ပေါ်လွင် ထင်ရှားခြင်းက လီဗာပူးအသင်း အဝေးကွင်းပွဲတွေရဲ့ အမှတ်လက္ခဏာ ဖြစ်ပါတယ်။

ဒါကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ လီဗာပူးအသင်း အဝေးကွင်းဝတ်စုံ ထုတ်ပြန်မှုမှာ Nike ပေးထားတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ၎င်းတို့ ဝဘ်ဆိုဒ်ကနေ လီဗာပူးအဝေးကွင်းဂျာစီသစ်ကို မိတ်ဆက်ခဲ့တာပါ။

လီဗာပူးအသင်းဟာ အိမ်ကွင်းဆိုရင် အနီရောင်ကိုပဲ အမြဲ ဝတ်ဆင်ပါတယ်။ ဒါပေမယ့်လို့ အဝေးကွင်းနဲ့ ပက်သက်လို့တော့ သက်မှတ်ချက် မရှိပါဘူး။ လီဗာပူးရဲ့ ဂျာစီဒီဇိုင်းနဲ့ ပက်သက်ပြီး Nike ဘက်က တာဝန်ခံ Scott Munson က အခုလို ပြောပါတယ်။

“ အိမ်ကွင်း ဝတ်စုံမှာ လီဗာပူးပရိသတ်တွေကို အထူးလေးစားမှုတွေ ပြသထားပြီဆိုတော့ အဝေးကွင်း ဝတ်စုံကိုတော့ လွတ်လပ်ပြီး ပေါ်လွင်ထင်ရှားတဲ့ ပုံစံနဲ့ ကျနေ်ာတို့ ဖန်တီးပေးချင်ခဲ့ပါတယ်။ ဒါက လီဗာပူးအသင်းရဲ့ ယုံကြည်မှုရှိခြင်းနဲ့ မြို့တော်ရဲ့ ငယ်ရွယ်မှုကို ကိုယ်စားပြုမယ်လို့ ကျနေ်ာတို့ ထင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

မော်ဒန်ခေတ်မှာ ဂျာစီတွေက အတိတ်က ယဉ်ကျေးမှုတွေ၊ လွမ်းဆွတ်စရာ အတိတ်တွေကို ပေါင်းစပ်တဲ့ ဒီဇိုင်းတွေကို ဖန်တီးတတ်ကြသလို ဒီရာသီ အဝေးကွင်း ဂျာစီကလည်း လီဗာပူးမြို့တော်ကို ကိုယ်စားပြုမှာဖြစ်တယ်။

အဝေးကွင်းဂျာစီရဲ့ တောက်ပတဲ့ အရောင်ဟာ လီဗာပူးမြို့ရဲ့ သင်္ကေတဖြစ်တဲ့ လိုင်ဗာငှက်ရဲ့ အရောင်ကို ကိုယ်စားပြုပြီး ဒီအရောင်မျိုးကို အိမ်ကွင်းမှာလည်း ထည့်သွင်းထာပါသေးတယ်။ ဂျာစီရှေ့မှာ ချာလပတ် ရစ်ခွေနေတဲ့ အဆင်ကတော့ အန်ဖီးကွင်းက နာမည်ကျော် Shankly Gates ကို ကိုယ်စားပြုတယ်။ နောက်ပြီး ဂျာစီထဲမှာတော့ လီဗာပူးရဲ့ ကျော်ကြားတဲ့ တေဂီတဆိုင်ရာ ဇစ်မြစ်တွေကို မြုပ်နှံထားတာဖြစ်ပါတယ်။

“ ရှန်ကလေဂိတ်ကို ကျနေ်ာတို့ အသုံးပြုထားတယ်။ နောက် စိန့်အန်ဒရူး အမှတ်အသားတွေ၊ thistle (စကော့ကိုယ်စားပြုပန်း( နောက် လိုင်ဗာငှက်ပေါ့။ ဒါတွေကို ပေါင်းစပ်ပြီး မတူညီတဲ့ နည်းလမ်းတွေနဲ့ ပေါင်းစပ်ထားတာဖြစ်တယ်။ ” လို့ သူက ထပ်ပြောပါတယ်။

အိမ်ကွင်းဂျာစီက အသင်းပရိသတ်တွေကို လေးစားမှုပေးခြင်းဖြစ်လို့ အဝေးကွင်းဂျာစီမှာတော့ လီဗာပူးရဲ့ ငယ်ရွယ်ပျိုမြစ်မှုကို အသားပေးတဲ့ ဒီဇိုင်းကိုပဲ Nike က ဖန်တီးလိုခဲ့တာဖြစ်ကြောင်းနဲ့ မြို့တော်ရဲ့ ကြွယ်တဲ့ ယဉ်ကျေးမှုတွေကို ထည့်သွင်းထားခြင်းပဲ ဖြစ်တယ်လို့ Nike ဘက်က ရှင်းပြသွားခဲ့ပါတယ်။

