မန်စီးတီးကွင်းလယ်လူ ဘာနာတိုနဲ့ လီဗာပူးပရိသတ်တွေကြား ပြဿနာတွေ အနည်းငယ် ဖြစ်နေဟန်တူပြီး မန်စီးတီး ကစားသမားက ၎င်းရဲ့ တွစ်တာမှာပဲ သူ့ကို ပစ်မှတ်ထားမှုတွေ မလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
လိုင်ယွန်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတဲ့ မန်စီးတီး လူစာရင်းမှာ အရန်အဖြစ်ပဲ ပါခဲ့ရတဲ့ ဘာနာတိုဟာ အတိတ်ကလည်း လီဗာပူးပရိသတ်တွေနဲ့ သိပ်တော့ အစာမကြေပါဘူး။ သူဟာ ဒီရာသီ မန်စီးတီးက သာမာန်ကာလျှံကာ ပြုလုပ်ပေးတဲ့ ဂုဏ်ပြုမှုမှာလည်း ကွင်းထဲ မတ်တပ်ရပ်နေယုံ ပါဝင်ခဲ့သေးတာပါ။
ဒါပေမယ့် အဓိက ရန်စက မနှစ်ကရာသီ မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလား အနိုင်ရချိန်မှာဖြစ်ပြီး သူဟာ လီဗာပူးအသင်းနဲ့ လီဗာပူး ကစားသမားတွေကို တိုက်ခိုက်တဲ့ စကားတွေကို အသင်းဘက်စ်ပေါ်မှာ ပျော်ရွှင်စွာ တီဆိုခဲ့တာပါ။ အဆိုပါ သီချင်းက လီဗာပူးပရိသတ်တွေရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ ‘Allez, Allez, Allez’ ကို ဖျက်ပြီး ဆိုခဲ့ကြတာလည်းဖြစ်တယ်။
အဆိုပါ သီချင်းမှာတော့ ရိုးမားပရိသတ်တွေနဲ့ တိုက်ခိုက်မှုဖြစ်ပြီး လအတန်ကြာ ကိုးမားဝင်ခဲ့တဲ့ လီဗာပူးပရိသတ် Sean Cox ကို တိုက်ခိုက်တဲ့ စကားလုံးအပြင် လူမျိုးရေးခွဲမှုလို အဓိပ္ပာယ်ရောက်တဲ့ စကားတွေလည်း ပါခဲ့ပါတယ်။ ဒီလိုကိစ္စကို ပရိသတ်တွေက လုပ်တာမဟုတ်ဘဲ မန်စီးတီးကစားသမားတွေကိုယ်တိုင် ဦးဆောင်ပြီး ပျော်ပျော်ရွှင်ရွှင် လုပ်ခဲ့တာအတွက် မနှစ်က ဝေဖန်ခံခဲ့ရသေးတာဖြစ်တယ်။
ဒီရာသီမှာတော့ လီဗာပူးပရိသတ် အချို့က မန်စီးတီးကစားသမားတွေရဲ့ ကျဆုံးမှုတွေကို တုန့်ပြန် လှောင်ပြောင်ခဲ့ကြခြင်းဖြစ်တယ်။
ဘာနာတိုက ” လီဗာပူး ပရိသတ်တွေ အနေနဲ့ မန်စီးတီးကစားသမား တစ်ယောက်ရဲ့ အကောင့်ကို လာပြီး ဘာတစ်ခုမှ လုပ်စရာမရှိဘူးထင်တယ်။ မှားယွင်းတဲ့ အကြောင်းပြချက်တွေအတွက် သနားမိတယ်။ ကိုယ်ဘာသာပဲ အမှတ်ပေးဖလားအတွက် အောင်ပွဲခံပါ။ အဖော်တွေရှာပြီး ဘီယာတွေ သွားသောက်တာ၊ စာအုပ်တွေဖတ်တာတွေ လုပ်နေကြပါ။ လုပ်စရာတွေ အများကြီး ရှိပါတယ် ” လို့ တုန့်ပြန်ခဲ့တယ်။
လီဗာပူးပရိသတ် အများအပြားကတော့ ဘာနာတို့ရဲ့ တွစ်တာက ပြောဆိုမှုကို တုန့်ပြန်မှု မလုပ်ကြဘဲ ချန်ပီယံလိဂ် ဆုဖလားပုံတွေကိုပဲ သူ့ပိုစ့်မှာ သွားမန့်ခဲ့ကြပါတယ်။
