၂၀၂၀ အတွက် ယူအီးအက်ဖ်အေရဲ့ ဥရောပကလပ်တွေကို အဆင့် သက်မှတ်ချက်ပေးရာမှာ လီဗာပူးအသင်းဟာ ထိပ်တန်း ၁၀ သင်းစာရင်းထဲကို ပထမဆုံးအကြိမ် ပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ဒါဟာ ၂၀၁၀ ခုနှစ်က ယူအီးအက်ဖ်အေ အဆင့် သက်မှတ်ချက် ၅ နေရာမှာ ရှိခဲ့တဲ့ လီဗာပူးအသင်း ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံး ၁၀ သင်းစာရင်းထဲ ပြန်ဝင်နိုင်ခဲ့တာပါ။ လီဗာပူးဟာ ဥရောပပြိုင်ပွဲကို ကာလရှည် ဝေးကွာမှုကြောင့် ယူအီးအက်ဖ်အေအဆင့် သက်မှတ်ချက်မှာ အဆင့် ၄၂ ထိကို ဆိုးဆိုးရွားရွား ကျဆင်းခဲ့သေးတာဖြစ်တယ်။

၂၀၁၈ ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်ခဲ့မှု၊ ၂၀၁၉ မှာ ချန်ပီယံဖြစ်မှုတွေက လီဗာပူးကို ထိပ်ဆုံး အဆင့်တွေကို ပြန်တက်ဖို အရှိန်နဲ့ မြင့်တင်ပေးခဲ့တယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၄ ရာသီဆက် ဝင်ခွင့်ရရာက ၂၀၂၀ ခုနှစ်အတွက် ယူအီးအက်ဖ်အေ အဆင့်သက်မှတ်ချက်မှာ နံပါတ် ၁၀ နေရာကို ပြန်ရောက်လာစေခဲ့ပါတယ်။

အင်္ဂလန်အသင်းတွေထဲမှာတော့ မန်စီးတီးက မန်စီးတီးက နံပါတ် ၆၊ ယူနိုက်တက်က နံပါတ် ၉ နေရာတွေမှာ ရှိနေပြီး လီဗာပူးရဲ့ ရှေ့မှာ ရှိနေကြတာပါ။ လီဗာပူးအသင်း အဆင့် ၁၀ မှာပဲ ရှိနေခြင်းက ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ ဥရောပပွဲ လုံးဝ မကစားခဲ့ရခြင်းကြောင့်ဖြစ်ပြီး ချယ်ဆီးကလည်း အဆိုပါရာသီမှာ ဥရောပပွဲ မကစားရခြင်းကြောင့် ရမှတ်ပေါင်းမှာ နည်းပါးကာ အဆင့် ၁၆ နေရာမှာပဲ ရှိနေခဲ့ပါတယ်။

ယူအီးအက်ဖ်အေ ရပ်တည်မှုဟာ ၅ နှစ်ကာလ ဥရောပအဆင့်တွေကို တွက်ချက်ပေးခြင်းဖြစ်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ပုံမှန်ရမှုကို အခြေခံပြီး နောက်ဆက်တွဲအဖြစ် ချန်ပီယံလိဂ် အောင်မြင်မှုတွေကိုပါ ထည့်တွက်ခြင်းဖြစ်တယ်။ အဆိုပါ အဆင့် သက်မှတ်ချက်ဟာ အုပ်စုအဆင့်အတွက် pot ခွဲရာမှာ အရေးပါသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုကြေးပေးမှုအပေါ်လည်း သက်ရောက်မှုရှိကာ အဆင့် မြင့်ရင် မြင့်လာသလောက် ဆုကြေး ပိုရမှာဖြစ်တယ်။

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တဲ့ လီဗာပူးအသင်းက လာမယ့်ရာသီမှာတော့ ချန်ပီယံလိဂ်ကို pot-1 ကနေ ဝင်ခွင့်ရထားပြီး အခြားအသင်းတွေက ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူနစ်၊ ပီအက်စ်ဂျီ၊ ဇင်းနစ် စိန့်ပီတာစဘတ်၊ အင်တာ (သို့) ဆီးဗီးလာ နဲ့ ပေါ်တို့အသင်းတို့ ဖြစ်ပါတယ်။ မန်စီးတီး၊ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ကတော့ pot-2 မှာရှိပါမယ်။

ZAWGYI

၂၀၂၀ အတြက္ ယူအီးအက္ဖ္ေအရဲ႕ ဥေရာပကလပ္ေတြကို အဆင့္ သက္မွတ္ခ်က္ေပးရာမွာ လီဗာပူးအသင္းဟာ ထိပ္တန္း ၁၀ သင္းစာရင္းထဲကို ပထမဆံုးအၾကိမ္ ျပန္ေရာက္လာခဲ့ျပီျဖစ္ပါတယ္။