ZAWGYI

ေပၚလြင္ ထင္ရွားျခင္းက လီဗာပူးအသင္း အေဝးကြင္းပြဲေတြရဲ႕ အမွတ္လကၡဏာ ျဖစ္ပါတယ္။

ဒါကေတာ့ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ လီဗာပူးအသင္း အေဝးကြင္းဝတ္စံု ထုတ္ျပန္မႈမွာ Nike ေပးထားတဲ့ ေခါင္းစဥ္ျဖစ္ပါတယ္။ ဒီအတိုင္းပဲ ၄င္းတို႔ ဝဘ္ဆိုဒ္ကေန လီဗာပူးအေဝးကြင္းဂ်ာစီသစ္ကို မိတ္ဆက္ခဲ့တာပါ။

လီဗာပူးအသင္းဟာ အိမ္ကြင္းဆိုရင္ အနီေရာင္ကိုပဲ အျမဲ ဝတ္ဆင္ပါတယ္။ ဒါေပမယ့္လို႔ အေဝးကြင္းနဲ႔ ပက္သက္လို႔ေတာ့ သက္မွတ္ခ်က္ မရွိပါဘူး။ လီဗာပူးရဲ႕ ဂ်ာစီဒီဇိုင္းနဲ႔ ပက္သက္ျပီး Nike ဘက္က တာဝန္ခံ Scott Munson က အခုလို ေျပာပါတယ္။

“ အိမ္ကြင္း ဝတ္စံုမွာ လီဗာပူးပရိသတ္ေတြကို အထူးေလးစားမႈေတြ ျပသထားျပီဆိုေတာ့ အေဝးကြင္း ဝတ္စံုကိုေတာ့ လြတ္လပ္ျပီး ေပၚလြင္ထင္ရွားတဲ့ ပံုစံနဲ႔ က်ေန္ာတို႔ ဖန္တီးေပးခ်င္ခဲ့ပါတယ္။ ဒါက လီဗာပူးအသင္းရဲ႕ ယံုၾကည္မႈရွိျခင္းနဲ႔ ျမိဳ႕ေတာ္ရဲ႕ ငယ္ရြယ္မႈကို ကိုယ္စားျပဳမယ္လုိ႔ က်ေန္ာတို႔ ထင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ေမာ္ဒန္ေခတ္မွာ ဂ်ာစီေတြက အတိတ္က ယဥ္ေက်းမႈေတြ၊ လြမ္းဆြတ္စရာ အတိတ္ေတြကို ေပါင္းစပ္တဲ့ ဒီဇိုင္းေတြကို ဖန္တီးတတ္ၾကသလို ဒီရာသီ အေဝးကြင္း ဂ်ာစီကလည္း လီဗာပူးျမိဳ႔ေတာ္ကို ကိုယ္စားျပဳမွာျဖစ္တယ္။

အေဝးကြင္းဂ်ာစီရဲ႕ ေတာက္ပတဲ့ အေရာင္ဟာ လီဗာပူးျမိဳ႔ရဲ႕ သေကၤတျဖစ္တဲ့ လိုင္ဗာငွက္ရဲ႕ အေရာင္ကို ကိုယ္စားျပဳျပီး ဒီအေရာင္မ်ိဳးကို အိမ္ကြင္းမွာလည္း ထည့္သြင္းထာပါေသးတယ္။ ဂ်ာစီေရွ႔မွာ ခ်ာလပတ္ ရစ္ေခြေနတဲ့ အဆင္ကေတာ့ အန္ဖီးကြင္းက နာမည္ေက်ာ္ Shankly Gates ကို ကိုယ္စားျပဳတယ္။ ေနာက္ျပီး ဂ်ာစီထဲမွာေတာ့ လီဗာပူးရဲ႕ ေက်ာ္ၾကားတဲ့ ေတဂီတဆိုင္ရာ ဇစ္ျမစ္ေတြကို ျမဳပ္ႏွံထားတာျဖစ္ပါတယ္။

“ ရွန္ကေလဂိတ္ကို က်ေန္ာတို႔ အသံုးျပဳထားတယ္။ ေနာက္ စိန္႔အန္ဒရူး အမွတ္အသားေတြ၊ thistle (စေကာ့ကိုယ္စားျပဳပန္း( ေနာက္ လိုင္ဗာငွက္ေပါ့။ ဒါေတြကို ေပါင္းစပ္ျပီး မတူညီတဲ့ နည္းလမ္းေတြနဲ႔ ေပါင္းစပ္ထားတာျဖစ္တယ္။ ” လို႔ သူက ထပ္ေျပာပါတယ္။

အိမ္ကြင္းဂ်ာစီက အသင္းပရိသတ္ေတြကို ေလးစားမႈေပးျခင္းျဖစ္လို႔ အေဝးကြင္းဂ်ာစီမွာေတာ့ လီဗာပူးရဲ႕ ငယ္ရြယ္ပ်ိဳျမစ္မႈကို အသားေပးတဲ့ ဒီဇိုင္းကိုပဲ Nike က ဖန္တီးလိုခဲ့တာျဖစ္ေၾကာင္းနဲ႔ ျမိဳ႔ေတာ္ရဲ႕ ၾကြယ္တဲ့ ယဥ္ေက်းမႈေတြကို ထည့္သြင္းထားျခင္းပဲ ျဖစ္တယ္လို႔ Nike ဘက္က ရွင္းျပသြားခဲ့ပါတယ္။