လီဗာပူးအသင်းက ဗာစကိုဒဂါးမား အသင်း လူငယ်ကြယ်ပွင့် တဲလ်လက် မက်နိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေခြင်း မရှိပါဘူးလို့ လီဗာပူးသတင်းထောက် David Lynch က ထုတ်ပြောလိုက်ပါပြီ။

ဒီသတင်းတွေကို ဘရာဇီးဘက်ကနေ စတင်ကာ ဖော်ပြလာခဲ့တာဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် တိုက်စစ်သမားက နေမာလက်သစ်အဖြစ် နာမည်ရလာသူပါ။ သူ့ကို ခေါ်ယူဖို့ ပေါ်တူဂီကလပ် ဘင်ဖီကာတို့နဲ့အပြိုင် လီဗာပူးဘက်က ခေါ်ယူလိုနေတာဖြစ်ကြောင်း ဘရာဇီးနဲ့ ပေါ်တူဂီသတင်းတွေကို ကိုးကားပြီး ကောလဟာလအဆင့် သတင်းအဖြစ် ဖော်ပြသူတွေ ရှိလာခဲ့တာဖြစ်တယ်။

ဒါပေမယ့် လီဗာပူးအသင်းက ရီယိုဖွား တိုက်စစ်သမားကို ခေါ်ယူဖို့ လုံးဝ အစီအစဉ် မရှိပါဘူး။ မက်နိုဟာ ၂၀၁၉ ခုနှစ်မှာ ယူ-၁၇ အသင်းနဲ့အတူ ကမ္ဘာဖလား အနိုင်ရခဲ့ပေမယ့် ဘရာဇီးအသင်းမှာ လက်ရွေးစင်အဆင့်အတွက် ခေါ်ယူခံရခြင်း မရှိသေးသူဖြစ်တယ်။ အင်္ဂလန်ကို ပြောင်းလာခဲ့ရင်လည်း အလုပ်ပါမစ်ရဖို့ အာမခံချက် မရှိသေးပါဘူး။

လီဗာပူးအသင်းဟာ ၂၀၁၅ ခုနှစ်က အင်တာနေစီယွန်အသင်းမှ ဘရာဇီးကြယ်ပွင့် အလန် ရိုဒီရီဂွက်စ်ကို ခေါ်ယူခဲ့ပေမယ့် ကွင်းလယ်လူက ဘရာဇီး စီနီယာအဆင့်မှာ ရွေးချယ်ခံရခြင်း မရှိပါဘူး။ အင်္ဂလန်မှာ အလုပ်ပါမစ် မရသေးတာကြောင့် လီဗာပူးက သူ့ကို ပွဲထွက်ခွင့်မပေးနိုင်ခဲ့ဘူး။

အလန် အလုပ်ပါမစ်ရဖို့ လီဗာပူးက ဥရောပကလပ်တွေဖြစ်တဲ့ ဂျာမနီ၊ ဆိုက်ပရက်စ်၊ ဘရာဇီး ကလပ်တွေကိုလည်း အငှားလွတ်ခဲ့ရတယ်။ ဒါပေမယ့်လည်း လက်ရွေးစင်က မခေါ်ခဲ့တာကြောင့် အင်္ဂလန်မှာတော့ အလုပ်ပါမစ်မရ ဖြစ်ခဲ့ပါတယ်။ အလန်ဟာ ဒီနှစ်ထဲမှာတော့ မိခင်နိုင်ငံက အက်သလက်တီကို မီနီရာရို အသင်းထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။

မက်နိုကလည်း တူညီတဲ့ အနေအထားအဖြစ် အလုပ်ပါမစ်ရဖို့ မသေချာသေးတာကြောင့် လီဗာပူးအသင်းက ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းက ဗာစကိုဒဂါးမား အသင္း လူငယ္ၾကယ္ပြင့္ တဲလ္လက္ မက္ႏိုကို ေခၚယူဖို႔ စိတ္ဝင္စားေနျခင္း မရွိပါဘူးလို႔ လီဗာပူးသတင္းေထာက္ David Lynch က ထုတ္ေျပာလိုက္ပါျပီ။

