၂၀၂၀-၂၀၂၁ ဘောလုံးရာသီကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင်မှာဖြစ်ပြီး နောက်နှစ် မေလ ၂၃ ရက်နေ့မှာ အပြီးသတ်မှာ ဖြစ်ကြောင်း အတည်ပြု ကြေညာလိုက်ပါတယ်။

လီဗာပူးအသင်းက ဗာစကိုဒဂါးမား အသင်း လူငယ်ကြယ်ပွင့် တဲလ်လက် မက်နိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေခြင်း မရှိပါဘူးလို့ လီဗာပူးသတင်းထောက် David Lynch က ထုတ်ပြောလိုက်ပါပြီ။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာတော့ မနှစ်က ရာသီမှာ စတင်ပေးအပ်ခဲ့တဲ့ ဆောင်းရာသီ အားလပ်ရက် ပါဝင်သွားတော့မှာ မဟုတ်ပါဘူး။

အဝေးကွင်း ဂျာစီနဲ့ ပက်သက်ပြီး Nike က “ အိမ်ကွင်း ဝတ်စုံမှာ လီဗာပူးပရိသတ်တွေကို အထူးလေးစားမှုတွေ ပြသထားပြီဆိုတော့ အဝေးကွင်း ဝတ်စုံကိုတော့ လွတ်လပ်ပြီး ပေါ်လွင်ထင်ရှားတဲ့ ပုံစံနဲ့ ကျနေ်ာတို့ ဖန်တီးပေးချင်ခဲ့ပါတယ်။ ဒါက လီဗာပူးအသင်းရဲ့ ယုံကြည်မှုရှိခြင်းနဲ့ မြို့တော်ရဲ့ ငယ်ရွယ်မှုကို ကိုယ်စားပြုမယ်လို့ ကျနေ်ာတို့ ထင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

အက်ဖ်အေဖလား တာဝန်ရှိသူတွေက လာမယ့်ရာသီမှာ ကျင်းပမယ့် အက်ဖ်အေပွဲတွေမှာ ရလဒ်မပြတ်သားရင် ပြန်ကန်ခြင်းကို ပယ်ဖျက်မယ်လို့ ကြေညာလိုက်ပါတယ်။

ပရိသတ်တွေ ရွေးချယ်ပေးရမယ့် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် လီဗာပူးအသင်းမှ ထရန့်၊ မာနေးနဲ့ ဗန်ဒိုက်တို့ ဆန်ကာတင်စာရင်းထဲ ပါဝင်သွားပါတယ်။

ဂုဏ်သိက္ခာရှိ ဂျာမနီ ဘွန်ဒက်လီဂါ အကြီးတန်း သတင်းထောက် Christian Falk က လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးနေရာအတွက် ရှော်ကေးအသင်းမှ အိုဇန် ကာဘတ်ကို ကမ်းလှမ်းမှုလုပ်ဖို့ အခြေအနေ လေ့လာနေတယ်လို့ ထုတ်ပြောလိုက်ပါတယယ်။

ဝတ်ဖိုဒ့် တိုက်စစ်သမား ဆာက လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းကြီးနေမှုအတွက် မေးခွန်းထုတ်ခံရချိန်မှာ သူလည်း လီဗာပူးလို အသင်းမှာ ကစားလိုပါတယ်လို့ ဝန်ခံခဲ့ပါတယ်။

လီဗာပူးအသင်းက လူငယ်အသင်းမှ ခံစစ်မှူး Billy Koumetio ကို ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ် ပေးခဲ့ပြီဖြစ်ပါတယ်။ လူကောင်ကြီးမားတဲ့ Koumetio ဟာ အသက် ၁၇ နှစ်ပဲ ရှိသေးပြီး အရပ်အမောင်းက ၆ ပေ ၅ လက်မ မြင့်မားကာ လူထွားကြီးအဖြစ် မှတ်ချက်ပေးခံနေရသူပါ။

ဥရောပ ချန်ပီယံ လီဗာပူးအသင်းကို အနိုင်ရခဲ့တာက တီကိုအတွက် စိတ်ဓါတ် တက်ကြွစရာ ဖြစ်ခဲ့ပေမယ့် လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သလို ကပ်ဘေး အခြေအနေတွေကြောင့် တူညီတဲ့ အားတက်မှုတွေ ရှိမနေတော့ပါဘူးလို့ ဆီမြွန်နီက ပြောပါတယ်။

ZAWGYI

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီကို စက္တင္ဘာလ ၁၂ ရက္ေန႔မွာ စတင္မွာျဖစ္ျပီး ေနာက္ႏွစ္ ေမလ ၂၃ ရက္ေန႔မွာ အျပီးသတ္မွာ ျဖစ္ေၾကာင္း အတည္ျပဳ ေၾကညာလိုက္ပါတယ္။

