ရီးရဲလ်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ ဒီရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့ပြီး စိတ်ပျက်စရာ အခြေအနေ ကြုံခဲ့ရတဲ့ ရီးရဲလ်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး များများစားစား သုံးဖို့ ရှိနေပါတယ်။

လာမယ့်ရာသီမှာ အာဆင်နယ်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်မရရင်တော့ အသ်က ၂၉ နှစ်အရွယ် တိုက်စစ်မှူး အူဘာမီယန်းကို ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းလောက်နဲ့ ခေါ်ယူနိုင်မယ်လို့ ရီးရဲလ်က ယူဆနေပါတယ်။

အာဆင်နယ်အသင်း ခံစ့စ်မှူး မူစတာဖီကို အေစီမီလန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ၄င်းကို အာဆင်နယ် ဗလင်စီယာက ခေါ်ယူစဉ် ယူရို ၄၁ သန်း သုံးခဲ့ရသော်လည်း လက်ရှိအချိန်မှာတော့ ဂျာမန်သားကို ယူရို သန်း ၂၀ ရရင် ရောင်းဖို့ လန်ဒန်ကလပ်က အလိုရှိနေပါတယ်။

လိုင်လီတောင်ပံကစားသမား နစ်ကိုလပ်စ်ပီပီကို ပစ်မှတ်ထားနေတဲ့ အာဆင်နယ်ရဲ့ မျှော်လင့်ချက် မှေးမှိန်လာခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် အိုင်ဗရီကို့စ်သားဟာ ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါပြီ။

ယူရိုပါလိဂ်ပွဲအတွက် အဇာဘိုင်ဂျန်ကို သွားရမယ့် အာဆင်နယ်ကစားသမား မီခီတာရန်ရဲ့ လုံခြုံရေးကို အာမခံချက်ပေးဖို့ အာဆင်နယ်က ယူအီးအက်ဖ်အေကို တောင်းဆိုထားပြီး ကလပ်အသင်းဘက်က ကစားသမားကို ချန်ထားခဲ့ရဖို့ စဉ်းစားနေပါတယ်။

မီခီတာရန်ရဲ့ အေးဂျင့်ဖြစ်သူ နာမည်ကျော် ရွိုင်းအိုလာဟာ အပြောင်းအရွှေ့ များမှာ ခလောက်ဆန်မှုကြောင့် အီတလီဘောလုံး အဖွဲ့ချုပ်က အီတလီမှာ အပြောင်းအရွှေ့ ကိစ္စများ လုပ်ကိုင်ခြင်းမှ ၃ လ ပိတ်ပင်ခဲ့ပြီးနောက် ဖီဖာကပါ အလားတူကာလအတွက် ကမ္ဘာတ၀ှမ်း အပြောင်းအရွှေ့များမှာ မပါဝင်ဖို့ ပိတ်ပင်လိုက်ပါတယ်။

ရာဘီယော့ဇ်ကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ အင်တာမီလန်လည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရာဘီယောဇ့်ကို အာဆင်နယ် ဘာစီလိုနာတို့က စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။

ဗလင်စီယာနဲ့ ပွဲမှာ ဟက်ထရစ် သွင်းခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းက ယူရိုပါလိဂ်ရဲ့ ဒီတစ်ပတ် အကောင်းဆုံးကစားသမား ဆု ရရှိသွားပါတယ်။

အာဆင်နယ်အသင်းဟာ မန်ယူနောက်ခံလူ ဘိုင်လီကို စိတ်ဝင်စားနေပြီး ပေါင် သန်း ၃၀ ဝန်းကျင်လောက်သုံးရင် အပြောင်းအရွှေ့ ဖြစ်လာဖွယ် ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ကြပါတယ်။