ဂုဏ်သိက္ခာရှိ ဂျာမနီ ဘွန်ဒက်လီဂါ အကြီးတန်း သတင်းထောက် Christian Falk က လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးနေရာအတွက် ရှော်ကေးအသင်းမှ အိုဇန် ကာဘတ်ကို ကမ်းလှမ်းမှုလုပ်ဖို့ အခြေအနေ လေ့လာနေတယ်လို့ ထုတ်ပြောလိုက်ပါတယယ်။

ရှော်ကေးအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာရှိနေပြီး လီဗာပူးက ကာဘတ်ကို ခေါ်ယူရေးကိစ္စအား ဝင်ရောက်ဖို့ အခြေအနေ ကြည့်နေတယ်လို့ အပြောင်းအရွှေ့ podcast မှာ Falk က ထုတ်ပြောလိုက်တာပါ။ ရှော်ကေး သူတို့ရဲ့ အကောင်းဆုံး ကစားသမား ၃ ဦးထဲက တစ်ဦးဖြစ်တဲ့ အိုဇန် ကာဘတ်ကို ရောင်းချဖို့ လိုအပ်တဲ့ထိ ငွေကြေးလိုအပ်မှုတွေ ရှိနေပါတယ်။

အသက် ၂၀ အရွယ် တူရကီသားဟာ ဒီနွေမှာပဲ လီဗာပူးကနေ ထွက်ခွာသွားတဲ့ လိုဗရန်နေရာ အစားထိုးဖို့ မာဆေးဆိုဒ်ကလပ် စောင့်ကြည့်နေသူတွေထဲ ပါဝင်သူတစ်ဦးပါ။ လီဗာပူးက ဘရိုက်တန်မှ ဘမ်ဝိုက်၊ ရှော်ကေးမှ အိုဇန် ကာဘတ်၊ ဘက်တစ်မှ မန်ဒီတို့ထဲက တစ်ဦးကို ခေါ်ယူဖို့ ရည်ရွယ်ထားပါတယ်။

တူညီတဲ့ ကိစ္စမျိုးက ၂၀၁၇ တုန်းက ဖြစ်ခဲ့ဖူးပြီး ရိုးမားအသင်း ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲကြောင့် ဆာလက်ကို ရောင်းထုတ်မှုမှာ လီဗာပူးက ကြားဝင်ခဲ့သေးတာဖြစ်တယ်။ အဲ့တုန်းက လီဗာပူးဟာ ဆာလက်ကို ဈေးသက်သက်သာသာဖြင့် ယူရို ၄၂ သန်းနဲ့တင် ခေါ်ယူနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ရိုးမားဘက်က အယ်လီဆန်ကို ရောင်းထုတ်စဉ် ဆာလက် နစ်နာကြေးဆိုပြီး ထည့်တောင်းရတဲ့ထိ သက်ရောက်မှု ရှိခဲ့ပါတယ်။

အိုဇန် ကာဘတ်ရဲ့ စာချုပ်ပါကြေးကလည်း ယူရို သန်း ၄၀ လောက်ထိ ရှိထားတာပါ။ ဒါပေမယ့် လီဗာပူးက ယူရို ၂၈ သန်းဖြင့် ခေါ်ယူနိုင်မယ်လို့ သတင်းတွေ ထွက်နေပြီး အသင်းဘက်က စောင့်ဆိုင်းနေတာက တိကျတဲ့ ပြောင်းရွှေ့ကြေးတစ်ခုကို သိနိုင်ဖို့ဖြစ်မယ်လို့ ယူဆရပါတယ်။

ZAWGYI

ဂုဏ္သိကၡာရွိ ဂ်ာမနီ ဘြန္ဒက္လီဂါ အၾကီးတန္း သတင္းေထာက္ Christian Falk က လီဗာပူးအသင္းဟာ ဗဟိုခံစစ္မွဴးေနရာအတြက္ ေရွာ္ေကးအသင္းမွ အိုဇန္ ကာဘတ္ကို ကမ္းလွမ္းမႈလုပ္ဖို႔ အေျခအေန ေလ့လာေနတယ္လို႔ ထုတ္ေျပာလိုက္ပါတယယ္။

ေရွာ္ေကးအသင္းဟာ ဘ႑ာေရးဆုိင္ရာ ျပႆနာရွိေနျပီး လီဗာပူးက ကာဘတ္ကို ေခၚယူေရးကိစၥအား ဝင္ေရာက္ဖို႔ အေျခအေန ၾကည့္ေနတယ္လို႔ အေျပာင္းအေရႊ႔ podcast မွာ Falk က ထုတ္ေျပာလိုက္တာပါ။ ေရွာ္ေကး သူတို႔ရဲ႕ အေကာင္းဆံုး ကစားသမား ၃ ဦးထဲက တစ္ဦးျဖစ္တဲ့ အိုဇန္ ကာဘတ္ကို ေရာင္းခ်ဖို႔ လိုအပ္တဲ့ထိ ေငြေၾကးလိုအပ္မႈေတြ ရွိေနပါတယ္။

အသက္ ၂၀ အရြယ္ တူရကီသားဟာ ဒီေႏြမွာပဲ လီဗာပူးကေန ထြက္ခြာသြားတဲ့ လိုဗရန္ေနရာ အစားထိုးဖို႔ မာေဆးဆိုဒ္ကလပ္ ေစာင့္ၾကည့္ေနသူေတြထဲ ပါဝင္သူတစ္ဦးပါ။ လီဗာပူးက ဘရိုက္တန္မွ ဘမ္ဝိုက္၊ ေရွာ္ေကးမွ အိုဇန္ ကာဘတ္၊ ဘက္တစ္မွ မန္ဒီတို႔ထဲက တစ္ဦးကို ေခၚယူဖို႔ ရည္ရြယ္ထားပါတယ္။

တူညီတဲ့ ကိစၥမ်ိဳးက ၂၀၁၇ တုန္းက ျဖစ္ခဲ့ဖူးျပီး ရိုးမားအသင္း ဘ႑ာေရးဆိုင္ရာ အခက္အခဲေၾကာင့္ ဆာလက္ကို ေရာင္းထုတ္မႈမွာ လီဗာပူးက ၾကားဝင္ခဲ့ေသးတာျဖစ္တယ္။ အဲ့တုန္းက လီဗာပူးဟာ ဆာလက္ကို ေစ်းသက္သက္သာသာျဖင့္ ယူရို ၄၂ သန္းနဲ႔တင္ ေခၚယူႏုိင္ခဲ့တယ္။ ေနာက္ပိုင္းမွာ ရိုးမားဘက္က အယ္လီဆန္ကို ေရာင္းထုတ္စဥ္ ဆာလက္ နစ္နာေၾကးဆိုျပီး ထည့္ေတာင္းရတဲ့ထိ သက္ေရာက္မႈ ရွိခဲ့ပါတယ္။

အိုဇန္ ကာဘတ္ရဲ႕ စာခ်ဳပ္ပါေၾကးကလည္း ယူရို သန္း ၄၀ ေလာက္ထိ ရွိထားတာပါ။ ဒါေပမယ့္ လီဗာပူးက ယူရို ၂၈ သန္းျဖင့္ ေခၚယူႏုိင္မယ္လို႔ သတင္းေတြ ထြက္ေနျပီး အသင္းဘက္က ေစာင့္ဆိုင္းေနတာက တိက်တဲ့ ေျပာင္းေရႊ႔ေၾကးတစ္ခုကို သိႏုိင္ဖို႔ျဖစ္မယ္လို႔ ယူဆရပါတယ္။