ပရီးမီးယားလိဂ် ချန်ပီယံအဖြစ်နဲ့ ရာသီသစ်ကို စတင်ရတာကို ဂုဏ်ယူကြောင်း ဂျိမ်းမီလ်နာက ပြောဆိုခဲ့ပြီး ချန်ပီယံနဲ့ ထိုက်တန်တဲ့ ခြေစွမ်းတွေကို ပြသကြပါလို့ တိုက်တွန်းသွားပါတယ်။

လီဗာပူးအသင်းသားတွေဟာ ရာသီကြို ပြင်ဆင်မှုတွေလုပ်ဖို့ သြစတြီးယားကို ရောက်နေပြီး စီနီယာအသင်းသားတွေ အစုံအလင် ပါဝင်တဲ့ ရာသီကြို ပြင်ဆင်မှုကို စတင်နေပြီဖြစ်တယ်။ လီဗာပူးဟာ အာဆင်နယ်နဲ့ သြဂုတ်လ ၂၉ ရက်နေ့မှာ ကွန်မြူနတီဒိုင်း ကစားရမှာဖြစ်လို့ အစောဆုံး ရာသီပြန်စရမယ့် နှစ်သင်းထဲ ပါဝင်နေပါတယ်။

ဂျိမ်းမီလ်နာက ” ချန်ပီယံဖြစ်ရတာက ကျနေ်ာတို့ ဂုဏ်ယူရတဲ့ ကိစ္စပါ။ ချန်ပီယံအသင်းအဖြစ် ကိုယ်စားပြုရပြီး လေ့ကျင့်ရေးကွင်းဖြစ်စေ၊ ကစားကွင်းထဲကိုဖြစ်စေ ခြေချတဲ့ အချိန်တိုင်းမှာ ချန်ပီယံတွေလို ကစားဖို့လည်း လိုအပ်ပါတယ်။

လီဗာပူးဂျာစီကို ဝတ်ဆင်ပြီး ခြေချလိုက်တဲ့ အချိန်တိုင်းက ဂုဏ်ယူ ပျော်ရွှင်စရာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ကျနေ်ာတို့ အကောင်းဆုံးတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ထားကြတယ်။ ဒါပေမယ့် အဲ့လို ဖိအားတွေနဲ့ နေထိုင်ရတာက ပျော်ရွှင်စရာဖြစ်ပါတယ်။ ဒါက ကောင်းမွန်တဲ့ ဖိအားဖြစ်ပါတယ်။ ဒီလို ဖိအားကိုပဲ ကျနော်တို့တွေ ပိုင်ဆိုင်လိုပြီး ရင်ဆိုင်လိုကြတာပါ။

ချန်ပီယံအဖြစ် ခေါ်ယူခံရတာက ထိုက်တန်တဲ့ မှန်ကန်မှုဖြစ်တယ်။ ဒါပေမယ့် အဲ့တာကို ထပ်ပြီးလည်း သက်သေပြနိုင်ဖို့ လိုပါတယ်။ လူတိုင်းက အာရုံစိုက်ခဲ့ကြပြီး ဆက်ပြီးလည်း အာရုံစိုက်ကြဖို့ လိုပါတယ်။ ကောင်းမွန်တဲ့ အခြေအနေကို ဆက်လက်ပြီး ထိန်းသိမ်းနိုင်ကြဖို့ လိုပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်ရဲ့ အသင်းသားတွေက ကုန်ခဲ့တဲ့ ၁၄ လအတွင်းမှာ မဲဝုဒ်က Champions Wall ကို ဆုဖလား လေးခုထိ ထည့်ပေါင်းနိုင်ခဲ့ကြပြီဖြစ်ပါတယ်။ ဒါပေမယ့်လို့ နောက်ထပ်သော ဆုဖလားတွေကို ယူဖို့လည်း အသင်းသားတွေက စိတ်ဆန္ဒတွေ ပြင်းပြနေသေးတာပါ။

ချန်ပီယံလိဂ်ဖလား၊ စူပါဖလား၊ ကလပ်များကမ္ဘာဖလားနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားတို့ကို အနိုင်ရထားတဲ့ လီဗာပူးဟာ ရာသီသစ်မှာတော့ အမှတ်ပေးဖလားကို ကာကွယ်ဖို့ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္နဲ႔ ရာသီသစ္ကို စတင္ရတာကို ဂုဏ္ယူေၾကာင္း ဂ်ိမ္းမီလ္နာက ေျပာဆိုခဲ့ျပီး ခ်န္ပီယံနဲ႔ ထိုက္တန္တဲ့ ေျခစြမ္းေတြကို ျပသၾကပါလို႔ တိုက္တြန္းသြားပါတယ္။

