ဘာစီလိုနာအသင်းရဲ့ ဥက္ကဌလောင်း ဖာရီကတော့ သူဥက္ကဌဖြစ်လာခဲ့ရင် အသင်းကို ပြောင်းလဲမှုတွေ လုပ်ဆောင်မှာဖြစ်ပြီး မန်နေဂျာအဖြစ် ယာဂင်ကလော့ပ်ကို ခေါ်ယူပေးမယ်လို့ မက်လုံးပေးလာပါတယ်။

လက်ရှိ ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူ လက်ထက်မှာ ဘာစီလိုနာရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလွန်းလှသလို မက်ဆီရဲ့ အကောင်းဆုံး အချိန်တွေကို ဖြုန်းတီးခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေ များနေတယ်။ ၂၀၂၁ ခုနှစ်မှာတော့ ဥက္ကဌရွေးချယ်ပွဲ ရှိနေပြီး ဖာရီကလည်း ဝင်ရောက် အရွေးခံမှာဖြစ်တယ်။

ဖာရီကတော့ သူ့ပေးမယ့် မက်လုံးက ဘာစီလိုနာကို ပြန်လည် ထွန်းတောက်လာအောင် လုပ်ဆောင်ပေးဖို့ဖြစ်ကာ အဲ့အတွက်လည်း မန်နေဂျာကလော့ပ်လို ထိပ်တန်း မန်နေဂျာကို အရခေါ်ယူပေးမယ်လို့ ဖြစ်ပါတယ်။

ဖာရီက ပြောရမှာ ‘ အကယ်လို့ ကိုးမန်းက ကောင်းကောင်းလုပ်နေရင်တော့ သူ့ကို ဆက်ထားမှာပါ။ ကျနေ်ာတို့မှာလည်း ရှေ့ဆက်လုပ်မယ့် လမ်းပြမြေပုံတွေ ရှိထားပါတယ်။ ယာဂင်ကလေ့ာပ်နဲ့လည်း စကားပြောမှုတွေ လုပ်ထားပါတယ်။ ဘာလို့လည်းဆိုတော့ ဘာစီလိုနာ အလိုရှိတဲ့ မန်နေဂျာက ယာဂင်ကလော့ပ်လို လူမျိုး ဖြစ်ပါတယ် ‘ လို့ ဝန်ခံခဲ့တာဖြစ်တယ်။

ဘာစီလိုနာဟာ စီမံခန့်ခွဲမှုပိုင်း လွဲမှားမှုတွေကို ပြန်လည် ပြုပြင်ဖို့ နည်းစနစ်ဒါရိုက်တာ အဘီဒယ်ကိုလည်း ခန့်အပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လို့ အဘီဒယ်ကိုယ်တိုင်လည်း မအောင်မြင်ဖြစ်ခဲ့ကာ ထုတ်ပယ်ခံခဲ့ရတယ်။ သူတို့ရဲ့ နောက်ထပ် ပစ်မှတ်တွေထဲမှာတော့ မန်နေဂျာပိုင်း ပြောင်းလဲဖို့လည်း ပါဝင်နေပြီး ဖာရီကတော့ ကိုးမန်း မအောင်မြင်ရင် ယာဂင်ကလော့ပ်ကို အရခေါ်ပေးမယ်ဆိုပြီး ဘာစီလိုနာ ပရိသတ်တွေကို သူ့ဘက်ပါဖို့ စည်းရုံးနေတာ ဖြစ်ပါတယ်။

ZAWGYI

ဘာစီလိုနာအသင္းရဲ႕ ဥကၠဌေလာင္း ဖာရီကေတာ့ သူဥကၠဌျဖစ္လာခဲ့ရင္ အသင္းကို ေျပာင္းလဲမႈေတြ လုပ္ေဆာင္မွာျဖစ္ျပီး မန္ေနဂ်ာအျဖစ္ ယာဂင္ကေလာ့ပ္ကို ေခၚယူေပးမယ္လို႔ မက္လံုးေပးလာပါတယ္။

လက္ရွိ ဘာစီလိုနာ ဥကၠဌ ဘာတိုျမဴ လက္ထက္မွာ ဘာစီလိုနာရဲ႕ စီမံခန္႔ခြဲမႈ ညံ့ဖ်င္းလြန္းလွသလို မက္ဆီရဲ႕ အေကာင္းဆံုး အခ်ိန္ေတြကို ျဖဳန္းတီးခဲ့တယ္ဆိုတဲ့ ေဝဖန္မႈေတြ မ်ားေနတယ္။ ၂၀၂၁ ခုႏွစ္မွာေတာ့ ဥကၠဌေရြးခ်ယ္ပြဲ ရွိေနျပီး ဖာရီကလည္း ဝင္ေရာက္ အေရြးခံမွာျဖစ္တယ္။

ဖာရီကေတာ့ သူ႔ေပးမယ့္ မက္လံုးက ဘာစီလိုနာကို ျပန္လည္ ထြန္းေတာက္လာေအာင္ လုပ္ေဆာင္ေပးဖို႔ျဖစ္ကာ အဲ့အတြက္လည္း မန္ေနဂ်ာကေလာ့ပ္လို ထိပ္တန္း မန္ေနဂ်ာကို အရေခၚယူေပးမယ္လို႔ ျဖစ္ပါတယ္။

ဖာရီက ေျပာရမွာ ‘ အကယ္လို႔ ကိုးမန္းက ေကာင္းေကာင္းလုပ္ေနရင္ေတာ့ သူ႔ကို ဆက္ထားမွာပါ။ က်ေန္ာတို႔မွာလည္း ေရွ႔ဆက္လုပ္မယ့္ လမ္းျပေျမပံုေတြ ရွိထားပါတယ္။ ယာဂင္ကေလ့ာပ္နဲ႔လည္း စကားေျပာမႈေတြ လုပ္ထားပါတယ္။ ဘာလို႔လည္းဆိုေတာ့ ဘာစီလိုနာ အလိုရွိတဲ့ မန္ေနဂ်ာက ယာဂင္ကေလာ့ပ္လို လူမ်ိဳး ျဖစ္ပါတယ္ ‘ လို႔ ဝန္ခံခဲ့တာျဖစ္တယ္။

ဘာစီလိုနာဟာ စီမံခန္႔ခြဲမႈပိုင္း လြဲမွားမႈေတြကို ျပန္လည္ ျပဳျပင္ဖို႔ နည္းစနစ္ဒါရိုက္တာ အဘီဒယ္ကိုလည္း ခန္႔အပ္ခဲ့ပါေသးတယ္။ ဒါေပမယ့္လို႔ အဘီဒယ္ကိုယ္တုိင္လည္း မေအာင္ျမင္ျဖစ္ခဲ့ကာ ထုတ္ပယ္ခံခဲ့ရတယ္။ သူတို႔ရဲ႕ ေနာက္ထပ္ ပစ္မွတ္ေတြထဲမွာေတာ့ မန္ေနဂ်ာပိုင္း ေျပာင္းလဲဖို႔လည္း ပါဝင္ေနျပီး ဖာရီကေတာ့ ကိုးမန္း မေအာင္ျမင္ရင္ ယာဂင္ကေလာ့ပ္ကို အရေခၚေပးမယ္ဆိုျပီး ဘာစီလိုနာ ပရိသတ္ေတြကို သူ႔ဘက္ပါဖို႔ စည္းရံုးေနတာ ျဖစ္ပါတယ္။