ဒီသတင္းေတြကို ဘရာဇီးဘက္ကေန စတင္ကာ ေဖာ္ျပလာခဲ့တာျဖစ္ျပီး အသက္ ၁၈ ႏွစ္အရြယ္ တိုက္စစ္သမားက ေနမာလက္သစ္အျဖစ္ နာမည္ရလာသူပါ။ သူ႔ကို ေခၚယူဖို႔ ေပၚတူဂီကလပ္ ဘင္ဖီကာတို႔နဲ႔အျပိဳင္ လီဗာပူးဘက္က ေခၚယူလိုေနတာျဖစ္ေၾကာင္း ဘရာဇီးနဲ႔ ေပၚတူဂီသတင္းေတြကို ကိုးကားျပီး ေကာလဟာလအဆင့္ သတင္းအျဖစ္ ေဖာ္ျပသူေတြ ရွိလာခဲ့တာျဖစ္တယ္။

ဒါေပမယ့္ လီဗာပူးအသင္းက ရီယိုဖြား တိုက္စစ္သမားကို ေခၚယူဖို႔ လံုးဝ အစီအစဥ္ မရွိပါဘူး။ မက္ႏိုဟာ ၂၀၁၉ ခုႏွစ္မွာ ယူ-၁၇ အသင္းနဲ႔အတူ ကမၻာဖလား အႏုိင္ရခဲ့ေပမယ့္ ဘရာဇီးအသင္းမွာ လက္ေရြးစင္အဆင့္အတြက္ ေခၚယူခံရျခင္း မရွိေသးသူျဖစ္တယ္။ အဂၤလန္ကို ေျပာင္းလာခဲ့ရင္လည္း အလုပ္ပါမစ္ရဖို႔ အာမခံခ်က္ မရွိေသးပါဘူး။

လီဗာပူးအသင္းဟာ ၂၀၁၅ ခုႏွစ္က အင္တာေနစီယြန္အသင္းမွ ဘရာဇီးၾကယ္ပြင့္ အလန္ ရိုဒီရီဂြက္စ္ကို ေခၚယူခဲ့ေပမယ့္ ကြင္းလယ္လူက ဘရာဇီး စီနီယာအဆင့္မွာ ေရြးခ်ယ္ခံရျခင္း မရွိပါဘူး။ အဂၤလန္မွာ အလုပ္ပါမစ္ မရေသးတာေၾကာင့္ လီဗာပူးက သူ႔ကို ပြဲထြက္ခြင့္မေပးႏုိင္ခဲ့ဘူး။

အလန္ အလုပ္ပါမစ္ရဖို႔ လီဗာပူးက ဥေရာပကလပ္ေတြျဖစ္တဲ့ ဂ်ာမနီ၊ ဆုိက္ပရက္စ္၊ ဘရာဇီး ကလပ္ေတြကိုလည္း အငွားလြတ္ခဲ့ရတယ္။ ဒါေပမယ့္လည္း လက္ေရြးစင္က မေခၚခဲ့တာေၾကာင့္ အဂၤလန္မွာေတာ့ အလုပ္ပါမစ္မရ ျဖစ္ခဲ့ပါတယ္။ အလန္ဟာ ဒီႏွစ္ထဲမွာေတာ့ မိခင္ႏုိင္ငံက အက္သလက္တီကို မီနီရာရို အသင္းထံ ေျပာင္းေရႊ႔သြားခဲ့ပါတယ္။

မက္ႏိုကလည္း တူညီတဲ့ အေနအထားအျဖစ္ အလုပ္ပါမစ္ရဖို႔ မေသခ်ာေသးတာေၾကာင့္ လီဗာပူးအသင္းက ေခၚယူသြားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။