၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် အဖွင့်ပွဲကိုတော့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
တရားဝင် ပွဲစဉ်ဇယားတွေကိုတော့ လာမယ့်အပတ် သောကြာနေ့ဖြစ်တဲ့ သြဂုတ်လ ၂၁ ရက်နေ့မှာ ကြေညာပေးသွားမှာပါ။ ဒါပေမယ့်လို့ ဒီကနေ့မှာပဲ Fantasy Premier League ကနေပဲ ပွဲစဉ် ၁ အတွက် ထိပ်တိုက်တွေ့မယ့် အတွဲတွေနဲ့ ပက်သက်လို့ ပေါက်ကြားမှု ရှိလာပါတယ်။
အဆိုပါ ပေါက်ကြားမှုမှာတော့ လက်ရှိချန်ပီယံ လီဗာပူးဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် လန်ဒန်အခြေစိုက်အသင်း ဝက်ဟမ်းရဲ့ အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပွဲကစားမယ့် အချိန်နဲ့ ပက်သက်လို့တော့ မသိရပါဘူး။ ပထမအပတ်ပွဲမှာပဲ ပွဲကြီးပွဲကောင်းအဖြစ် ယူနိုက်တက် V အာဆင်နယ်၊ ဝုဗ် V လက်စတာတို့ ထိပ်တိုက်တွေ့မယ့် ပွဲတွေ ပါဝင်နေပါတယ်။
ဒီပွဲစဉ် ဇယားတွေကိုတော့ Fantasy Premier League က မတော်တဆ ဖော်ပြခဲ့မိတာဖြစ်တယ်။ ဒီပေါက်ကြားတဲ့ ပွဲစဉ်ဇယားတွေက အမှန်ဖြစ်လာလိမ့်မယ်လို့လည်း ဖော်ပြမှုတွေ ရှိနေပါတယ်။
ရာသီသစ်ပွဲတွေကိုတော့ အခမဲ့ ထုတ်လွှင့်မှုတွေ ရှိသွားမှာ မဟုတ်သလို ပွဲစဉ် ပြသမှု ပုံစံတွေက ဘယ်လိုဖြစ်မယ်ဆိုတာ မသိရသေးပါဘူး။ ဒါ့အပြင် ကွင်းထဲကို ပရိသတ် အကန့်အသတ်ဖြင့် ပြန်ဝင်ခွင့်ပေးမလားဆိုတဲ့ ကိစ္စကလည်း စိတ်ဝင်စားစရာ ဖြစ်နေသေးတာပါ။
မနှစ်က ရာသီသိမ်းစဉ်မှာတော့ ဝက်ဟမ်းဟာ ရလဒ်ပိုင်း သိပ်မဆိုးခဲ့တာကို မြင်ထားရတယ်။ ရာသီသိမ်ပြီး တစ်လကျော်အကြာမှာပဲ ပြန်စတင်မယ့် ရာသီသစ်အတွက်တော့ ဝက်ဟမ်းအသင်းက ကစားသမား ခေါ်ယူမှု အပြောင်းအလဲ အများကြီး ရှိမနေသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ZAWGYI
၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြက္ ပရီးမီးယားလိဂ္ အဖြင့္ပြဲကိုေတာ့ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ စတင္ ယွဥ္ျပိဳင္မွာျဖစ္ပါတယ္။
တရားဝင္ ပြဲစဥ္ဇယားေတြကိုေတာ့ လာမယ့္အပတ္ ေသာၾကာေန႔ျဖစ္တဲ့ ၾသဂုတ္လ ၂၁ ရက္ေန႔မွာ ေၾကညာေပးသြားမွာပါ။ ဒါေပမယ့္လို႔ ဒီကေန႔မွာပဲ Fantasy Premier League ကေနပဲ ပြဲစဥ္ ၁ အတြက္ ထိပ္တိုက္ေတြ႔မယ့္ အတြဲေတြနဲ႔ ပက္သက္လို႔ ေပါက္ၾကားမႈ ရွိလာပါတယ္။
အဆိုပါ ေပါက္ၾကားမႈမွာေတာ့ လက္ရွိခ်န္ပီယံ လီဗာပူးဟာ ပရီးမီးယားလိဂ္ အဖြင့္ပြဲအျဖစ္ လန္ဒန္အေျခစိုက္အသင္း ဝက္ဟမ္းရဲ႕ အိမ္ကြင္းထံ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။ ပြဲကစားမယ့္ အခ်ိန္နဲ႔ ပက္သက္လို႔ေတာ့ မသိရပါဘူး။ ပထမအပတ္ပြဲမွာပဲ ပြဲၾကီးပြဲေကာင္းအျဖစ္ ယူႏုိက္တက္ V အာဆင္နယ္၊ ဝုဗ္ V လက္စတာတို႔ ထိပ္တိုက္ေတြ႔မယ့္ ပြဲေတြ ပါဝင္ေနပါတယ္။
ဒီပြဲစဥ္ ဇယားေတြကိုေတာ့ Fantasy Premier League က မေတာ္တဆ ေဖာ္ျပခဲ့မိတာျဖစ္တယ္။ ဒီေပါက္ၾကားတဲ့ ပြဲစဥ္ဇယားေတြက အမွန္ျဖစ္လာလိမ့္မယ္လို႔လည္း ေဖာ္ျပမႈေတြ ရွိေနပါတယ္။
ရာသီသစ္ပြဲေတြကိုေတာ့ အခမဲ့ ထုတ္လႊင့္မႈေတြ ရွိသြားမွာ မဟုတ္သလို ပြဲစဥ္ ျပသမႈ ပံုစံေတြက ဘယ္လိုျဖစ္မယ္ဆိုတာ မသိရေသးပါဘူး။ ဒါ့အျပင္ ကြင္းထဲကို ပရိသတ္ အကန္႔အသတ္ျဖင့္ ျပန္ဝင္ခြင့္ေပးမလားဆိုတဲ့ ကိစၥကလည္း စိတ္ဝင္စားစရာ ျဖစ္ေနေသးတာပါ။
မႏွစ္က ရာသီသိမ္းစဥ္မွာေတာ့ ဝက္ဟမ္းဟာ ရလဒ္ပိုင္း သိပ္မဆိုးခဲ့တာကို ျမင္ထားရတယ္။ ရာသီသိမ္ျပီး တစ္လေက်ာ္အၾကာမွာပဲ ျပန္စတင္မယ့္ ရာသီသစ္အတြက္ေတာ့ ဝက္ဟမ္းအသင္းက ကစားသမား ေခၚယူမႈ အေျပာင္းအလဲ အမ်ားၾကီး ရွိမေနေသးတဲ့ အသင္းလည္း ျဖစ္ပါတယ္။