လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီနွေဈေးကွက်ဟာ ပြည့်စုံစွာ ပြင်ဆင်မှုတွေလုပ်နိုင်တဲ့ ကာလအပိုင်းအခြား ဖြစ်လာမှာ မဟုတ်ဘူးလို့ ပရိသတ်တွေကို သတိပေးလိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ လီဗာပူးအသင်းသားတွေကို အလှည့်ကျ စနစ်တွေအတွက် မျှော်လင့်ထားကြဖို့ အရိပ်အမြွက်ကိုလည်း မန်နေဂျာက ပြောဆိုခဲ့တယ်။ လာမယ့်ရာသီဟာ ကိုရိုနာကပ်ဘေးကြားမှာ နားရက်တိုတိုနဲ့ ပြန်စရတဲ့ ရာသီတစ်ခု ဖြစ်လာမှာဖြစ်တယ်။ ဒါကြောင့် ကစားသမားတွေကို ယခင် ရာသီတွေလို ပွဲတွေကို ဆက်တိုက်ကစားစေခြင်းအစား ကြံ့ခိုင်မှု ပြဿနာကို ရှောင်လွဲဖို့ အလှည့်ကျစနစ်တွေ ကစားစေဖို့ ရှိနေပါတယ်။

ကလော့ပ်က ” ကျနေ်ာတို့ရဲ့ ဘဝတွေမှာ အပြင်းထန်ဆုံးသော ဘောလုံးရာသီ ဖြစ်လာဖို့ ရှိနေပါတယ်။ ဘာလို့လည်းဆိုတော့ ကိုရိုနာဗိုင်းရပ်ကြောင့်ပါပဲ။ ကျနေ်ာတို့ ပြည့်ပြည့်စုံစုံ ပြင်ဆင်မှုတွေ မလုပ်နိုင်ပါဘူး။ ဈေးကွက်ထဲလည်း အကောင်းဆုံး ဝင်နိုင်မှာ မဟုတ်ပါဘူး။ လာမယ့် လအနည်းငယ်အတွင်း ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မသိတဲ့ အနေအထားဖြစ်ပါတယ်။

အပြင်ဘက်မှာ မြင်နေရတဲ့ မကောင်းမြင်စရာတွေထက် အကောင်းမြင်စရာတွေကိုပဲ စဉ်းစားကြရအောင်။ ကျနေ်ာတို့ ဆက်ပြီး အလုပ်လုပ်နေဆဲပါ။ မှန်ကန်တဲ့ ဖြေရှင်းမှုတွေကို ကျနေ်ာတို့ စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။ ဖြစ်လာနိုင်တဲ့ ပြဿနာတိုင်းကို ကျနော်တို့ ကာဗာလုပ်နိုင်မလားတော့ မသေချာပါဘူး။ ဒါပေမယ့်လို့ ကျနော်တို့ရဲ့ ပြဿနာတွေကို ဖြေရှင်းနေတဲ့ နည်းလမ်းတွေနဲ့တော့ ကျေနပ်မှုရှိပါတယ်။

ရိုဘိုနဲ့ ထရန့်တို့ဟာ ဘောလုံးရာသီတိုင်းမှာ ပွဲ ၅၀ လောက် ကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲ့တာက သူတို့ရဲ့ ကစားသမားဘဝကို ထိခိုက်သွားစေပါမယ်။ သူတို့ လုပ်လာနိုင်ပေမယ့် အဲ့လို ကစားစေလို့ မရဘူးဆိုတာကို ရိုးသားစွာ ပြောပါမယ်။ ဒီတော့ ဒီပြဿနာကို ဖြေရှင်းဖို့ ကျနေ်ာတို့ ကိုစတက်ကို ခေါ်ယူခဲ့ပါတယ်။ ကိုစတက်က မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။

သူက တကယ်တော်တဲ့ ငနဲပါ။ ယုံကြည်ချက်ရှိတဲ့ ကောင်လေးဖြစ်ပါတယ်။ စိတ်ပါရင် ယူကျူ့မှာသွားပြီး သူ့စကေးတွေ သွားကြည့်ကြပါ။ ကျနော်ထင်ပါတယ်။ လီဗာပူးပရိသတ်တွေလည်း သွားကြည့်ပြီးနေလောက်ပါပြီ။ သူ့အပေါ် အရမ်းလည်း စိတ်လှုပ်ရှားမိပါတယ် ” လို့ ဆိုသွားတာဖြစ်ပါတယ်။

လီဗာပူးဟာ ရာသီသစ်အတွက် ကစားသမား ခေါ်ယူမှုကို လုပ်ထားတဲ့ အသင်းတွေထဲ ပါနေပေမယ့် ကလပ်အများအပြားက လူသစ်ခေါ်မှုတွေ မလုပ်နိုင်သေးပါဘူး။ လက်တလော အပြောင်းအရွှေ့ သတင်းတွေအရ ကလပ်တွေဟာ လူသစ်ခေါ်မှုတွေကို ထိန်းချုပ်သွားမယ့် သဘောတွေမှာ ရှိနေပြီး ထိပ်တန်းအသင်းတွေ ကိုယ်တိုင်က ဈေးကွက်ထဲ ဝင်မှုတွေ နည်းပါးနေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီေႏြေစ်းကြက္ဟာ ျပည့္စံုစြာ ျပင္ဆင္မႈေတြလုပ္ႏုိင္တဲ့ ကာလအပိုင္းအျခား ျဖစ္လာမွာ မဟုတ္ဘူးလို႔ ပရိသတ္ေတြကို သတိေပးလိုက္ပါတယ္။

