်ယူခြင်းမျိုး လုပ်ဆောင်ဖို့ကိုပဲ ဦးစားပေးမှာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ သူ႔ရဲ႕ အလိုဆႏၵအတြက္ အကယ္ဒမီ ကစားသမားေတြကို ခ်နင္းမႈမ်ိဳး ဘယ္ေတာ့မွ လုပ္မွာ မဟုတ္ဘူးလို႔ The Athletic က ေဖာ္ျပသြားပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ အကယ္ဒမီထြက္ လူငယ္ေလး ထရန္႔ကို ညာအစြန္ေနရာအတြက္ တာဝန္ေပးခဲ့စဥ္ မတိုင္ခင္တည္းက ထရန္႔ဟာ စီနီယာအသင္းနဲ႔ ေလ့က်င့္ေရးေတြမွာ အေကာင္းဆံုး ပါဝင္ထားခဲ့ျပီျဖစ္တယ္။ ဒါ့အျပင္ လီဗာပူးအတြက္ ထရန္႔ ပြဲကစားေပးမႈ ၁၀၀ ျပည့္ခ်ိန္မွာေတာင္ အျခားေသာ အကယ္ဒမီထြက္ေတြျဖစ္တဲ့ အဒမ္ လူးဝစ္နဲ႔ ဂ်ိမ္းေနာ္ရစ္တို႔ကို လူစာရင္းထဲ အတင္းထည့္တာမ်ိဳးကို ကေလာ့ပ္ မလုပ္ခဲ့ပါဘူး။

အတိတ္မွာတုန္းက မန္ေနဂ်ာရာေဖး ဘင္နီတက္စ္ဟာ ကလပ္က ဘယ္အစြန္လူသစ္ လိုတယ္ဆိုတာကို ဘုတ္အဖြဲ႔ကို ျပသဖို႔အတြက္ အသက္ ၁၆ ႏွစ္အရြယ္ အကယ္ဒမီကစားသမားေလး ဂ်က္ ေရာ္ဘင္ဆန္ကို ပြဲထြက္ကစားေစခဲ့တယ္။ ေရာ္ဘင္ဆန္ဟာ အသက္ငယ္ငယ္နဲ႔ ေမွ်ာ္လင့္ခ်က္ေတြ ပံုပိခဲ့ျပီး တိုးတက္မလာခဲ့ဘဲ လီဗာပူးကေန ထြက္ခြာခဲ့ရတယ္။ လက္ရွိမွာေတာ့ ရွက္ဖီး ယူႏုိက္တက္ကို ေရာက္ရွိေနခဲ့ပါျပီ။

ကေလာ့ပ္ကေတာ့ ဘင္နီတက္စ္လို နည္းဗ်ဴဟာကို အသံုးမျပဳတတ္ဘဲ လိုအပ္လာမယ္ဆိုရင္ စီနီယာ ကစားသမားၾကီးေတြကို ေနရာေျပာင္း ကစားေစတာမ်ိဳးကိုပဲ ဦးစားေပးခဲ့တယ္။ မီလ္နာကို ဘယ္အစြန္၊ ဟန္ဒါဆန္ကို ညာအစြန္ေတြထိ ထုတ္သံုးခဲ့ျပီး ဟန္ဒါဆန္၊ ဖာဘင္ညိဳနဲ႔ ဝိုက္နယ္ဒမ္တို႔က လူစာရင္း လိုအပ္ခ်က္အရ ဗဟိုခံစစ္မွဴးေနရာေတြမွာလည္း ကစားေပးခဲ့ၾကပါတယ္။

ကေလာ့ပ္ဟာ သူ႔အသင္းမွာ လူစာရင္း လိုပါတယ္ဆိုတာကို ျပသဖို႔အတြက္နဲ႔ အကယ္ဒမီ ကစားသမားေတြကို ငယ္ငယ္ရြယ္ရြယ္နဲ႔ အသင္းၾကီးထံ ေခၚယူျပီး ဖိအားေတြ ဝင္ေစလိုသူ မဟုတ္ဘူး။ သူက လူငယ္ေတြကို သူတို႔ အသက္အရြယ္အလိုက္ ပံုမွန္ ရွိရမယ့္ ဖိအားေတြေအာက္မွာပဲ တိုးတက္လာေစျပီး သင့္ေလ်ာ္တဲ့ အေျခအေနေရာက္မွ စီနီယာ လူစာရင္းထဲကို ထည့္သြင္းတတ္သူျဖစ္တယ္။

တူညီတဲ့ လုပ္ေဆာင္မႈအျဖစ္ ဒီေႏြမွာလည္း စတုတၳေျမာက္ ခံစစ္မွဴးေနရာအတြက္ ၁၈ ႏွစ္အရြယ္ေတြပဲ ရွိေသးတဲ့ ဟိုဗာ၊ ဗန္ဒန္ဘယ္ရာတို႔ကို စီနီယာအသင္းမွာ ေနရာေပးျခင္း လုပ္ေဆာင္မွာ မဟုတ္ပါဘူး။ ေစ်းကြက္ထဲမွာ မွန္ကန္တဲ့ ကစားသမား တစ္ဦးကို ေခၚယူျခင္းမ်ိဳး လုပ္ေဆာင္ဖို႔ကိုပဲ ဦးစားေပးမွာ ျဖစ္ပါတယ္။