အက်ဖ်အေဖလား တာဝန်ရှိသူတွေက လာမယ့်ရာသီမှာ ကျင်းပမယ့် အက်ဖ်အေပွဲတွေမှာ ရလဒ်မပြတ်သားရင် ပြန်ကန်ခြင်းကို ပယ်ဖျက်မယ်လို့ ကြေညာလိုက်ပါတယ်။

ကိုရိုနာကပ်ဘေးကြောင့် အခုလို စည်းမျဉ်း ပြောင်းခဲ့ခြင်းဖြစ်ပြီး လာမယ့်ရာသီ အက်ဖ်အေပွဲတွေမှာ ပြန်ကန်ပွဲတွေ မြင်တွေ့ရမှာ မဟုတ်ဘူး။ ခြေစစ်ပွဲ အဆင့်မှာတည်းက ရလဒ်ကို တစ်ပွဲတည်းနဲ့ပဲ ဆုံးဖြတ်မှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ ၂၀၂၁ ခုနှစ် မေလ ၁၅ ရက်လောက်မှာ ယှဉ်ပြိုင်စေဖို့ ရည်ရွယ်ထားပါတယ်။

တူညီတဲ့ နည်းလမ်းအတိုင်းပဲ ကာရာဘောင်း ပြိုင်ပွဲကိုလည်း မည်သည့် နှစ်ကျော့ ကစားမှုကိုမှ ထည့်သွင်းတော့မှာ မဟုတ်ဘဲ တစ်ပွဲတည်းဖြင့် ရလဒ်ကို ဆုံးဖြတ်စေဖို့ကကို အတည်ပြုသွားမှာဖြစ်တယ်။ ဒီကိစ္စဟာ ပရီးမီးယားလိဂ်ကို သက်ရောက်မှုရှိနိုင်ပြီး ပွဲဆက်များမှုကို လျော့ချနိုင်မယ်လို့ ယုံကြည်ရတယ်။

ကာရာဘောင်းပွဲအတွက်လည်း ဥရောပပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်တဲ့ ကလပ်တွေကို စီနီယာအသင်းအစား ယူ-၂၃ အသင်းတွေ ကိုယ်စား ဝင်ပြိုင်ခွင့်ပေးဖို့ ခွင့်ပြုနိုင်တယ်ဆိုတဲ့ သတင်းတွေ ကြားထားရပေမယ့် အသေအချာတော့ သတင်း မထွက်လာသေးပါဘူး။

ကိုဗစ်ကြောင့် ဒီရာသီ ဥရောပပြိုင်ပွဲကို နောက်ကျပြီးမှ ရာသီသိမ်းရသလို လာမယ့်ရာသီမှာလည်း ပြည်တွင်းပွဲတွေ၊ ဥရောပပွဲတွေနဲ့ ပွဲဆက်တွေ များဖို့ ရှိနေပါတယ်။ ဒါကြောင့် ကာရာဘောင်းကို လူငယ်အသင်းနဲ့ ဝင်ပြိုင်ခွင့်ပေးဖို့ ထိပ်တန်းအသင်းတွေက တောင်းဆိုလိုပြီး လိဂ်တာဝန်ရှိသူတွေကလည်း ခွင့်ပြုပေးဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ထားသေးတာ ဖြစ်ပါတယ်။

ZAWGYI

အက္ဖ္ေအဖလား တာဝန္ရွိသူေတြက လာမယ့္ရာသီမွာ က်င္းပမယ့္ အက္ဖ္ေအပြဲေတြမွာ ရလဒ္မျပတ္သားရင္ ျပန္ကန္ျခင္းကို ပယ္ဖ်က္မယ္လို႔ ေၾကညာလုိက္ပါတယ္။

ကိုရိုနာကပ္ေဘးေၾကာင့္ အခုလို စည္းမ်ဥ္း ေျပာင္းခဲ့ျခင္းျဖစ္ျပီး လာမယ့္ရာသီ အက္ဖ္ေအပြဲေတြမွာ ျပန္ကန္ပြဲေတြ ျမင္ေတြ႔ရမွာ မဟုတ္ဘူး။ ေျခစစ္ပြဲ အဆင့္မွာတည္းက ရလဒ္ကို တစ္ပြဲတည္းနဲ႔ပဲ ဆံုးျဖတ္မွာျဖစ္ျပီး ဗိုလ္လုပြဲကိုေတာ့ ၂၀၂၁ ခုႏွစ္ ေမလ ၁၅ ရက္ေလာက္မွာ ယွဥ္ျပိဳင္ေစဖို႔ ရည္ရြယ္ထားပါတယ္။

တူညီတဲ့ နည္းလမ္းအတိုင္းပဲ ကာရာေဘာင္း ျပိဳင္ပြဲကိုလည္း မည္သည့္ ႏွစ္ေက်ာ့ ကစားမႈကိုမွ ထည့္သြင္းေတာ့မွာ မဟုတ္ဘဲ တစ္ပြဲတည္းျဖင့္ ရလဒ္ကို ဆံုးျဖတ္ေစဖို႔ကကို အတည္ျပဳသြားမွာျဖစ္တယ္။ ဒီကိစၥဟာ ပရီးမီးယားလိဂ္ကို သက္ေရာက္မႈရွိႏုိင္ျပီး ပြဲဆက္မ်ားမႈကို ေလ်ာ့ခ်ႏုိင္မယ္လို႔ ယံုၾကည္ရတယ္။

ကာရာေဘာင္းပြဲအတြက္လည္း ဥေရာပျပိဳင္ပြဲေတြကို ပါဝင္ယွဥ္ျပိဳင္တဲ့ ကလပ္ေတြကို စီနီယာအသင္းအစား ယူ-၂၃ အသင္းေတြ ကိုယ္စား ဝင္ျပိဳင္ခြင့္ေပးဖို႔ ခြင့္ျပဳႏုိုင္တယ္ဆိုတဲ့ သတင္းေတြ ၾကားထားရေပမယ့္ အေသအခ်ာေတာ့ သတင္း မထြက္လာေသးပါဘူး။

ကိုဗစ္ေၾကာင့္ ဒီရာသီ ဥေရာပျပိဳင္ပြဲကို ေနာက္က်ျပီးမွ ရာသီသိမ္းရသလို လာမယ့္ရာသီမွာလည္း ျပည္တြင္းပြဲေတြ၊ ဥေရာပပြဲေတြနဲ႔ ပြဲဆက္ေတြ မ်ားဖို႔ ရွိေနပါတယ္။ ဒါေၾကာင့္ ကာရာေဘာင္းကို လူငယ္အသင္းနဲ႔ ဝင္ျပိဳင္ခြင့္ေပးဖို႔ ထိပ္တန္းအသင္းေတြက ေတာင္းဆိုလိုျပီး လိဂ္တာဝန္ရွိသူေတြကလည္း ခြင့္ျပဳေပးဖြယ္ ရွိတယ္လို႔ သတင္းေတြ ထြက္ထားေသးတာ ျဖစ္ပါတယ္။