စနေနေ့က ယှဉ်ပြိုင်ကစားတဲ့ လီဗာပူးနဲ့ စတုဂတ်ပွဲမှာတော့ ဖာမင်နို၊ ကီတာ၊ ဘရူးစတားတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ လီဗာပူးက ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့တယ်။

အဆိုပါပွဲ မိနစ် ၃၀ လောက်မှာတော့ စတုဂတ် တောင်ပံသမား Erik Thommy ဟာ လီဗာပူးခံစစ်မှူး ဂိုးမက်စ်နဲ့ မတော်တဆ ထိတွေ့မှု ဖြစ်ခဲ့ပြီး အဆိုပါဖြစ်ရပ်ကြောင့် တံတောင်ဆစ် ကျိုးသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဂိုးမက်စ်ကြောင့် ဖြစ်ခဲ့ရခြင်း မဟုတ်ဘဲ အရှိန်နဲ့ ကြေညာဘုတ်ပြားကို လက်မောင်းနဲ့ တိုက်မိရာကာ အဆိုပါ ဒဏ်ရာ ရသွားခဲ့တာပါ။

သြစတြီးယားမှာ အဆိုပါရက်အတွင်း မိုးရွာနေခဲ့ပြီး ကွင်းက ရေဝပ်နေခဲ့တာပါ။ အရှိန်နဲ့ ပြေးဝင်လာတဲ့ Erik Thommy ကို ဂိုးမက်စ်က ဘော်ဒီခုပြီး ဘောလုံးထိန်းခဲ့စဉ်မှာ စတုဂတ် ကစားသမားက မိုးရေတွေနဲ့ ချောနေတဲ့ မြက်ခင်းမှာ တရွတ်တိုက် ချော်ထွက်သွားခဲ့ပြီး ကွင်းဘေးက ကြေညာဘုတ်ပြားကို လက်နဲ့ ဝင်ဆောင့်မိခဲ့ခြင်း ဖြစ်ပါတယ်။

ဂျာမနီကလပ်က တနင်္ဂနွေနေ့ ဆေးစစ်ချက်ကို ထုတ်ပြန်ပေးရာမှာ ကစားသမားရဲ့ ဘယ်ဘက် တံတောင်ဆစ်က ကျိုးသွားခဲ့ခြင်းဖြစ်ကာ ခွဲစိတ်ခန်း ဝင်ရမှာဖြစ်တယ်။ အဆိုပါ ဒဏ်ရာကြောင့် သီတင်းပတ် အတန်ကြာ အနားယူရမယ်လို့ သိရပါတယ်။

လီဗာပူးဟာ ဒီကနေ့ညမှာတော့ ဆဲလ်ဘတ်အိမ်ကွင်းမှာ ချစ်ကြည်ရေး သွားကစားရမှာဖြစ်ကာ ဒီပွဲမှာတော့ အဓိက ကစားသမားတွေကို ထုတ်သုံးပြီး ပွဲချိန်ပိုပေးမယ်လို့ မန်နေဂျာကလော့ပ်က ထုတ်ပြောထားတယ်။ အာဆင်နယ်နဲ့ပွဲပြီးရင် လေ့ကျင့်ရက် သိပ်မရတော့တာကြောင့် အဆင်သင့်ဖြစ်နေဖို့ အခုလို စီစဉ်ရခြင်းလို့လည်း မန်နေဂျာက ဆဲလ်ဘတ်ပွဲကြို ပြောဆိုထားပါတယ်။

ZAWGYI

စေနေန႔က ယွဥ္ျပိဳင္ကစားတဲ့ လီဗာပူးနဲ႔ စတုဂတ္ပြဲမွာေတာ့ ဖာမင္ႏို၊ ကီတာ၊ ဘရူးစတားတို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ လီဗာပူးက ၃-၀ နဲ႔ ဂိုးျပတ္ အႏုိင္ရခဲ့တယ္။

အဆိုပါပြဲ မိနစ္ ၃၀ ေလာက္မွာေတာ့ စတုဂတ္ ေတာင္ပံသမား Erik Thommy ဟာ လီဗာပူးခံစစ္မွဴး ဂိုးမက္စ္နဲ႔ မေတာ္တဆ ထိေတြ႔မႈ ျဖစ္ခဲ့ျပီး အဆိုပါျဖစ္ရပ္ေၾကာင့္ တံေတာင္ဆစ္ က်ိဳးသြားခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ဂိုးမက္စ္ေၾကာင့္ ျဖစ္ခဲ့ရျခင္း မဟုတ္ဘဲ အရွိန္နဲ႔ ေၾကညာဘုတ္ျပားကို လက္ေမာင္းနဲ႔ တိုက္မိရာကာ အဆိုပါ ဒဏ္ရာ ရသြားခဲ့တာပါ။

ၾသစၾတီးယားမွာ အဆိုပါရက္အတြင္း မိုးရြာေနခဲ့ျပီး ကြင္းက ေရဝပ္ေနခဲ့တာပါ။ အရွိန္နဲ႔ ေျပးဝင္လာတဲ့ Erik Thommy ကို ဂိုးမက္စ္က ေဘာ္ဒီခုျပီး ေဘာလံုးထိန္းခဲ့စဥ္မွာ စတုဂတ္ ကစားသမားက မိုးေရေတြနဲ႔ ေခ်ာေနတဲ့ ျမက္ခင္းမွာ တရြတ္တိုက္ ေခ်ာ္ထြက္သြားခဲ့ျပီး ကြင္းေဘးက ေၾကညာဘုတ္ျပားကို လက္နဲ႔ ဝင္ေဆာင့္မိခဲ့ျခင္း ျဖစ္ပါတယ္။

ဂ်ာမနီကလပ္က တနဂၤေႏြေန႔ ေဆးစစ္ခ်က္ကို ထုတ္ျပန္ေပးရာမွာ ကစားသမားရဲ႕ ဘယ္ဘက္ တံေတာင္ဆစ္က က်ိဳးသြားခဲ့ျခင္းျဖစ္ကာ ခြဲစိတ္ခန္း ဝင္ရမွာျဖစ္တယ္။ အဆိုပါ ဒဏ္ရာေၾကာင့္ သီတင္းပတ္ အတန္ၾကာ အနားယူရမယ္လို႔ သိရပါတယ္။

လီဗာပူးဟာ ဒီကေန႔ညမွာေတာ့ ဆဲလ္ဘတ္အိမ္ကြင္းမွာ ခ်စ္ၾကည္ေရး သြားကစားရမွာျဖစ္ကာ ဒီပြဲမွာေတာ့ အဓိက ကစားသမားေတြကို ထုတ္သံုးျပီး ပြဲခ်ိန္ပိုေပးမယ္လို႔ မန္ေနဂ်ာကေလာ့ပ္က ထုတ္ေျပာထားတယ္။ အာဆင္နယ္နဲ႔ပြဲျပီးရင္ ေလ့က်င့္ရက္ သိပ္မရေတာ့တာေၾကာင့္ အဆင္သင့္ျဖစ္ေနဖို႔ အခုလို စီစဥ္ရျခင္းလို႔လည္း မန္ေနဂ်ာက ဆဲလ္ဘတ္ပြဲၾကိဳ ေျပာဆိုထားပါတယ္။