နယူးကာဆယ်အသင်းဟာ လီဗာပူးအကယ်ဒမီကနေ ထွက်ခွာသွားတဲ့ လူငယ် ကွင်းလယ်လူ Niall Brookwell ကို လက်မှတ်ထိုး ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
၂၀၂၀-၂၀၂၁ ခုနှစ် ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် ပွဲစဉ် ဇယားတွေ ပေါ်ထွက်လာခဲ့ပြီဖြစ်ကာ လီဗာပူးက အဖွင့်သီတင်းပတ်တွေမှာ လိဒ်၊ ချယ်ဆီး၊ အာဆင်နယ်တို့နဲ့ ထိပ်တိုက်နေပါတယ်။
လိဒ်ယူနိုက်တက်က ဘရိုက်တန် ခံစစ်မှူး ဘမ်ဝိုက်အတွက် တတိယမြောက် ကမ်းလှမ်းမှုအဖြစ် ပေါင် ၂၅ သန်းတန် စာချုပ်ကို ပေးပို့ခဲ့ပါပြီ။
လာဇီယိုအသင်းဟာ ရှာကွီရီကို ကာလရှည် စာချုပ်ဖြင့် ကမ်းလှမ်းလိုနေပြီး လီဗာပူးဘက်က မှန်ကန်တဲ့ ဈေးနှုန်းကို လုပ်ဆောင်ပေးဖို့ မျှော်လင့်နေပါတယ်။
လီဗာပူးနဲ့ ဆဲလ်ဘတ်တို့ ယှဉ်ပြိုင်ကစားမယ့် ပွဲမှာတော့ ကွင်းထဲကို ပရိသတ် ၁၂၅၀ ဦး ဝင်ခွင့်ရမှာဖြစ်ကာ မတ်လ ၁၁ ရက်နောက်ပိုင်း ၁၆၇ ရက် အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ပရိသတ် အနည်းငယ်ပါဝင်တဲ့ ဘောလုံးပွဲကို ကစားရမှာဖြစ်ပါတယ်။
လိုဗရန်က လီဗာပူးတိုက်စစ်သမား နှစ်ဦးဖြစ်တဲ့ ဆာလက်နဲ့ မာနေးဟာ သွင်းဂိုးတွေကို အပြိုင်အဆိုင် သွင်းယူနေရတာကို ပျော်ရွှင်နေသလို ဆုဖလားတွေ ဆက်လက် အောင်မြင်ဖို့ ဆာလောင်နေဆဲပါလို့ ထုတ်ပြောခဲ့တယ်။
ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး လူငယ်ဆုကို အနိုင်ရထားတဲ့ ထရန့်ဟာ ဒီလထဲမှာ ယှဉ်ပြိုင်ရမယ့် ကွန်မြူနတီဒိုင်းပွဲမှာ ပါဝင်နိုင်မလားကလည်း မသေချာသေးပါဘူး။ ထရန့်ဟာ သူ့ရဲ့ ကြံ့ခိုင်မှုအတွက် အသင်းဘက်က ပေးခဲ့တဲ့ ညွှန်ကြားချက်တွေအတိုင်း ဆက်လက် လုပ်ဆောင်နေရတယ်လို့ သိထားရတယ်။
ဘာစီလိုနာဟာ လီဗာပူးနဲ့ စာချုပ် ၁ နှစ်ပဲကျန်တဲ့ ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ဇန်နဝါရီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ဖို့ကို ဆွေးနွေးလိုနေပါတယ်။
လီဗာပူးအသင်းဟာ အသင်းရဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂရုဂျစ်နဲ့ ဟယ်ရီဝဲလ်ဆန်ကို ဒီနွေမှာ ခေါ်ယူလိုတဲ့ ကလပ်တွေနဲ့ အပြီးသတ် ညိနှိုင်းမှုတွေကိုပဲ ပြုလုပ်သွားဖို့ ပြင်ဆင်ထားပါတယ်။
လီဗာပူးခံစစ်မှူးဟောင်း လိုဗရန်က ဇွန်လ ၂၅ ရက်တုန်းက ချယ်ဆီးကို မန်စီးတီး အရေးနိမ့်ပြီး လီဗာပူးအသင်း ချန်ပီယံဖြစ်ချိန်မှာ အန်ဖီးကွင်းကို တိတ်တိတ်လေးသွားခဲ့ပြီး အောင်ပွဲခံခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။
အာဆင်နယ်အသင်း ကစားသမားဟောင်း မာတီဆက်ကာက ကွင်းလယ်လူ သီယေဂိုဟာ ပရီးမီးယားလိဂ်မှာလည်း ကစားနိုင်မယ့် သူဖြစ်ပေမယ့် လီဗာပူးကို ရွေးမယ်ဆိုရင် နေရာရဖို့ မသေချာဘူးလို့ ထုတ်ပြောလိုက်ပါတယ်။