လီဗာပူးအသင္းက ဗာစကိုဒဂါးမား အသင္း လူငယ္ၾကယ္ပြင့္ တဲလ္လက္ မက္ႏိုကို ေခၚယူဖို႔ စိတ္ဝင္စားေနျခင္း မရွိပါဘူးလို႔ လီဗာပူးသတင္းေထာက္ David Lynch က ထုတ္ေျပာလိုက္ပါျပီ။

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီမွာေတာ့ မႏွစ္က ရာသီမွာ စတင္ေပးအပ္ခဲ့တဲ့ ေဆာင္းရာသီ အားလပ္ရက္ ပါဝင္သြားေတာ့မွာ မဟုတ္ပါဘူး။

အေဝးကြင္း ဂ်ာစီနဲ႔ ပက္သက္ျပီး Nike က “ အိမ္ကြင္း ဝတ္စံုမွာ လီဗာပူးပရိသတ္ေတြကို အထူးေလးစားမႈေတြ ျပသထားျပီဆိုေတာ့ အေဝးကြင္း ဝတ္စံုကိုေတာ့ လြတ္လပ္ျပီး ေပၚလြင္ထင္ရွားတဲ့ ပံုစံနဲ႔ က်ေန္ာတို႔ ဖန္တီးေပးခ်င္ခဲ့ပါတယ္။ ဒါက လီဗာပူးအသင္းရဲ႕ ယံုၾကည္မႈရွိျခင္းနဲ႔ ျမိဳ႕ေတာ္ရဲ႕ ငယ္ရြယ္မႈကို ကိုယ္စားျပဳမယ္လုိ႔ က်ေန္ာတို႔ ထင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အက္ဖ္ေအဖလား တာဝန္ရွိသူေတြက လာမယ့္ရာသီမွာ က်င္းပမယ့္ အက္ဖ္ေအပြဲေတြမွာ ရလဒ္မျပတ္သားရင္ ျပန္ကန္ျခင္းကို ပယ္ဖ်က္မယ္လို႔ ေၾကညာလုိက္ပါတယ္။

ပရိသတ္ေတြ ေရြးခ်ယ္ေပးရမယ့္ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆုအတြက္ လီဗာပူးအသင္းမွ ထရန္႔၊ မာေနးနဲ႔ ဗန္ဒိုက္တို႔ ဆန္ကာတင္စာရင္းထဲ ပါဝင္သြားပါတယ္။

ဂုဏ္သိကၡာရွိ ဂ်ာမနီ ဘြန္ဒက္လီဂါ အၾကီးတန္း သတင္းေထာက္ Christian Falk က လီဗာပူးအသင္းဟာ ဗဟိုခံစစ္မွဴးေနရာအတြက္ ေရွာ္ေကးအသင္းမွ အိုဇန္ ကာဘတ္ကို ကမ္းလွမ္းမႈလုပ္ဖို႔ အေျခအေန ေလ့လာေနတယ္လို႔ ထုတ္ေျပာလိုက္ပါတယယ္။

ဝတ္ဖိုဒ့္ တိုက္စစ္သမား ဆာက လီဗာပူးနဲ႔ အေျပာင္းအေရႊ႔ သတင္းၾကီးေနမႈအတြက္ ေမးခြန္းထုတ္ခံရခ်ိန္မွာ သူလည္း လီဗာပူးလို အသင္းမွာ ကစားလိုပါတယ္လို႔ ဝန္ခံခဲ့ပါတယ္။

လီဗာပူးအသင္းက လူငယ္အသင္းမွ ခံစစ္မွဴး Billy Koumetio ကို ပထမဆံုး ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ ေပးခဲ့ျပီျဖစ္ပါတယ္။ လူေကာင္ၾကီးမားတဲ့ Koumetio ဟာ အသက္ ၁၇ ႏွစ္ပဲ ရွိေသးျပီး အရပ္အေမာင္းက ၆ ေပ ၅ လက္မ ျမင့္မားကာ လူထြားၾကီးအျဖစ္ မွတ္ခ်က္ေပးခံေနရသူပါ။

ဥေရာပ ခ်န္ပီယံ လီဗာပူးအသင္းကို အႏုိင္ရခဲ့တာက တီကိုအတြက္ စိတ္ဓါတ္ တက္ၾကြစရာ ျဖစ္ခဲ့ေပမယ့္ လေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ျပီ ျဖစ္သလို ကပ္ေဘး အေျခအေနေတြေၾကာင့္ တူညီတဲ့ အားတက္မႈေတြ ရွိမေနေတာ့ပါဘူးလို႔ ဆီျမြန္နီက ေျပာပါတယ္။