တစ္ဆက္တည္းမွာပဲ လီဗာပူးအသင္းသားေတြကို အလွည့္က် စနစ္ေတြအတြက္ ေမွ်ာ္လင့္ထားၾကဖို႔ အရိပ္အျမြက္ကိုလည္း မန္ေနဂ်ာက ေျပာဆိုခဲ့တယ္။ လာမယ့္ရာသီဟာ ကိုရိုနာကပ္ေဘးၾကားမွာ နားရက္တိုတိုနဲ႔ ျပန္စရတဲ့ ရာသီတစ္ခု ျဖစ္လာမွာျဖစ္တယ္။ ဒါေၾကာင့္ ကစားသမားေတြကို ယခင္ ရာသီေတြလို ပြဲေတြကို ဆက္တိုက္ကစားေစျခင္းအစား ၾကံ႕ခိုင္မႈ ျပႆနာကို ေရွာင္လြဲဖို႔ အလွည့္က်စနစ္ေတြ ကစားေစဖို႔ ရွိေနပါတယ္။

ကေလာ့ပ္က ” က်ေန္ာတို႔ရဲ႕ ဘဝေတြမွာ အျပင္းထန္ဆံုးေသာ ေဘာလံုးရာသီ ျဖစ္လာဖို႔ ရွိေနပါတယ္။ ဘာလို႔လည္းဆိုေတာ့ ကိုရိုနာဗိုင္းရပ္ေၾကာင့္ပါပဲ။ က်ေန္ာတို႔ ျပည့္ျပည့္စံုစံု ျပင္ဆင္မႈေတြ မလုပ္ႏုိင္ပါဘူး။ ေစ်းကြက္ထဲလည္း အေကာင္းဆံုး ဝင္ႏုိင္မွာ မဟုတ္ပါဘူး။ လာမယ့္ လအနည္းငယ္အတြင္း ဘာျဖစ္လာမယ္ဆိုတာ ဘယ္သူမွ မသိတဲ့ အေနအထားျဖစ္ပါတယ္။

အျပင္ဘက္မွာ ျမင္ေနရတဲ့ မေကာင္းျမင္စရာေတြထက္ အေကာင္းျမင္စရာေတြကိုပဲ စဥ္းစားၾကရေအာင္။ က်ေန္ာတို႔ ဆက္ျပီး အလုပ္လုပ္ေနဆဲပါ။ မွန္ကန္တဲ့ ေျဖရွင္းမႈေတြကို က်ေန္ာတို႔ ေစာင့္ဆိုင္းေနဆဲျဖစ္ပါတယ္။ ျဖစ္လာႏုိင္တဲ့ ျပႆနာတိုင္းကို က်ေနာ္တို႔ ကာဗာလုပ္ႏုိင္မလားေတာ့ မေသခ်ာပါဘူး။ ဒါေပမယ့္လို႔ က်ေနာ္တို႔ရဲ႕ ျပႆနာေတြကို ေျဖရွင္းေနတဲ့ နည္းလမ္းေတြနဲ႔ေတာ့ ေက်နပ္မႈရွိပါတယ္။

ရိုဘိုနဲ႔ ထရန္႔တို႔ဟာ ေဘာလံုးရာသီတုိင္းမွာ ပြဲ ၅၀ ေလာက္ ကစားဖို႔ဆိုတာ မျဖစ္ႏုိင္ပါဘူး။ အဲ့တာက သူတို႔ရဲ႕ ကစားသမားဘဝကို ထိခိုက္သြားေစပါမယ္။ သူတို႔ လုပ္လာႏုိင္ေပမယ့္ အဲ့လို ကစားေစလို႔ မရဘူးဆိုတာကို ရိုးသားစြာ ေျပာပါမယ္။ ဒီေတာ့ ဒီျပႆနာကို ေျဖရွင္းဖို႔ က်ေန္ာတို႔ ကိုစတက္ကို ေခၚယူခဲ့ပါတယ္။ ကိုစတက္က မွန္ကန္တဲ့ ေရြးခ်ယ္မႈျဖစ္ပါတယ္။

သူက တကယ္ေတာ္တဲ့ ငနဲပါ။ ယံုၾကည္ခ်က္ရွိတဲ့ ေကာင္ေလးျဖစ္ပါတယ္။ စိတ္ပါရင္ ယူက်ဴ႔မွာသြားျပီး သူ႔စေကးေတြ သြားၾကည့္ၾကပါ။ က်ေနာ္ထင္ပါတယ္။ လီဗာပူးပရိသတ္ေတြလည္း သြားၾကည့္ျပီးေနေလာက္ပါျပီ။ သူ႔အေပၚ အရမ္းလည္း စိတ္လႈပ္ရွားမိပါတယ္ ” လို႔ ဆိုသြားတာျဖစ္ပါတယ္။

လီဗာပူးဟာ ရာသီသစ္အတြက္ ကစားသမား ေခၚယူမႈကို လုပ္ထားတ့ဲ အသင္းေတြထဲ ပါေနေပမယ့္ ကလပ္အမ်ားအျပားက လူသစ္ေခၚမႈေတြ မလုပ္ႏုိင္ေသးပါဘူး။ လက္တေလာ အေျပာင္းအေရႊ႔ သတင္းေတြအရ ကလပ္ေတြဟာ လူသစ္ေခၚမႈေတြကို ထိန္းခ်ဳပ္သြားမယ့္ သေဘာေတြမွာ ရွိေနျပီး ထိပ္တန္းအသင္းေတြ ကိုယ္တိုင္က ေစ်းကြက္ထဲ ဝင္မႈေတြ နည္းပါးေနတာျဖစ္ပါတယ္။