လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ်က ရီးရဲလ်ကွင်းလယ် အဆန်စီရိုကို ခေါ်ယူဖို့အတွက် အသင်းကို တောင်းဆိုမှု ပြုလုပ်တော့မှာ ဖြစ်ကြောင်း စပိန်ဘက်က သတင်းများမှာ ဖော်ပြလာပါတယ်။ လီဗာပူးအသင်းဟာ စပိန်သားကို ယခင်ကလည်း စောင့်ကြည့် ချိတ်ဆက်မှု ရှိထားပါတယ်။

ဝုဗ်နဲ့ ပွဲစဉ်မှာ ဖာမီနို မပါဝင်နိုင်သေးပေမယ့် ဆာလက်နဲ့ ရော်ဘတ်ဆန်တို့ ပါဝင် ကစားနိုင်မှာ ဖြစ်ကြောင်း ယာဂင်ကလော့ပ်က ပွဲကြိုမှာ အတည်ပြုသွားပါတယ်။

ဧပြီလအတွက် အကောင်းဆုံး လီဗာပူးကစားသမားဆုကို တိုက်စစ်မှူး မိုဟာမက် ဆာလက်က ရရှိသွားပါတယ်။ ဆာလက်ဟာ ဧပြီလအတွင်း ၆ ပွဲ ကစား ၅ ဂိုးသွင်းက ခြေစွမ်းကောင်းတွေ ပြန်ရလာခဲ့တာပါ။

ပရီးမီးယားလိဂ် ချန်ပီယံ အဆုံးအဖြတ်အတွက် နိုင်ပွဲယူထားဖို့ လိုဆဲ လီဗာပူးဟာ နောက်ဆုံးပွဲ ပွဲစဉ် ၃၈ မှာ ၀ုဗ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ၀ုဗ်အသင်းနည်းပြ ဆန်တိုကတော့ လီဗာပူးကို အနိုင်ယူဖို့ အခြားလှုံ့ဆော်မှုများ မလိုဘဲ နိုင်ပွဲယူဖို့ စိတ်အားထက်သန်ပြီးသား ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

လီဗာပူးခံစစ်သမား ဗန်ဒိုက်ကတော့ ပရီးမီးယားလိဂ် ရာသီသိမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားရတဲ့ပွဲအပေါ်မှာ အမှတ်ပေးဖလား မျှော်လင့်ချက်ကို စွန့်လွှတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ လီဗာပူးဟာ ကိုယ်ပိုင်အခွင့်အရေး မရှိတော့ပေမယ့် ဝုဗ်ကိုတော့ သေချာပေါက် အနိုင်ကစားဖို့ လိုအပ်နေဆဲဖြစ်တယ်။

ဘာစီလိုနာက ကော်တင်ညိုကို နွေမှာ ရောင်းထုတ်မယ်ဆိုရင် လီဗာပူးကို ပေးရမယ့် ပြောင်းရွှေ့ကြေးထဲက ပေါင် ၁၇ သန်းလောက် ကာမိမှာပါ။ ကစားသမားရဲ့ ဈေးကွက်တန်ကြေးက ပေါင် သန်း ၁၀၀ လောက်မှာ ရှိနေသေးလို့ နွေမှာ ကော်တင်ညိုကို ဘာစီလိုနာဘက်က ရောင်းထုတ်လိုနေတာပဲ ဖြစ်ပါတယ်။ ကော်တင်ညိုသာ နွေမှာ အသင်းပြောင်းမယ်ဆိုရင် ပွဲ ၁၀၀ မပြည့်ခဲ့တာကြောင့် ပေါင် ၈.၈ သန်း၊ ချန်ပီယံလိဂ်ဖလား အနိုင်မရတာကြောင့် ပေါင် ၈.၈ သန်း စုစုပေါင်း ပေါင် ၁၇ သန်းထိ ဘာစီလိုနာက သက်သာပါမယ်။

သတင်းမီဒီယာတွေက မန်စီးတီးထက် လီဗာပူးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်စေချင်တယ်ဆိုတာ မှန်ကောင်း မှန်နိုင်ပေမယ့် သတင်းသမားတွေမှာ ဘက်လိုက်တင်ဆက်မှုများ မရှိထားဘူးလို့ လီဗာပူးကစားသမားဟောင်းကြီး ကာရေဂါက ဂွာဒီယိုလာ စွပ်စွဲခဲ့မှုကို ချေပလိုက်ပါတယ်။

ဖိလစ်ကော်တင်ညိုဟာ လာမယ့်နွေ ဘာစီလိုနာ ရောင်းချမယ့် ကစားသမား ၁၀ယောက် စာရင်းထဲမှာ ပါဝင်နေပြီး မန်ချက်စတာယူနိုက်တက် အနေနဲ့ ဘရာဇီးသားကို အလိုရှိပါက ယူရို သန်း ၁၀၀လောက်ထိ သုံးရဖွယ် ရှိပါတယ်။