လီဗာပူးကစားသမားဘဝ ပထမဆုံးသော ၄၅ မိနစ် ကစားခွင့်ရခဲ့တဲ့ ကိုစတက်က သူ့ရဲ့ ပွဲဦးထွက်ကို အတော်လေး အားရကျေနပ်နေပါတယ်။

ကိုစတက်က “ အရမ်းကောင်းတယ်လို့ ခံစားရတယ်။ အခုတော့ ကျနော် ပိုပြီး ကြိုးစားလိုနေပါပြီ။ လိဂ်ပွဲတွေ ပိုပြီး ကစားလိုနေပါတယ်။ အရာအားလုံးအတွက်လည်း အဆင်သင့် ဖြစ်လိုပါတယ်။ ချစ်ကြည်ရေးပွဲက ခက်ခဲပါတယ်။ အရေးကြီးဆုံးက ကြံ့ခိုင်နေဖို့လိုတယ်။ ကျနော် ကောင်းကောင်းပြေးနိုင်ဖို့ ကြိုးစားခဲ့တယ်။ ရလဒ်က အရေးကြီးဆုံးပါပဲ။ ချစ်ကြည်ရေးပွဲဆိုတာတောင်မှ ပြိုင်ဆိုင်မှု ရှိတဲ့ ပွဲတွေ ဖြစ်ပါတယ်။

အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ပါပဲ။ လေ့ကျင့်ရေးမှာ နေ့တိုင်း လုပ်နေသလိုပဲ ကျနေ်ာတို့ လုပ်နိုင်ခဲ့ပါတယ်။ မန်နေဂျာလိုချင်တဲ့အတိုင်း ကွင်းထဲမှာ လုပ်ပြနိုင်ခဲ့တယ်။ ကျနေ်ာတို့ အနိုင်ရခဲ့တယ်။ ဒီပုံစံကို ဆက်ထိန်းထားမှာပါ။ ၂၉ ရက်နေ့ကျရင် ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲအတွက် အဆင်သင့် ဖြစ်နေလိုပါတယ် ” လို့ ပျော်ရွှင် စိတ်လှုပ်ရှားစွာ ပြောဆိုပါတယ်။

သြစတြီးယား ရာသီကြိုအဖြစ် ဒုတိယမြောက် ချစ်ကြည်ရေးပွဲ ကစားဖို့ ရှိနေသေးပြီး ဆဲလ်ဘတ်လို အသင်းကောင်းနဲ့ ကစားရမှာပါ။ ဒီပွဲမှာ အသင်းသားတွေထံက ပိုကောင်းတဲ့ ကစားအားတွေ မြင်တွေ့လာရမယ်လို့ ယုံကြည်ထားရတယ်။ ကိုစတက်လို ကစားသမားသစ်ကလည်း ပိုမို အထိုင်ကျလာဖို့ ရှိနေပါတယ်။

ဂရိသားလေးက “ လေ့ကျင့်ရေးတွေက တကယ်ကို ခက်ခဲပါတယ်။ ဒါပေမယ့် အဆင်သင့်ဖြစ်နေဖို့ ကျနော် ကြိုးစား လေ့ကျင့်နေပါတယ်။ အသင်းဖော်တိုင်းက ကျနော်ကို အတော်လေး ဂရုတစိုက် ကြိုဆိုကြပါတယ်။ သူတို့ရဲ့ ကူညီမှုက ကွင်းထဲမှာ အကောင်းဆုံး ကြိုးစားနိုင်ဖို့ အကူအညီဖြစ်ခဲ့တယ်။

အားလုံး အတူတကွ ကြိုးစားနေတာကြောင့် အကောင်းဆုံးတွေကို မျှော်လင့်နေပါတယ်။ ရာသီသစ်ကို စတင်လိုနေပါပြီ။ လာမယ့် ရာသီကို မစောင့်နိုင်အောင်ပါပဲ။ အသင်းရဲ့ ဦးတည်ချက်တွေကို ရောက်ဖို့ ကျနေ်ာတို့ လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ် ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI

လီဗာပူးကစားသမားဘဝ ပထမဆံုးေသာ ၄၅ မိနစ္ ကစားခြင့္ရခဲ့တဲ့ ကိုစတက္က သူ႔ရဲ႕ ပြဲဦးထြက္ကို အေတာ္ေလး အားရေက်နပ္ေနပါတယ္။

