လီဗာပူးအသင်းရဲ့ သြစတြီးယား ရာသီကြို ခရီးစဉ်ကိုတော့ ညာအစွန်လူ ထရန့်ဟာ ဒဏ်ရာကြောင့် မလိုက်ပါနိုင်ခဲ့ပါဘူး။

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး လူငယ်ဆုကို အနိုင်ရထားတဲ့ ထရန့်ဟာ ဒီလထဲမှာ ယှဉ်ပြိုင်ရမယ့် ကွန်မြူနတီဒိုင်းပွဲမှာ ပါဝင်နိုင်မလားကလည်း မသေချာသေးပါဘူး။ ကွန်မြူနတီဒိုင်းဟာ ရာသီကြို ပြင်ဆင်မှုရဲ့ အလယ်မှာ ရှိနေတာဖြစ်ကာ ခြေစမ်းပွဲ ၂ ပွဲ လွဲမယ့် ထရန့်ကို ကွန်မြူနတီပွဲ ထုတ်သုံးမသုံးက မန်နေဂျာကလော့ပ်ရဲ့ ဆုံးဖြတ်ချက်ကပဲ အဓိက ကျမှာပါ။

ပြင်သစ်ကို သွားဖို့ ပြင်ဆင်ထားပြီးကာမှ ပယ်ဖျက်ခဲ့ရတဲ့ လီဗာပူး ရာသီကြို ခရီးစဉ်မှာ ဟန်ဒါဆန်နဲ့ မာတစ်တို့လည်း လိုက်ပါခဲ့တယ်။ သူတို့ နှစ်ဦးက ဘောလုံးနဲ့အတူ လေ့ကျင့်ရေးတွေ ပြန်စနေခဲ့ပြီး ထရန့်ကတော့ မာဆေးဆိုဒ်က သူ့နေအိမ်မှာပဲ ကျန်နေခဲ့ပါတယ်။

ထရန့်ဟာ သူ့ရဲ့ ကြံ့ခိုင်မှုအတွက် အသင်းဘက်က ပေးခဲ့တဲ့ ညွှန်ကြားချက်တွေအတိုင်း ဆက်လက် လုပ်ဆောင်နေရတယ်လို့ သိထားရတယ်။ ကလပ်ဘက်ကတော့ ဒီလထဲမှာ ကြံ့ခိုင်မှု ပြန်ပြည့်အောင် လုပ်ထားစေလိုပြီး စက်တင်ဘာလအတွင်း စတင်မယ့် ဒုတိယမြောက် ရာသီကြို လေ့ကျင့်ရေးတွေမှာ ပူးပေါင်းစေဖို့ ရည်ရွယ်ပါတယ်။

ဒဏ်ရာက အသေးစားပဲဖြစ်တာကြောင့် အာဆင်နယ်နဲ့ပွဲကို ပါဝင်စေမယ်ဆိုရင်လည်း ပါဝင်စေလို့ ရမယ်လို့ မာဆေးဆိုဒ် အခြေစိုက် သတင်းက ဖော်ပြတယ်။ အခြေအနေက ဒီလထဲမှာ ထရန့်ကို သီးသန့် လေ့ကျင့်စေတာက သူ့ရဲ့ ကြံ့ခိုင်မှုအပေါ် ဘယ်လောက်ထိ သက်ရောက်မလဲအပေါ် မူတည်ပါတယ်။

ဝဲလ်ဆန်ကလည်း တူညီတဲ့ အနေအထားဖြစ်ပြီး ဘုန်းမောက်ကနေ ပြန်လာအပြီးမှာ ကြံ့ခိုင်မှု ရာနှုန်းပြည့် မကောင်းပါဘူး။ ဒါကြောင့် သူတို့ နှစ်ဦးကို ချန်ထားခဲ့ရကာ အားမွေးထားစေတာဖြစ်တယ်။ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ ဒဏ်ရာကို ခွဲစိတ်မှုခံယူဖို့ မလိုအပ်တာကြောင့် အနားယူချိန်ပဲ ပေးထားပါတယ်။

ဟန်ဒါဆန်နဲ့ မာတစ်ဟာလည်း ကွန်မြူနတီဒိုင်းပွဲ ပါဝင်ဖို့ မသေချာပေမယ့် ရာသီစ ပွဲစဉ်တွေမှာ ပြန်ကစားဖို့တော့ အဆင်သင့် ဖြစ်နေမှာပါ။

ZAWGYI

လီဗာပူးအသင္းရဲ႕ ၾသစၾတီးယား ရာသီၾကိဳ ခရီးစဥ္ကိုေတာ့ ညာအစြန္လူ ထရန္႔ဟာ ဒဏ္ရာေၾကာင့္ မလိုက္ပါႏုိင္ခ့ဲပါဘူး။

ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး လူငယ္ဆုကို အႏုိင္ရထားတဲ့ ထရန္႔ဟာ ဒီလထဲမွာ ယွဥ္ျပိဳင္ရမယ့္ ကြန္ျမဴနတီဒိုင္းပြဲမွာ ပါဝင္ႏုိင္မလားကလည္း မေသခ်ာေသးပါဘူး။ ကြန္ျမဴနတီဒိုင္းဟာ ရာသီၾကိဳ ျပင္ဆင္မႈရဲ႕ အလယ္မွာ ရွိေနတာျဖစ္ကာ ေျခစမ္းပြဲ ၂ ပြဲ လြဲမယ့္ ထရန္႔ကို ကြန္ျမဴနတီပြဲ ထုတ္သံုးမသံုးက မန္ေနဂ်ာကေလာ့ပ္ရဲ႕ ဆံုးျဖတ္ခ်က္ကပဲ အဓိက က်မွာပါ။

ျပင္သစ္ကို သြားဖို႔ ျပင္ဆင္ထားျပီးကာမွ ပယ္ဖ်က္ခဲ့ရတဲ့ လီဗာပူး ရာသီၾကိဳ ခရီးစဥ္မွာ ဟန္ဒါဆန္နဲ႔ မာတစ္တို႔လည္း လိုက္ပါခဲ့တယ္။ သူတို႔ ႏွစ္ဦးက ေဘာလံုးနဲ႔အတူ ေလ့က်င့္ေရးေတြ ျပန္စေနခဲ့ျပီး ထရန္႔ကေတာ့ မာေဆးဆိုဒ္က သူ႔ေနအိမ္မွာပဲ က်န္ေနခဲ့ပါတယ္။

ထရန္႔ဟာ သူ႔ရဲ႕ ၾကံ႕ခိုင္မႈအတြက္ အသင္းဘက္က ေပးခဲ့တဲ့ ညႊန္ၾကားခ်က္ေတြအတိုင္း ဆက္လက္ လုပ္ေဆာင္ေနရတယ္လို႔ သိထားရတယ္။ ကလပ္ဘက္ကေတာ့ ဒီလထဲမွာ ၾကံ႕ခိုင္မႈ ျပန္ျပည့္ေအာင္ လုပ္ထားေစလိုျပီး စက္တင္ဘာလအတြင္း စတင္မယ့္ ဒုတိယေျမာက္ ရာသီၾကိဳ ေလ့က်င့္ေရးေတြမွာ ပူးေပါင္းေစဖို႔ ရည္ရြယ္ပါတယ္။

ဒဏ္ရာက အေသးစားပဲျဖစ္တာေၾကာင့္ အာဆင္နယ္နဲ႔ပြဲကို ပါဝင္ေစမယ္ဆိုရင္လည္း ပါဝင္ေစလို႔ ရမယ္လို႔ မာေဆးဆိုဒ္ အေျခစိုက္ သတင္းက ေဖာ္ျပတယ္။ အေျခအေနက ဒီလထဲမွာ ထရန္႔ကို သီးသန္႔ ေလ့က်င့္ေစတာက သူ႔ရဲ႕ ၾကံ႕ခိုင္မႈအေပၚ ဘယ္ေလာက္ထိ သက္ေရာက္မလဲအေပၚ မူတည္ပါတယ္။

ဝဲလ္ဆန္ကလည္း တူညီတဲ့ အေနအထားျဖစ္ျပီး ဘုန္းေမာက္ကေန ျပန္လာအျပီးမွာ ၾကံ႕ခိုင္မႈ ရာႏႈန္းျပည့္ မေကာင္းပါဘူး။ ဒါေၾကာင့္ သူတို႔ ႏွစ္ဦးကို ခ်န္ထားခဲ့ရကာ အားေမြးထားေစတာျဖစ္တယ္။ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကေတာ့ ဒဏ္ရာကို ခြဲစိတ္မႈခံယူဖို႔ မလိုအပ္တာေၾကာင့္ အနားယူခ်ိန္ပဲ ေပးထားပါတယ္။

ဟန္ဒါဆန္နဲ႔ မာတစ္ဟာလည္း ကြန္ျမဴနတီဒိုင္းပြဲ ပါဝင္ဖို႔ မေသခ်ာေပမယ့္ ရာသီစ ပြဲစဥ္ေတြမွာ ျပန္ကစားဖို႔ေတာ့ အဆင္သင့္ ျဖစ္ေနမွာပါ။