ဒါဟာ ၂၀၁၀ ခုႏွစ္က ယူအီးအက္ဖ္ေအ အဆင့္ သက္မွတ္ခ်က္ ၅ ေနရာမွာ ရွိခဲ့တဲ့ လီဗာပူးအသင္း ၁၀ ႏွစ္အတြင္း ပထမဆံုးအၾကိမ္အျဖစ္ ထိပ္ဆံုး ၁၀ သင္းစာရင္းထဲ ျပန္ဝင္ႏုိင္ခဲ့တာပါ။ လီဗာပူးဟာ ဥေရာပျပိဳင္ပြဲကို ကာလရွည္ ေဝးကြာမႈေၾကာင့္ ယူအီးအက္ဖ္ေအအဆင့္ သက္မွတ္ခ်က္မွာ အဆင့္ ၄၂ ထိကို ဆိုးဆိုးရြားရြား က်ဆင္းခဲ့ေသးတာျဖစ္တယ္။

၂၀၁၈ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေရာက္ခဲ့မႈ၊ ၂၀၁၉ မွာ ခ်န္ပီယံျဖစ္မႈေတြက လီဗာပူးကို ထိပ္ဆံုး အဆင့္ေတြကို ျပန္တက္ဖို အရွိန္နဲ႔ ျမင့္တင္ေပးခဲ့တယ္။ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကို ၄ ရာသီဆက္ ဝင္ခြင့္ရရာက ၂၀၂၀ ခုႏွစ္အတြက္ ယူအီးအက္ဖ္ေအ အဆင့္သက္မွတ္ခ်က္မွာ နံပါတ္ ၁၀ ေနရာကို ျပန္ေရာက္လာေစခဲ့ပါတယ္။

အဂၤလန္အသင္းေတြထဲမွာေတာ့ မန္စီးတီးက မန္စီးတီးက နံပါတ္ ၆၊ ယူႏုိက္တက္က နံပါတ္ ၉ ေနရာေတြမွာ ရွိေနျပီး လီဗာပူးရဲ႕ ေရွ႔မွာ ရွိေနၾကတာပါ။ လီဗာပူးအသင္း အဆင့္ ၁၀ မွာပဲ ရွိေနျခင္းက ၂၀၁၆-၂၀၁၇ ေဘာလံုးရာသီမွာ ဥေရာပပြဲ လံုးဝ မကစားခဲ့ရျခင္းေၾကာင့္ျဖစ္ျပီး ခ်ယ္ဆီးကလည္း အဆိုပါရာသီမွာ ဥေရာပပြဲ မကစားရျခင္းေၾကာင့္ ရမွတ္ေပါင္းမွာ နည္းပါးကာ အဆင့္ ၁၆ ေနရာမွာပဲ ရွိေနခဲ့ပါတယ္။

ယူအီးအက္ဖ္ေအ ရပ္တည္မႈဟာ ၅ ႏွစ္ကာလ ဥေရာပအဆင့္ေတြကို တြက္ခ်က္ေပးျခင္းျဖစ္ကာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ပံုမွန္ရမႈကို အေျခခံျပီး ေနာက္ဆက္တြဲအျဖစ္ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈေတြကိုပါ ထည့္တြက္ျခင္းျဖစ္တယ္။ အဆိုပါ အဆင့္ သက္မွတ္ခ်က္ဟာ အုပ္စုအဆင့္အတြက္ pot ခြဲရာမွာ အေရးပါသလို ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ဆုေၾကးေပးမႈအေပၚလည္း သက္ေရာက္မႈရွိကာ အဆင့္ ျမင့္ရင္ ျမင့္လာသေလာက္ ဆုေၾကး ပိုရမွာျဖစ္တယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္တဲ့ လီဗာပူးအသင္းက လာမယ့္ရာသီမွာေတာ့ ခ်န္ပီယံလိဂ္ကို pot-1 ကေန ဝင္ခြင့္ရထားျပီး အျခားအသင္းေတြက ရီးရဲလ္မက္ဒရစ္၊ ဘိုင္ယန္ျမဴနစ္၊ ပီအက္စ္ဂ်ီ၊ ဇင္းနစ္ စိန္႔ပီတာစဘတ္၊ အင္တာ (သို႔) ဆီးဗီးလာ နဲ႔ ေပၚတို႔အသင္းတို႔ ျဖစ္ပါတယ္။ မန္စီးတီး၊ ယူႏုိက္တက္နဲ႔ ခ်ယ္ဆီးတို႔ကေတာ့ pot-2 မွာရွိပါမယ္။