ကိုစတက္က “ အရမ္းေကာင္းတယ္လို႔ ခံစားရတယ္။ အခုေတာ့ က်ေနာ္ ပိုျပီး ၾကိဳးစားလိုေနပါျပီ။ လိဂ္ပြဲေတြ ပိုျပီး ကစားလိုေနပါတယ္။ အရာအားလံုးအတြက္လည္း အဆင္သင့္ ျဖစ္လိုပါတယ္။ ခ်စ္ၾကည္ေရးပြဲက ခက္ခဲပါတယ္။ အေရးၾကီးဆံုးက ၾကံ႕ခိုင္ေနဖို႔လိုတယ္။ က်ေနာ္ ေကာင္းေကာင္းေျပးႏုိင္ဖို႔ ၾကိဳးစားခဲ့တယ္။ ရလဒ္က အေရးၾကီးဆံုးပါပဲ။ ခ်စ္ၾကည္ေရးပြဲဆိုတာေတာင္မွ ျပိဳင္ဆိုင္မႈ ရွိတဲ့ ပြဲေတြ ျဖစ္ပါတယ္။

အရမ္းေကာင္းတဲ့ စြမ္းေဆာင္ရည္ပါပဲ။ ေလ့က်င့္ေရးမွာ ေန႔တိုင္း လုပ္ေနသလိုပဲ က်ေန္ာတို႔ လုပ္ႏုိင္ခဲ့ပါတယ္။ မန္ေနဂ်ာလိုခ်င္တဲ့အတိုင္း ကြင္းထဲမွာ လုပ္ျပႏုိင္ခဲ့တယ္။ က်ေန္ာတို႔ အႏုိင္ရခဲ့တယ္။ ဒီပံုစံကို ဆက္ထိန္းထားမွာပါ။ ၂၉ ရက္ေန႔က်ရင္ ကြန္ျမဴနတီဒိုင္း ဗိုလ္လုပြဲအတြက္ အဆင္သင့္ ျဖစ္ေနလိုပါတယ္ ” လို႔ ေပ်ာ္ရႊင္ စိတ္လႈပ္ရွားစြာ ေျပာဆိုပါတယ္။

ၾသစၾတီးယား ရာသီၾကိဳအျဖစ္ ဒုတိယေျမာက္ ခ်စ္ၾကည္ေရးပြဲ ကစားဖို႔ ရွိေနေသးျပီး ဆဲလ္ဘတ္လို အသင္းေကာင္းနဲ႔ ကစားရမွာပါ။ ဒီပြဲမွာ အသင္းသားေတြထံက ပိုေကာင္းတဲ့ ကစားအားေတြ ျမင္ေတြ႔လာရမယ္လို႔ ယံုၾကည္ထားရတယ္။ ကိုစတက္လို ကစားသမားသစ္ကလည္း ပိုမို အထိုင္က်လာဖို႔ ရွိေနပါတယ္။

ဂရိသားေလးက “ ေလ့က်င့္ေရးေတြက တကယ္ကို ခက္ခဲပါတယ္။ ဒါေပမယ့္ အဆင္သင့္ျဖစ္ေနဖို႔ က်ေနာ္ ၾကိဳးစား ေလ့က်င့္ေနပါတယ္။ အသင္းေဖာ္တိုင္းက က်ေနာ္ကို အေတာ္ေလး ဂရုတစိုက္ ၾကိဳဆိုၾကပါတယ္။ သူတို႔ရဲ႕ ကူညီမႈက ကြင္းထဲမွာ အေကာင္းဆံုး ၾကိဳးစားႏုိင္ဖို႔ အကူအညီျဖစ္ခဲ့တယ္။

အားလံုး အတူတကြ ၾကိဳးစားေနတာေၾကာင့္ အေကာင္းဆံုးေတြကို ေမွ်ာ္လင့္ေနပါတယ္။ ရာသီသစ္ကို စတင္လိုေနပါျပီ။ လာမယ့္ ရာသီကို မေစာင့္ႏုိင္ေအာင္ပါပဲ။ အသင္းရဲ႕ ဦးတည္ခ်က္ေတြကို ေရာက္ဖို႔ က်ေန္ာတို႔ လုပ္ႏုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ေျပာဆိုသြားပါတယ္။