ZAWGYI
နယူးကာဆယ္အသင္းဟာ လီဗာပူးအကယ္ဒမီကေန ထြက္ခြာသြားတဲ့ လူငယ္ ကြင္းလယ္လူ Niall Brookwell ကို လက္မွတ္ထိုး ေခၚယူလိုက္ျပီ ျဖစ္ပါတယ္။
၂၀၂၀-၂၀၂၁ ခုႏွစ္ ေဘာလံုးရာသီအတြက္ ပရီးမီးယားလိဂ္ ပြဲစဥ္ ဇယားေတြ ေပၚထြက္လာခဲ့ျပီျဖစ္ကာ လီဗာပူးက အဖြင့္သီတင္းပတ္ေတြမွာ လိဒ္၊ ခ်ယ္ဆီး၊ အာဆင္နယ္တို႔နဲ႔ ထိပ္တိုက္ေနပါတယ္။
လိဒ္ယူႏုိက္တက္က ဘရိုက္တန္ ခံစစ္မွဴး ဘမ္ဝိုက္အတြက္ တတိယေျမာက္ ကမ္းလွမ္းမႈအျဖစ္ ေပါင္ ၂၅ သန္းတန္ စာခ်ဳပ္ကို ေပးပို႔ခဲ့ပါျပီ။
လာဇီယိုအသင္းဟာ ရွာကီြရီကို ကာလရွည္ စာခ်ဳပ္ျဖင့္ ကမ္းလွမ္းလိုေနျပီး လီဗာပူးဘက္က မွန္ကန္တဲ့ ေစ်းႏႈန္းကို လုပ္ေဆာင္ေပးဖို႔ ေမွ်ာ္လင့္ေနပါတယ္။
လီဗာပူးနဲ႔ ဆဲလ္ဘတ္တို႔ ယွဥ္ျပိဳင္ကစားမယ့္ ပြဲမွာေတာ့ ကြင္းထဲကို ပရိသတ္ ၁၂၅၀ ဦး ဝင္ခြင့္ရမွာျဖစ္ကာ မတ္လ ၁၁ ရက္ေနာက္ပိုင္း ၁၆၇ ရက္ အၾကာမွာ ပထမဆံုးအၾကိမ္အျဖစ္ ပရိသတ္ အနည္းငယ္ပါဝင္တဲ့ ေဘာလံုးပြဲကို ကစားရမွာျဖစ္ပါတယ္။
လိုဗရန္က လီဗာပူးတိုက္စစ္သမား ႏွစ္ဦးျဖစ္တဲ့ ဆာလက္နဲ႔ မာေနးဟာ သြင္းဂိုးေတြကို အျပိဳင္အဆုိင္ သြင္းယူေနရတာကို ေပ်ာ္ရႊင္ေနသလို ဆုဖလားေတြ ဆက္လက္ ေအာင္ျမင္ဖို႔ ဆာေလာင္ေနဆဲပါလို႔ ထုတ္ေျပာခဲ့တယ္။
ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး လူငယ္ဆုကို အႏုိင္ရထားတဲ့ ထရန္႔ဟာ ဒီလထဲမွာ ယွဥ္ျပိဳင္ရမယ့္ ကြန္ျမဴနတီဒိုင္းပြဲမွာ ပါဝင္ႏုိင္မလားကလည္း မေသခ်ာေသးပါဘူး။ ထရန္႔ဟာ သူ႔ရဲ႕ ၾကံ႕ခိုင္မႈအတြက္ အသင္းဘက္က ေပးခဲ့တဲ့ ညႊန္ၾကားခ်က္ေတြအတိုင္း ဆက္လက္ လုပ္ေဆာင္ေနရတယ္လို႔ သိထားရတယ္။
ဘာစီလိုနာဟာ လီဗာပူးနဲ႔ စာခ်ဳပ္ ၁ ႏွစ္ပဲက်န္တဲ့ ကြင္းလယ္လူ ဝိုက္နယ္ဒမ္ကို ဇန္နဝါရီမွာ အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ေခၚယူႏုိင္ဖို႔ကို ေဆြးေႏြးလိုေနပါတယ္။
လီဗာပူးအသင္းဟာ အသင္းရဲ႕ လူငယ္ကစားသမားေတြျဖစ္တဲ့ ဂရုဂ်စ္နဲ႔ ဟယ္ရီဝဲလ္ဆန္ကို ဒီေႏြမွာ ေခၚယူလိုတဲ့ ကလပ္ေတြနဲ႔ အျပီးသတ္ ညိႏိႈင္းမႈေတြကိုပဲ ျပဳလုပ္သြားဖို႔ ျပင္ဆင္ထားပါတယ္။
လီဗာပူးခံစစ္မွဴးေဟာင္း လိုဗရန္က ဇြန္လ ၂၅ ရက္တုန္းက ခ်ယ္ဆီးကို မန္စီးတီး အေရးနိမ့္ျပီး လီဗာပူးအသင္း ခ်န္ပီယံျဖစ္ခ်ိန္မွာ အန္ဖီးကြင္းကို တိတ္တိတ္ေလးသြားခဲ့ျပီး ေအာင္ပြဲခံခဲ့တယ္လို႔ ဝန္ခံလိုက္ပါတယ္။
အာဆင္နယ္အသင္း ကစားသမားေဟာင္း မာတီဆက္ကာက ကြင္းလယ္လူ သီေယဂိုဟာ ပရီးမီးယားလိဂ္မွာလည္း ကစားႏုိင္မယ့္ သူျဖစ္ေပမယ့္ လီဗာပူးကို ေရြးမယ္ဆိုရင္ ေနရာရဖို႔ မေသခ်ာဘူးလို႔ ထုတ္ေျပာလိုက္ပါတယ္။