လီဗာပူးအသင္းသားေတြဟာ ရာသီၾကိဳ ျပင္ဆင္မႈေတြလုပ္ဖို႔ ၾသစၾတီးယားကို ေရာက္ေနျပီး စီနီယာအသင္းသားေတြ အစံုအလင္ ပါဝင္တဲ့ ရာသီၾကိဳ ျပင္ဆင္မႈကို စတင္ေနျပီျဖစ္တယ္။ လီဗာပူးဟာ အာဆင္နယ္နဲ႔ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ ကြန္ျမဴနတီဒိုင္း ကစားရမွာျဖစ္လို႔ အေစာဆံုး ရာသီျပန္စရမယ့္ ႏွစ္သင္းထဲ ပါဝင္ေနပါတယ္။

ဂ်ိမ္းမီလ္နာက ” ခ်န္ပီယံျဖစ္ရတာက က်ေန္ာတို႔ ဂုဏ္ယူရတဲ့ ကိစၥပါ။ ခ်န္ပီယံအသင္းအျဖစ္ ကိုယ္စားျပဳရျပီး ေလ့က်င့္ေရးကြင္းျဖစ္ေစ၊ ကစားကြင္းထဲကိုျဖစ္ေစ ေျခခ်တဲ့ အခ်ိန္တိုင္းမွာ ခ်န္ပီယံေတြလို ကစားဖို႔လည္း လိုအပ္ပါတယ္။

လီဗာပူးဂ်ာစီကို ဝတ္ဆင္ျပီး ေျခခ်လိုက္တဲ့ အခ်ိန္တိုင္းက ဂုဏ္ယူ ေပ်ာ္ရႊင္စရာျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း က်ေန္ာတို႔ အေကာင္းဆံုးေတြ လုပ္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားၾကတယ္။ ဒါေပမယ့္ အဲ့လို ဖိအားေတြနဲ႔ ေနထိုင္ရတာက ေပ်ာ္ရႊင္စရာျဖစ္ပါတယ္။ ဒါက ေကာင္းမြန္တဲ့ ဖိအားျဖစ္ပါတယ္။ ဒီလို ဖိအားကိုပဲ က်ေနာ္တို႔ေတြ ပိုင္ဆိုင္လိုျပီး ရင္ဆိုင္လိုၾကတာပါ။

ခ်န္ပီယံအျဖစ္ ေခၚယူခံရတာက ထိုက္တန္တဲ့ မွန္ကန္မႈျဖစ္တယ္။ ဒါေပမယ့္ အဲ့တာကို ထပ္ျပီးလည္း သက္ေသျပႏုိင္ဖို႔ လိုပါတယ္။ လူတိုင္းက အာရံုစိုက္ခဲ့ၾကျပီး ဆက္ျပီးလည္း အာရံုစိုက္ၾကဖို႔ လိုပါတယ္။ ေကာင္းမြန္တဲ့ အေျခအေနကို ဆက္လက္ျပီး ထိန္းသိမ္းႏုိင္ၾကဖို႔ လိုပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ကေလာ့ပ္ရဲ႕ အသင္းသားေတြက ကုန္ခဲ့တဲ့ ၁၄ လအတြင္းမွာ မဲဝုဒ္က Champions Wall ကို ဆုဖလား ေလးခုထိ ထည့္ေပါင္းႏုိင္ခဲ့ၾကျပီျဖစ္ပါတယ္။ ဒါေပမယ့္လို႔ ေနာက္ထပ္ေသာ ဆုဖလားေတြကို ယူဖို႔လည္း အသင္းသားေတြက စိတ္ဆႏၵေတြ ျပင္းျပေနေသးတာပါ။

ခ်န္ပီယံလိဂ္ဖလား၊ စူပါဖလား၊ ကလပ္မ်ားကမၻာဖလားနဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားတို႔ကို အႏုိင္ရထားတဲ့ လီဗာပူးဟာ ရာသီသစ္မွာေတာ့ အမွတ္ေပးဖလားကို ကာကြယ္ဖို႔ ၾကိဳးစားသြားရမွာ ျဖစ္ပါတယ္။