ဘောလုံးရာသီ အကုန် ချယ်ဆီးအသင်းရဲ့ တစ်ရာသီစာ အကောင်းဆုံး ဆုတွေ ချီးမြှင့်တဲ့ ဆုပေးပွဲညမှာ ဘယ်လ်ဂျီယံကြယ်ပွင့် အီဒင်ဟာဇက်ကပဲ ဆုတွေ အားလုံး သိမ်းကျုံး ရယူသွားပါတယ်။ ဒါက ကလပ်အသင်း သမိုင်းကြောင်းမှာ တစ်ရာသီတည်း အများဆုံး ရယူမှု အဖြစ် မှတ်တမ်း ၀င်သွားပါတယ်။

ဟာဇက်ဟာ အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု၊ ကစားသမားတွေက ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆုနဲ့ တစ်နှစ်တာ အကောင်းဆုံး သွင်းဂိုးဆု စတဲ့ တစ်ဦးချင်း ထူးချွန်ဆု ၃ ခု လုံး သိမ်းပိုက်သွားခဲ့တာပါ။

ချယ်ဆီးအသင်းဟာ အသက် ၃၀နဲ့ အထက်ကစားသမားတွေကို တစ်နှစ်သာ သက်တမ်းတိုးလေ့ရှိတဲ့ ပေါ်လစီကို ဖောက်ဖျက်ပြီး ခံစစ်မှူး ဒေးဗစ် လူးဝစ်ကို အသင်းနဲ့ ၂၀၂၂ ထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ပါတယ်။

” ဒီမှာ ရှိနေရတာ၊ ဆက်နေဖို့ အခွင့်အရေးရတာအတွက် ကျနော် အရမ်း ပျော်ရွှင်ပါတယ်။ ကျနော် ဒီကလပ်ကို ချစ်တယ်။ ကျနော့်မှာ လူငယ်က စားသမား တစ်ယောက်ရဲ့ စိတ်ဓာတ်ပြင်းပြမှုမျိုး ရှိနေတုန်းပါပဲ။ ” လို့ လူးဝစ်က စာချုပ် သက်တမ်းတိုး အပြီးမှာ ၀မ်းမြောက် စကား ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီကမှ အငှားခေါ်ယူထားခဲ့တဲ့ ချယ်ဆီး တိုက်စစ်မှူး မိုရာတာကို အက်သလက်တီကို မက်ဒရစ်က ဆက်ခေါ်ထားလိုနေပြီး ၂၀၂၀ ထိ အသင်းမှာ ဆက်ကစားဖို့ အတွက် ယူရို ၁၆ သန်း ချယ်ဆီးကို ပေးရဖို့ ရှိနေပါတယ်။

ယူရိုပါလိဂ် ဗိုလ်လုပွဲဟာ ဟာဇက်အတွက် ချယ်ဆီးအသင်းနဲ့ နောက်ဆုံးပွဲစဉ် ဖြစ်မလား အမေးကို ဘယ်လ်ဂျီယံသားက မသေချာသေးကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။

ချယ်ဆီးကွင်းလယ်သမား အီဒင်ဟာဇက်က သူ့အပြောင်းအရွှေ့ကို မြန်နိုင်သမျှ မြန်မြန် ပြီးပြတ်ထားချင်ပေမယ့် ချယ်ဆီးအသင်းဘက်ကတော့ ပေါင် သန်း ၁၀၀ ထက် နည်းတဲ့ ကမ်းလှမ်းမှုဆိုရင် ဘယ်လ်ဂျီယံသားကို မရောင်းချလိုပါဘူး။