ZAWGYI
မန္စီးတီးကြင္းလယ္လူ ဘာနာတိုနဲ႔ လီဗာပူးပရိသတ္ေတြၾကား ျပႆနာေတြ အနည္းငယ္ ျဖစ္ေနဟန္တူျပီး မန္စီးတီး ကစားသမားက ၄င္းရဲ႕ တြစ္တာမွာပဲ သူ႔ကို ပစ္မွတ္ထားမႈေတြ မလုပ္ဖို႔ ေတာင္းဆိုလိုက္ပါတယ္။
လိုင္ယြန္ကို ၃-၁ နဲ႔ အေရးနိမ့္ခဲ့ျပီး ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ကေန ထြက္ခြာခဲ့ရတဲ့ မန္စီးတီး လူစာရင္းမွာ အရန္အျဖစ္ပဲ ပါခဲ့ရတဲ့ ဘာနာတိုဟာ အတိတ္ကလည္း လီဗာပူးပရိသတ္ေတြနဲ႔ သိပ္ေတာ့ အစာမေၾကပါဘူး။ သူဟာ ဒီရာသီ မန္စီးတီးက သာမာန္ကာလွ်ံကာ ျပဳလုပ္ေပးတဲ့ ဂုဏ္ျပဳမႈမွာလည္း ကြင္းထဲ မတ္တပ္ရပ္ေနယံု ပါဝင္ခဲ့ေသးတာပါ။
ဒါေပမယ့္ အဓိက ရန္စက မႏွစ္ကရာသီ မန္စီးတီးအသင္း ပရီးမီးယားလိဂ္ဖလား အႏုိင္ရခ်ိန္မွာျဖစ္ျပီး သူဟာ လီဗာပူးအသင္းနဲ႔ လီဗာပူး ကစားသမားေတြကို တိုက္ခိုက္တဲ့ စကားေတြကို အသင္းဘက္စ္ေပၚမွာ ေပ်ာ္ရႊင္စြာ တီဆိုခဲ့တာပါ။ အဆိုပါ သီခ်င္းက လီဗာပူးပရိသတ္ေတြရဲ႕ နာမည္ၾကီးသီခ်င္းျဖစ္တဲ့ ‘Allez, Allez, Allez’ ကို ဖ်က္ျပီး ဆိုခဲ့ၾကတာလည္းျဖစ္တယ္။
အဆိုပါ သီခ်င္းမွာေတာ့ ရိုးမားပရိသတ္ေတြနဲ႔ တိုက္ခိုက္မႈျဖစ္ျပီး လအတန္ၾကာ ကိုးမားဝင္ခ့ဲတဲ့ လီဗာပူးပရိသတ္ Sean Cox ကို တိုက္ခိုက္တဲ့ စကားလံုးအျပင္ လူမ်ိဳးေရးခြဲမႈလို အဓိပၸာယ္ေရာက္တဲ့ စကားေတြလည္း ပါခဲ့ပါတယ္။ ဒီလိုကိစၥကို ပရိသတ္ေတြက လုပ္တာမဟုတ္ဘဲ မန္စီးတီးကစားသမားေတြကိုယ္တုိင္ ဦးေဆာင္ျပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လုပ္ခဲ့တာအတြက္ မႏွစ္က ေဝဖန္ခံခဲ့ရေသးတာျဖစ္တယ္။
ဒီရာသီမွာေတာ့ လီဗာပူးပရိသတ္ အခ်ိဳ႔က မန္စီးတီးကစားသမားေတြရဲ႕ က်ဆံုးမႈေတြကို တုန္႔ျပန္ ေလွာင္ေျပာင္ခဲ့ၾကျခင္းျဖစ္တယ္။
ဘာနာတိုက ” လီဗာပူး ပရိသတ္ေတြ အေနနဲ႔ မန္စီးတီးကစားသမား တစ္ေယာက္ရဲ႕ အေကာင့္ကို လာျပီး ဘာတစ္ခုမွ လုပ္စရာမရွိဘူးထင္တယ္။ မွားယြင္းတဲ့ အေၾကာင္းျပခ်က္ေတြအတြက္ သနားမိတယ္။ ကိုယ္ဘာသာပဲ အမွတ္ေပးဖလားအတြက္ ေအာင္ပြဲခံပါ။ အေဖာ္ေတြရွာျပီး ဘီယာေတြ သြားေသာက္တာ၊ စာအုပ္ေတြဖတ္တာေတြ လုပ္ေနၾကပါ။ လုပ္စရာေတြ အမ်ားၾကီး ရွိပါတယ္ ” လို႔ တုန္႔ျပန္ခဲ့တယ္။
လီဗာပူးပရိသတ္ အမ်ားအျပားကေတာ့ ဘာနာတို႔ရဲ႕ တြစ္တာက ေျပာဆိုမႈကို တုန္႔ျပန္မႈ မလုပ္ၾကဘဲ ခ်န္ပီယံလိဂ္ ဆုဖလားပံုေတြကိုပဲ သူ႔ပိုစ့္မွာ သြားမန္႔ခဲ့ၾကပါတယ္။